နိုင်ငံခြားသားဧည့်သည်များကြောင့် အင်းဝရှိ မြင်းလှည်း သမားများ ၀င်ငွေ တိုးတက်ကောင်းမွန်လာ

နိုင်ငံခြားသားဧည့်သည်များကြောင့် အင်းဝရှိ မြင်းလှည်း သမားများ ၀င်ငွေ တိုးတက်ကောင်းမွန်လာ

နိုင်ငံခြားခရီးသွားဧည့်သည်များ အင်းဝမြို့ဟောင်းသို့ လာရောက်လည်ပတ်မှု များပြားလာခြင်း
ကြောင့် မြင်းလှည်းမောင်းသူများ အလုပ်အကိုင် ပိုမိုကောင်းမွန်လာကာ ၀င်ငွေများတိုး လာကြ
ကြောင်း အင်းဝမြို့ရှိ မြင်းလှည်းသမားများက ပြောသည်။

"ဒီနှစ်နိုင်ငံခြားဧည့်သည် အင်းဝကို လာရောက်မှုက အရင်နှစ်တွေထက် စာရင် များလာတယ်ဆို
တော့ မြင်းလှည်း မောင်းတဲ့သူတွေအတွက် အလုပ်ဖြစ်တာပေါ့။

"အရင်တုန်းကဆိုရင် မြင်းလှည်း မောင်းတဲ့သူတွေက တစ်နေ့ကို တစ်ခေါက်ပို့ရဖို့တောင် သိပ်မ
လွယ်ဘူး။ ခုဆို ရင်တစ်နေ့ကို အနည်းဆုံးတစ်ခေါက်၊ နှစ်ခေါက်လောက်တော့ ခရီးသည် လိုက်ပို့ရ
တယ်"ဟု မြင်းလှည်းမောင်းသမား ကိုအောင်လွင်က ပြောသည်။

မြင်းလှည်းစီးခနှုန်းထားများကို နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ကျပ် ၃,၀၀၀ သတ်မှတ်ထားပြီး မြင်း
လှည်းတစ်စီးလျှင် အနည်းဆုံးခရီးသည်နှစ်ဦး၊ သုံးဦးခန့်သာ တင်ဆောင်ခွင့်ရှိကြောင်း ၎င်းက
ဆက်လက်ပြောပြသည်။

"ခရီးသည်နှစ်ဦး၊ သုံးဦးလောက်ပဲ တင်ရတာကတော့ ခရီးသည်တွေရဲ့ လုံခြံု ရေးအတွက်ပါ။
တကယ်လို့ခရီးသည်များများတင်ရင်လည်း လမ်းတွေကမကောင်းတော့ လမ်းမှာ မြင်းလှည်းမှောက်
တာတွေ ဘာတွေရှိနိုင်တယ်လေ။ အဓိကကတော့ ဗားကရာကျောင်းသွားတဲ့ လမ်းပဲ။ အဲဒီလမ်းက
ကျဉ်းလည်းကျဉ်း လမ်းလည်းကြမ်းတော့ မြင်းလှည်း မှောက်တာတွေဘာတွေလည်းရှိတယ်" ဟု
မြင်းလှည်းမောင်းသမားတစ်ဦးက ပြောသည်။

နိုင်ငံခြားခရီးသွားဧည့်သည်များမှာ အင်းဝမြို့ဟောင်းသို့ ရေကြောင်းခရီး ဖြင့် အများဆုံးလာရောက်
လည်ပတ်ကြကာ အင်းဝမြို့ရှိ ထင်ရှားသောနေရာများဖြစ်သော မယ်နုအုတ်ကျောင်း၊ ဗားကရာ
ကျောင်း၊ မျှော်စင်နှင့် ရတနာဆီမီးဘုရားသို့ သွားရောက်လေ့လာ လည်ပတ်ကြပြီး အင်းဝမြို့တွင်
လက်ရှိ မြင်းလှည်းအစီးရေပေါင်း ၂၀၀ ကျော် ဖြင့်ပြေးဆွဲနေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး