မန္တလေးမြို့ မဟာအောင်မြေကျောက် ၀ိုင်းအတွင်းရှိ ကျောက်ကုန်သည်များက တရုတ်နှစ်သစ်ကူး
ချိန် နီးကပ်လာခြင်း နှင့် ကျောက်အရိုင်းတုံးများ ရှားပါးလာ ခြင်းကြောင့် ကျောက်အရောင်းအဝယ်
အေးလျက်ရှိကြောင်း ပြောသည်။
တရုတ်နှစ်သစ်ကူးချိန် နီးကပ်လာ သောကြောင့် မန္တလေးမြို့ရှိကုန်သည်များ၏ အဓိကဝယ်လက်
ဖြစ်သောတရုတ်ကုန်သည်များက ကျောက်အရောင်းအဝယ် ရပ်ဆိုင်းလိုက်ကြသဖြင့် ကျောက်ဝိုင်း
အတွင်း ဈေးကွက်အေးသွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဝယ်ရောင်းသမား ကိုစိုးလေးက ပြောသည်။
"တရုတ်နှစ်သစ်ကူးချိန်ရောက်တော့မှာဆိုတော့ ဒီရာသီပုံမှန်အရောင်း အဝယ်အေးပါတယ်။ အခု
လက်ရှိ ကျောက်ဝိုင်းထဲမှာရှိတဲ့ လက်ကျန် ကျောက်တွေနဲ့ပဲ လည်ပတ်နေရတယ်။ တစ်နေ့ငွေ
၅,၀၀၀ နဲ့ ၁၀,၀၀၀ လောက် ကတော့ ရှာလို့ရနေပါတယ်။ တကယ် အလုပ်ဖြစ်ရင်တော့ နှစ်သိန်းခွဲ
လောက် တော့ရပါတယ်"ဟု ၎င်းက ပြောသည်။
လက်ရှိ ကျောက်ဈေးကွက်တွင် ကျောက်စိမ်းအဓိကထွက်ရှိရာ ဖားကန့်မြို့၌ နယ်မြေမတည်ငြိမ်မှုက
ကျောက် ဈေးကွက်အတွင်း ဆက်လက်ရိုက်ခတ် နေပြီး ကျောက်အရိုင်းတုံးများ ရှားပါးလျက်ရှိသော
ကြောင့် အဆိုပါအရိုင်းတုံးများကိုခွဲခြမ်း၍ အပွင့်ထုတ်ရောင်းချ ခြင်းနည်းပါးလာကာ ဈေးကွက်
အတွင်း အပွင့်များ ရှားပါးလျက်ရှိကြောင်း ကျောက်ဝယ်ရောင်းသမား ကိုဖိုးထောင် က ပြောသည်။
"အရင်တုံးက ကျောက်အရိုင်းတုံးတွေ ကို အပွင့်ထုတ်ရောင်းကြပေမယ့် နောက်ပိုင်း ဈေးကွက်ပျက်
လာတော့ ကျောက်အပွင့် ထုတ်မရောင်းရဲတော့ဘူး။ ဒါကြောင့် အခုတလောပိုင်းတော့ ကျောက်
အတုံးလိုက်ပဲ ရောင်းချလာကြတယ်။ ဒီလိုရောင်းတော့ ဈေးကွက်မှာ ကျန်တဲ့လက်ကျန်ကျောက်
အပွင့်တွေနဲ့ ပဲ အချင်းချင်းလည်ပတ်နေကြတာပါ" ဟု ၎င်းက ပြောသည်။
ကျောက်စိမ်းဈေးကွက်တွင် လက်ရှိ အရောင်းအဝယ် နည်းပါးနေသော အပွင့်ဈေးကွက်၌ ကျပ် ၁၀
သိန်းအထက်ပိုင်းအပွင့်လိုင်းများ ရောင်းဝယ်မှုရှိနေ ကြောင်း သိရသည်။
















