ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်လည်ပတ်လျက်ရှိသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု
နယ်မြေတွင် ဇန်နဝါရီလဆန်းမှစတင်ခါ လျှပ်စစ်မီး မကြာခဏ ဖြတ်တောက်မှု ကြံုနေရကြောင်း
ထိုဒေသရှိဒေသခံများနှင့် ဟိုတယ်များ က ပြောသည်။
"အရင်နှစ်တွေက ဒီလို ခဏခဏ မီးပျက်တာမျိုး မရှိပါဘူး။ ဘုရားဖူးလာ နေကျသူတွေဆို မီးပျက်
တာ တစ်ခါမှ မတွေ့ဖူးတော့ ပုဂံက ရန်ကုန်-မန္တလေး တွေလို ဖြစ်နေပြီပေါ့လို့ တောင်ဆိုနေကြပြီ။
ခုဆို တစ်နေ့ကို ငါးခါလောက်ကို ပျက်နေတော့တာပဲ။ လျှပ်စစ်ရုံးကို မေးကြည့်တော့ ချောက်လျှပ်
စစ်ရုံးက ဖြတ်တာလို့ ပြောတယ်" ဟု ပုဂံမြို့သစ်ရှိ နန်းအိမ်သူ ဟိုတယ်မန်နေဂျာ ဦးဝင်းကို က
ပြောသည်။
"အရင်တော့ တို့ပုဂံကို ဗီအိုင်ပီနယ် မြေဆိုပြီး မီးထိန်ထိန်ကိုငြီးလို့။ အခု ဘယ်လိုဖြစ်တယ် မသိပါ
ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။
"ကိုယ်တွေက မနက်အစောထပြီး ဘုရားဖူးသွားတယ်။ အဲဒီကတည်းက မီးပျက်နေတာ။ တည်းတာ
ကလည်း အရမ်းအဆင့်မြင့်တဲ့ ဟိုတယ်မဟုတ်လို့ မီးစက်မနိုးတာလား မသိဘူး။ နေ့လယ် ပြန်
ရောက်တာတောင် မီးကမလာသေးဘူး။ တခြားဟိုတယ်တွေ မီးစက်နိုးတဲ့ အသံတွေကလည်း
ကြားနေရတာပဲ" ဟု ဘုရားဖူးတစ်ဦးက ပြောသည်။
ပုဂံ လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ဆက်သွယ်မေးမြန်းရာ "ပုဂံမှာလည်း ဓာတ်ခွဲရုံတော့ရှိပါတယ်။
ချောက်လျှပ်စစ်ရုံးကလည်း ယူရပါတယ်။ ခုက အဲဒီရုံးက ဓာတ်အားတွေမနိုင်လို့ ဒီကိုမပို့ နိုင်တာပါ။
ဒါကြောင့် ပုဂံမှာလည်း အလှည့်ကျ ပေးနေရတာပါ"ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။















