ဓာတ်ဆီ ဘောက်ဆာ ကားချင်း ဆီထည့်ရာမှ မီးလောင်မှု ဖြစ်ပွား

ဓာတ်ဆီ ဘောက်ဆာ ကားချင်း ဆီထည့်ရာမှ မီးလောင်မှု ဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမမာလာတောင်ရပ်ကွက် ရ၈ လမ်း၊ လမ်း ၄၀နှင့် ၄၁ လမ်း
ကြားရှိ Green Luck စက်သုံးဆီအရောင်းဆိုင်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီ အချိန်
ခန့်က ဓာတ်ဆီဘောက်ဆာကားချင်း ဆီထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

"ဂါလန် ၂,၈၀၀ ဆ့ံ ၉ခ/၇၂၈၀ ဓာတ်ဆီဘောက်ဆာကားထဲကနေ ဂါလန် ရ,၂၀၀ ဆံ့ ၆ဂ/၇၈၄၄
Foton ဓာတ်ဆီဘောက်ဆာကားထဲကို ဆီထည့်ရင်း တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ပြီး မီးလောင်ခဲ့ပါ
တယ်။ အဲဒီမီးလောင်မှုကို မီးသတ်ကား ၃၈ စီး၊ သန္ဓေ ၃၅ ဦး၊ အရန် ၁၅၀ ဦးနဲ့ သွားရောက်ငြိမ်း
သတ်ခဲ့ပါတယ်။ မီးငြိမ်းသတ်ရာမှာ ဗဟိုမီးသတ် စခန်းက ဆီမီးသတ်ကားကနေပြီး ဆီမီး သတ်
ဆေးရည် ငါးဂါလန်ကို အသုံးပြုပြီး ငြိမ်းသတ်ခဲ့ပါတယ်။ ညနေ ၅ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားပါ
တယ်"ဟု မန္တလေး တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမီးလောင်မှုကြောင့် ၆ဂ/ ရ၈၄၄ Foton ဓာတ်ဆီဘောက်ဆာကားတာယာ ၁၂ လုံး (တန်ဖိုး
ကျပ် ၈၄၀,၀၀၀)၊ ဓာတ်ဆီ ၁၀ ဂါလန် (ကျပ် ၄၀,၀၀၀)၊ ကားမီးခွက်နှစ်ခု (ကျပ် ၁၆,၀၀၀)၊ လည်
ချောင်းပိုက် ၁၅ ပေ (ကျပ် ရ,၀၀၀)၊ စုစုပေါင်း ကျပ် ၉၀၃,၀၀၀ခန့်တန်ဖိုးရှိ ပစ္စည်းများ မီးလောင်ဆုံး
ရှုံးခဲ့ကြောင်းနှင့် လူသုံးဦးမှာ မီးလောင်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

Green Luck စက်သုံးဆီအရောင်း ဆိုင်တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုကို မဟာအောင်မြေမြို့နယ်
အမှတ် ၉ ရဲ စခန်းက တရားလိုပြုလုပ်၍ လူသုံးဦး အား ပ-၆၆/၂၈၅/၂၀၁၃ ဖြင့် အရေးယူလျက်ရှိ
ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး