မန်း၌ အစီအစဉ်ပျက်ခဲ့သော်လည်း မြင်းခြံ၌ ဆန္ဒဖော်ထုတ်ခဲ့

မန်း၌ အစီအစဉ်ပျက်ခဲ့သော်လည်း မြင်းခြံ၌ ဆန္ဒဖော်ထုတ်ခဲ့

အင်န်အယ်လ်ဒီ ပါတီအတွင်း တရားမမျှ တမှုများနှင့် ရပ်ကွက်၊ ကျေးရွာညီလာခံ များကျင်းပရာ၌
နည်းလမ်းမကျမှုများ ကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများသိရှိစေရန်
ပါတီဝင် အချို့က မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုး
ကြောင့် ပျက်သွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှ ပါတီဝင်အဖြစ် ဆိုင်းငံ့ထားခြင်းခံရသော မြို့နယ်
ညီလာခံ ကိုယ်စားလှယ်ရှစ်ဦးအား ညီလာခံတွင် ပါ၀င်ခွင့်ပြုရေးနှင့် သန့်ရှင်းမှုမရှိသော၊ မျှတမှုမရှိ
သော မည်သည့်ညီလာခံ ရွေးကောက်ပွဲကိုမှ လက်မခံကြောင်း အချက်များအပါအဝင် အခြား
တောင်းဆိုချက်များကို ယခုလနောက်ဆုံးပတ် တွင် ဆန္ဒဖော်ထုတ်တောင်းဆိုသွားရန် စီစဉ်ခဲ့သော်
လည်း ခွင့်ပြုချက်ရသည့် အချိန်၊ နေရာနှင့် လူဦးရေတို့ကို စိတ်တိုင်းကျမရရှိသည့်အတွက်
အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း ပါတီဝင်များက ပြောသည်။

"ဆန္ဒဖော်ထုတ်ခွင့်က ၂၈ ရက်နေ့ တစ်နေ့တည်းမှာ တစ်နာရီပဲ ပြခွင့်ရမယ်။ ကျွန်တော်တို့ ဆန္ဒ
ဖော်ထုတ်ချင်တဲ့ အင်န်အယ်လ်ဒီတိုင်းရုံးရှေ့ တည့်တည့် မှာ ပြခွင့်မရပါဘူး။ လူဦးရေက မန္တလေး
မြို့ငါးမြို့နယ်က လူ ၁၀၀ ပဲ ပါ၀င်ခွင့်ရမယ်။ အင်န်အယ်လ်ဒီပါတီလို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့
တိုင်းသိပြည်သိ သက်ဆိုင်တဲ့ပါတီအရေးမှာ လူဦးရေ ၁၀၀ ပဲပါခွင့်ရတာက ရွာတစ်ရွာက ခြင်းဝိုင်း
သာသာလောက်ပဲ ဖြစ်သွားမှာမို့ အားလုံးပြန်တိုင်ပင်ပြီး ဆန္ဒမဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

"ဒါဟာ ပါတီတွင်းက ထိပ်ပိုင်းခေါင်း ဆောင်တွေကို ကျေနပ်လွန်းအားကြီး လို့ ရပ်ဆိုင်းတာမဟုတ်
ပါဘူး။ ဆန္ဒ ဖော်ထုတ်ခွင့်ရတဲ့အနေအထားက မြန်မာနိုင်ငံမှာ အင်အားကြီးတဲ့ အင်န်အယ်လ်ဒီပါတီ
နဲ့ မကိုက်ညီလို့ပါ"ဟု ဦးကိုကိုအောင်က ဇန်နဝါရီလ ၂၉ ရက် က ကျင်းပခဲ့သော သတင်းစာရှင်း
လင်းပွဲ တွင် ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ၎င်းတို့သည် ပြည်ကြီးတံခွန်မြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်နှင့်
နွားထိုးကြီးမြို့နယ် တို့မှ ပါတီဝင်အင်အား ၂, ၀၀၀ ခန့်ဖြင့် သုံးရက်လုပ်ဆောင်သွားလိုကြောင်း
ပြောသည်။

"ဆန္ဒမပြတော့ဘူး၊ မကောင်းတဲ့သူ တွေကို ဘုရားရိုက်ပါလိမ့်မယ်"ဟု ပြည်ကြီးတံခွန်မြို့နယ်
တံခွန်တိုင်ရပ်မှ ညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံရပြီးနောက် ပါတီတွင်းပဋိပက္ခများကြောင့်
ပါတီဝင်အဖြစ်မှ ခေတ္တရပ်စဲခြင်းခံထားရသူ ဦးစောဝင်းက ဆက်လက် ပြောသည်။

