မန္တလေးမြို့တွင် ြမေခောစ ြညေိေူပေ ၂၀၁၃ ကို ဇန်နဝါရီ ၂၆ ရက်နေ့မှ ၂၇ ရက် အထိ မန္တလေးမြို့
ရွှေဖြူပလာဇာ၌ ကျင်းပပြီးစီးခဲ့ပြီး လူပေါင်း ၂,၃၀၀ ကျော် ပါ၀င်ခဲ့ကာ ကွန်ပျူတာနည်းပညာကဏ္ဍ
တို့သာမက ကဏ္ဍစုံ ဟောပြောခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါပွဲတွင် ရန်ကုန်မြို့မှ လာရောက်ဟောပြောခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
"ရွှေဖြူပလာဇာက နည်းနည်းကျဉ်းတယ်ဆိုပေမယ့် အဆင်ပြေပါတယ်။ ရန်ကုန်မှာတော့ ဒီထက်ပို
များတယ်။ လူပေါင်း ၆,၀၀၀ ကျော်လောက် တက်ကြတယ်" ဟု ရန်ကုန်မြို့မှ လာရောက်ဆင်နွှဲ
သူတစ်ဦးက ဆိုသည်။
ြမေခောစ များပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တွင် တစ်ဦးနှင့်တစ်ဦး ပညာရပ်နယ်ပယ်အသီးသီး၌
အသိပညာပိုင်း၊ အတတ်ပညာပိုင်းတွင် ကွာ ခြားချက်များကို အတူယှဉ်တွဲပူးပေါင်း လုပ်ဆောင်ရွက်
နိုင်သော အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေ ရန်၊ လူသားအကျိုးပြုနည်းပညာရပ်
များကို ထိရောက်စွာဆောင်ရွက်လာနိုင်ရန် နှင့် လွတ်လပ်သောလူမှုအဖွဲ့အစည်းများနှင့် နည်းပညာ
ဆိုင်ရာအဖွဲ့အစည်းများ ဆက်လက်ပေါ်ပေါက်လာစေရန်တို့ ပါ၀င်သည်။















