ဒီတစ်ပတ်တော့ ခြံကျယ်ကျယ် တိုက်ကျယ်ကျယ်နဲ့ မိမိရဲ့မိသားစု နေထိုင်ရုံသာမက မိတ်ဆွေ
အပေါင်းအသင်းတွေကိုပါခေါ်ပြီး အနားယူအပန်းဖြေနိုင်မယ့် ပြင်ဦးလွင်ကတိုက်အိမ်လေးနဲ့ မိတ်
ဆက်ပေးချင်ပါတယ်။
ပထမဆုံး ဒီတိုက်အိမ်လေးရဲ့ထူးခြားချက်ကတော့ တစ်ခြံတည်းမှာတင် ပင်မတိုက်အိမ်အပြင်
နောက်ထပ်အပိုအိမ် နှစ်လုံးပါ၀င်နေတာပါပဲ။
ပြင်ဦးလွင်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ရပ်ကွက်ကြီး ရ (ကက-၆) မြို့ပတ်လမ်းနဲ့ အမျိုးသား
ကန်တော်ကြီး ဥယျာဉ်ကိုသွားတဲ့လမ်းပေါ်မှာ တည်ရှိတဲ့အတွက် သန့်ရှင်းတဲ့လေကောင်း လေသန့်
ကို ရရှိနိုင်မှာဖြစ်ပြီးတော့ ပြင်ဦးလွင်မြို့ရဲ့ လှပတဲ့မြို့အလှအပကို လည်း ခံစားနိုင်မှာဖြစ်ပါတယ်။
ခြံအကျယ်အဝန်းအနေနဲ့ကတော့ ပေ ၆၅ x ၁၉၅ ပေ (စတုရန်း ၁၂,၆၇၅ ပေ) ရှိပြီးတော့ တိုက်အိမ်
လေးအကျယ်အဝန်းက စတုရန်းပေ၂,၀၀၀ ရှိပါတယ်။
အိမ်ထဲကိုစဝင်လိုက်ရင်ပဲ ကျယ်ဝန်း ခမ်းနားလှတဲ့ဧည့်ခန်းကို စတင်တွေ့မြင်ရမှာဖြစ်ပြီးတော့ အိပ်
ခန်းအနေနဲ့လည်း ၁၅ ပေx ပေ ၂၀ ရှိပြီး ရေချိုးခန်းနဲ့ အိမ်သာ ပါ၀င်တဲ့အိပ်ခန်းတစ်ခန်း၊ ပေ ၂၀ x
၁၅ ပေအကျယ်ရှိပြီး ရေချိုးကန်နဲ့ ဗိုလ်ထိုင်ပါ၀င်တဲ့အိပ်ခန်းတစ်ခန်း၊ ၁၅ ပေပတ် လည်ရှိတဲ့အိပ်ခန်း
နဲ့ ပေ ၂၀ ပတ်လည်ရှိတဲ့ အိပ်ခန်းဆိုပြီး ဒီတိုက်အိမ်လေးထဲမှာ လေးခန်းဖွဲ့စည်းထားပါတယ်။
အိမ်ထဲကို ဆက်ဝင်သွားလိုက်ရင် နိုင်ငံခြားစတိုင် ပြင်ဆင်ဖွဲ့စည်းထားတဲ့ ပေ ၃၀ ပတ်လည်ရှိတဲ့
ထမင်းစားခန်းကို တွေ့ရမှာဖြစ်ပါတယ်။
ဒီပင်မတိုက်အိမ်လေးရဲ့အနောက်ဘက်မှာ နှစ်ထပ်တိုက်အိမ်လေးနဲ့ ဘန်ဂလိုပုံစံ တည်ဆောက်
ထားတဲ့တိုက် အိမ်လေးရှိနေပြန်ပါသေးတယ်။
နှစ်ထပ်ဆောက်လုပ်ထားတဲ့ တိုက်အိမ်လေးကတော့ အောက်ထပ်မှာ ကားသုံးစီးထားလို့ရတဲ့
ကားဂိုဒေါင် ပြုလုပ်ထားတာကြောင့် ကားရှိတဲ့ မိသားစုတွေအတွက် အဆင့်သင့်ပါပဲ။
အပေါ်ထပ်မှာလည်း အသင့်နေထိုင်လို့ ရအောင် ဖွဲ့စည်းတည်ဆောက်ထားပါ သေးတယ်။
ပေ ၂၀ ပတ်လည်ရှိတဲ့ ဘန်ဂလိုပုံစံ တိုက်အိမ်လေးကတော့ မိသားစုတွေ အပန်းဖြေနိုင်ဖို့ ကာရာ
အိုကေခန်းပဲ လုပ်မလား၊ စာကြည့်ခန်လေးပဲလုပ်မလား အဆင်ပြေနိုင်စေမှာ သေချာပါတယ်။
ဒီတိုက်အိမ်ရဲ့ ခြံအကျယ်အဝန်းက ကျယ်ဝန်းလှတာကြောင့် မိသားစု လွတ်လပ်စွာ အနားယူနိုင်မှာ
ဖြစ်ပြီး တော့ ကလေးတွေအတွက်လည်း ကျယ် ကျယ်ဝန်းဝန်း ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
ခြံထဲမှာပဲ ကိုယ့်စိတ်ကြိုက်အပင်စိုက်လို့ရအောင် ဘောင်လေးတွေနဲ့ အပင်စိုက်ဖို့ သီးသန့်ပြုလုပ်
ပေးထားတာကြောင့် စိုက်ပျိုးရေးဝါသနာပါသူတွေ အတွက်ကတော့ စိတ်ကြိုက်ဖြစ်သွားတာပေါ့။
အိမ်ရဲ့လုံခြံုရေးအတွက်လည်း ခိုင်ခ့ံတဲ့သံဆူးကြိုးတွေ၊ အုတ်တံတိုင်းနဲ့ ကာရံထားတာကြောင့်
စိတ်ချလက်ချ နေထိုင်လို့ရပါသေးတယ်။
ရေအတွက် အခက်အခဲမဖြစ်ရ အောင် ရေစင်သီးသန့် ထားပေးပြီးတော့၊ အဝီစိတွင်းပါ၀င်ပါတဲ့
ဒီတိုက်ကို စိတ်ဝင်စားတယ်ဆိုရင် အောက်ပါလိပ်စာအတိုင်း စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန် - ဒေါ်ခင်သန်း၊ ကောင်းဟိန်းဆက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်၊
ဘူတာလမ်း၊ လေငွန်စားပွဲရုံအနီး
ဈေးနှုန်း - ညှိနှိုင်း
ဖုန်း - ၀၉ - ၄၇၁၁၄၂၀၇၊ ၀၉-၄၇၁ ၄၁၉၀၇
















