အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံထားရသည့် အလုပ်သမားများအား လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံနေ
ရမှု ပပျောက်ရေးလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်၏ လှုမှုရေးအသင်းလုပ်ငန်း အဖွဲ့ခွဲ(စီအက်စ်အာရ်)၊ ကုလသမဂ္ဂ
အိပ်ချ်အိုင်ဗီ ရောဂါတိုက်ဖျက်ရေးအဖွဲ့ နှင့် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး မြန်မာနိုင်ငံစီးပွားရေး
လုပ်ငန်းရှင်များ အသင်းတို့သည် ဇန်နဝါရီ ၂၅ ရက်က မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှု
လက်မှုအသင်းချုပ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အိပ်ချ်အိုင်ဗီပိုး ရှိနေသူများအား လုပ်ငန်းခွင်အတွင်း စီးပွားရေးလုပ်ငန်း ရှင်များက ခွဲခြားဆက်ဆံနေ
မှုများ မရှိ စေရန် သုံးနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဟု စီအက်စ်
အာရ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကုန်သည်စက်မှုအသင်းချုပ်၏ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်ခင်နွယ်
က ကတိကဝတ်ပြုခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အိပ်ချ်အိုင်ဗီ အမျိုးသားမဟာဗျူဟာ ၂၀၁၁-၁၅ စီမံကိန်းအရ ရောဂါ
တိုက်ဖျက်ရေး နှင့် ရောဂါပိုးရှိသူများကို လုပ်ငန်းခွင် အတွင်း ခွဲခြားဆက်ဆံမှုမခံရစေရေးအတွက်
အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် စီအက်စ်အာရ်အဖွဲ့ကို ၂၀၁၂
ခုနှစ်၊ မေလတွင် အသင်းဝင် ကုမ္ပဏီပေါင်း ရ၂ ခုဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
"ဒီလုပ်ငန်းရဲ့ အစီအစဉ်ကတော့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေက ရောဂါတိုက်ဖျက်ရေး
အတွက် အဓိကအဖြစ် ပါ၀င်လာဖို့ ဖြစ်ပါတယ်" ဟု ဒေါ်ခင်ခင်နွယ်က ပြောသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန် နည်းပညာ ထောက်ပ့ံမှုပေးရေးအတွက် ကုလသမဂ္ဂအဖွဲ့က
သဘောတူညီခဲ့ပြီး အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး မြန်မာ နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအသင်း
က ပညာပေးလုပ်ငန်းများ အဓိက ဦးဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
အဆိုပါသဘောတူညီမှုအရ လုပ်ငန်းခွင်အတွင်း ရောဂါပိုးရှိသူများကို ခွဲခြားဆက်ဆံမှု ကင်းစင်ရေး၊
အလုပ်ရှင်များက ပိုးရှိသူ အလုပ်သမားများကို တန်းတူ အလုပ် နေရာဖန်တီးပေးခြင်း၊ အိပ်ချ်အိုင်ဗီ
နှင့် ပတ်သက်၍ အသိပညာပြန့်ပွားရေး၊ ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ရေး၊ ရောဂါပိုးရှိသည်
ဟု သံသယရှိပါက စမ်းသပ်ပေးရေး၊ နှစ်သိမ့် ဆွေး နွေးပေးရေးလုပ်ငန်းများနှင့် ကုသရေး အတွက်
၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်စသည့်တိုကို လုပ်ငန်းခွင်အတွင်း လိုက်နာကျင့်သုံးရန်
အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။
"ဒီလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စီးပွားလုပ်ငန်းရှင်များ၊ အလုပ်သမား အဖွဲ့အစည်းများ၊ ကျန်းမာ
ရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွတ်သွားဖို့ ရှိပါတယ်" ဟု
ဒေါ်ခင်ခင်နွယ်က ပြောသည်။
အေ့ဒ်စ်ရောဂါ ဖြစ်ပွားသူများသည် ကျန်းမာရေးကိစ္စတစ်ခုတည်းကို ရင်ဆိုင်နေရရုံသာမက ခွဲခြား
ဆက်ဆံ ခြင်းခံရသောကြောင့် အရှက်တကွဲနှင့် ဂုဏ်သိက္ခာကျစေသောအဖြစ်များကိုပါ ဆက်လက်
ခံစားနေရလျက်ရှိသောကြောင့် ယခုအစီအစဉ်ကို လုပ်ဆောင်ရ ခြင်းဖြစ်သည်ဟု ဆိုသည်။
"မြန်မာပြည်မှာ တစ်နှစ်ကို ရောဂါရှိသူ ၁၈,၀၀၀ ခန့်ဟာ သေဆုံးနေပါတယ်။ ဒါဟာ အင်မတန်များ
တဲ့ သေဆုံးမှုပါ။ တကယ်ဆိုရင် သူတို့ဟာ ဒီလိုလွယ်လွယ် နဲ့ မသေသင့်ပါဘူး။ ဒါကြောင့် ရောဂါ
ကြောင့် သေဆုံးတဲ့သူလုံးဝမရှိအောင် လုပ်ဖို့အတွက် လုပ်ငန်းရှင်တွေကို ဒီရောဂါနဲ့ပတ်သက်ပြီး
အသိပညာ မြှင့်တင်ပေးရေးတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်"ဟု ကုလသမဂ္ဂ အိပ်ချ်အိုင်ဗီ
အေ့စ်ဒ်အဖွဲ့ (UNAIDS) ၏ ဌာနေညှိနှိုင်းရေးမှူးဖြစ်သူ Eamonn Murphy မြန်မာတိုင်း(မ်)ကို ပြော
သည်။
ကုန်သည်စက်မှုအသင်းချုပ်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအဖွဲ့ဝင်ပေါင်း ၂၆,၀၀၀ ကျော်ရှိ
သည့်အနက် ရ၂ ခုသာ လျှင် ပူးတွဲပါ၀င်လုပ်ဆောင်သွားရန် သဘောတူထားသည်။















