ILBC ကျောင်းအနီး ရန်ကုန်-မန္တလေး ကားလမ်းမပေါ်တွင် ယာဉ်ကြောရှုပ်ထွေးမှုကို စတင်ရှင်းလင်း
ပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှူး ဒေါ်ခင်မေဋ္ဌေး
က ပြောသည်။
"ILBC ကျောင်းကိုလာကြိုတဲ့ကား တွေက ဖြူနီကြားတားထားတဲ့ မရပ်ရမယ့်နေရာတွေမှာ ရပ်ပြီး
တော့ ကလေး တွေကို အကြိုအပို့လုပ်တယ်။ စက်ဘီး လမ်းတွေမှာလည်း မဝင်ရတဲ့စက်ဘီးလမ်း
ကို ၀င်တယ်။ အဲဒီလိုဝင်တဲ့အတွက် ယာဉ်ကြော ပိတ်ဆို့မှုတွေလည်း အမြဲ ဖြစ်တယ်။ ဒါ့ကြောင့်
ရန်ကုန်-မန္တလေး လမ်းကို ၀င်ခွင့်မပြုတော့ဘူး။ ဆင်ဖြူ ကန်ကွင်းကနေပဲ ကြိုပို့လုပ်ရတော့မယ်"ဟု
ဒေါ်ခင်မေဌေးက ပြောသည်။
ယခုအခါ မန္တလေးမြို့၏အဓိကလမ်း မကြီးများတွင် ရုံးဆင်းရုံးတက်ချိန်များ၌ ယာဉ်ကြောပိတ်ဆို့မှု
များ ဖြစ်ပေါ်နေ တတ်ပြီး ILBC ကျောင်းအနီး ရန်ကုန်- မန္တလေးလမ်းပေါ်တွင် ကျောင်းကြိုယာဉ်များ
ရပ်ထားမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း၊ ထို့ ကြောင့် မန္တလေးမြို့တော်စည်
ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားအောင် ဆောင်ရွက်
လျက်ရှိကြောင်းသိရသည်။
"ILBC ကိစ္စကလည်း ဖြေရှင်းမရဘူး ဖြစ်နေတယ်။ ယာဉ်ထိန်းမှာလည်း ပြဿနာရှိတယ်။ ကျောင်း
ကြိုတဲ့ကားတွေက Free Lane ထဲမှာဝင်ရပ်ထားတဲ့ အတွက် Free Lane က သုံးမရဘူးဖြစ် နေ
တယ်။ မဖမ်းရင်လည်း ရဲက ပြဿနာ။ ကားတွေကလည်း ရပ်စရာမရှိဘူး။ ကျောင်းကားစီစဉ်ပေး
ပေမယ့် မစီးကြဘူး။ အဲဒီတော့ ပြဿနာကိုဖြေရှင်းဖို့ ရန်ကုန်-မန္တလေးကားလမ်းဘေးမှာ သစ်ပင်
တွေစိုက်တဲ့နေရာကို ကားပါကင်ထိုးခိုင်းဖို့ စီစဉ်ခဲ့တယ်။ နောက်တော့ ဆင်ဖြူကန်ကွင်းထဲကိုပဲ ထိုး
ခိုင်းရင်ကားလမ်း ပေါ်မလာတော့ဘူး။ စက်ဘီးလမ်းပေါ်လည်း မလာတော့ဘူး။ ကျောင်းကို
ဘယ်လိုညှိထားလဲဆိုတော့ ကျောင်းအနောက်ဘက် ၀င်ပေါက်ထွက်ပေါက်ကိုပိတ်မယ်။ မြောက်
ဘက်ကနေပဲ အဝင်ခံရမယ်"ဟု လမ်းတံတားဌာနမှူး ဒေါ်ခင်မေဌေးက ပြောသည်။