ဆန္ဒဖော်ထုတ်ခွင့်ရပါက ပါ၀င်မည့် အချက်များတွင် 'အင်န်အယ်လ်ဒီပါတီ ကို ထောက်ခံသည်'၊
'ပါတီတွင်း ဆရာမွေး တပည့်မွေးအလိုမရှိ'၊ 'အမေစု ထဘီနားခိုပြီး ပြည်သူကို လိမ်ညာဖို့ မကြိုးစား
ပါနဲ့' စသောအချက်များလည်း ပါ၀င်သည်။

မန္တလေးမြို့၌ အစီအစဉ်များ ပျက်ခဲ့ သော်လည်း မြင်းခြံမြို့နယ်ရှိ ပါတီဝင် အင်အား ၃၀၀ ခန့်မှ
အဆိုပါ ပါတီမြို့နယ်ရုံးရှေ့တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"ညီလာခံတွေ ကျင်းပရာမှာ တရားမျှတမှုမရှိတာကို တိုင်းညီလာခံကျင်းပ ရေးကော်မရှင်ကလည်း
အတည်ပြုခဲ့ပါတယ်။ ဒီမှာ မြို့နယ်ညီလာခံကလည်း ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပတော့မှာ။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မသန့်ရှင်းတဲ့ ညီလာခံတွေဖြစ်ကြောင်း ကျန်တဲ့သူတွေသိရှိကြစေဖို့
အခုလို အချိန်မီ ဆန္ဒဖော်ထုတ်တာပါ။ အင်န်အယ်လ်ဒီပါတီကို ဆန္ဒပြတာ မဟုတ်ပါဘူး၊ မမျှတတဲ့
တိုင်းအဆင့် ကော်မရှင် ကို ဆန္ဒပြတာပါ"ဟု ပါတီဝင် ဒေါက်တာဝင်းနိုင်က ဇန်နဝါရီလ ၂၃ ရက်က
ပြောသည်။

ယခုကိစ္စတွင် မြင်းခြံမြို့နယ်၌ ကျေးရွာ အုပ်စု ၈၀ ကျော်ရှိပြီး ပါတီဝင်အင်အားများရှိသော်လည်း
အုပ်စု ၆၀ ကျော်သာ ညီလာခံကျင်းပပေးခဲ့ကြောင်း ထနောင်းတိုင်ကျေးရွာမှ ပါတီဝင် ဦးကိုကိုနိုင်
က ဆန္ဒဖော်ထုတ်သည့် ဇန်နဝါရီလ ၂၄ ရက် နေ့တွင် ပြောသည်။

"ဒီမြင်းခြံမြို့နယ်မှာ ညီလာခံမမျှတတာကို လက်မခံတဲ့ပါတီဝင်အင်အား ရ,၀၀၀ လောက်ရှိပါတယ်။
ဆန္ဒပြတဲ့ နေ့မှာတော့ ရွာတွေဘက်က ရောက်မလာနိုင်ကြလို့ လူ ၃၀၀ လောက်ပဲ လိုက် နိုင်တယ်။
မန္တလေးမှာဆန္ဒဖော်ထုတ်ရင် သွားပြီးပူးပေါင်းပေးဖို့ရှိပေမဲ့ အဲဒီမှာ လည်းလူ ၁၀၀ ပဲပြခွင့်ရ မယ်ဆို
လို့ မပူး ပေါင်းဖြစ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီမှာ ညီလာခံကျင်းပရာမှာ မညီမျှတာကို ကျေနပ်မှု
မရှိကြောင်း ထုတ်ဖော်ပြလိုက်ရလို့ တာဝန်ကျေတယ်လို့ ခံစားရပါတယ်"ဟု ပါတီဝင်တစ်ဦး
ကိုဖြိုးဟန်က ဇန်နဝါရီလ ၂၈ ရက်တွင်ပြောသည်။

ထိုသို့ဆန္ဒဖော်ထုတ်ရာ၌ သန့်ရှင်းမှု မရှိသော၊ မျှတမှုမရှိသော မည်သည့် ညီလာခံ ရွေးကောက်ပွဲ
များကိုမှ လက်မခံ ကြောင်းနှင့် အာဏာရှင်စိတ်ဓာတ်ထားလျက် အင်န်အယ်လ်ဒီပါတီတွင်း၌ မနေ
ကြရန်၊ တရားမမျှတသော မန္တလေးတိုင်း ဒေသကြီးနှင့် မြင်းခြံခရိုင်ညီလာခံကျင်းပ ရေးကော်မရှင်
ကို အလိုမရှိကြောင်း ကြွေး ကြော် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး