စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မီးရထားဆီတွဲများ မီးလောင်မှု ဖြစ်ပွားခဲ့သော
မိုင်တိုင် ၅၀၉/၇-၈ ရှိ ချပ်ကြီး ဘူတာရပ်ဝန်း မီးရထားလမ်းပိုင်း ကို လမ်းကြောပြေပြစ်စေရေး
အတွက် လမ်းပိုင်းပြောင်းလဲ ဆောင်ရွက်နေပြီဖြစ် ကြောင်း မြန်မာ့မီးရထား တိုင်း အမှတ်(၂)
လက်ထောက်အင်ဂျင်နီယာ ဦးအောင်အောင်ထွန်း (မြို့ပြ)က ပြောသည်။
ဘူတာရပ်ဝန်းလမ်းပိုင်းပြောင်းလဲရာတွင် ယခုလက်ရှိပြေးဆွဲနေသော လမ်း၏ အနောက်ဘက်
ပေတစ်ရာခန့် ပြောင်း ရွှေ့သွားမည်ဖြစ်ပြီး ပြောင်းရွှေ့ပေ အရှည်မှာ တစ်မိုင်နှုန်းခန့်ရှိကြောင်း
၎င်းက ဆိုသည်။
"ဒီလရက် ၂၀ ကျော်က စပြီး လုပ်နေ တာ၊ ဒီဘဏ္ဍာနှစ်အတွင်း အပြီးလုပ် သွားဖို့ စီစဉ်ဆောင်ရွက်
နေပါတယ်"ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း (အထက်မြန်မာ ပြည်)
က ပြောသည်။
ယခုကိစ္စတွင် ပုံမှန်မီးရထားခရီးစဉ်များကို ဖျက်သိမ်းခြင်းမရှိဘဲ ပြေးဆွဲသွားမည်ဖြစ်သည်။
"အခုလမ်းအနေအထားအရ ဘူတာရပ်ဝန်း ၁၅ မိုင်နှုန်းပေးထားတယ်။ လမ်း ပြောင်းပြီးသွားပြီဆိုရင်
တော့ မိုင် ၂၀ နှုန်း ထိသတ်မှတ်ပေးနိုင်တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးကျော်နိုင်က
"အခုလို လမ်းပိုင်းပြေသွားအောင် မြန်မာ့မီးရထားက ဆောင်ရွက်ပေးနေတယ်၊ ကျွန်တော်တို့
ဒေသခံ တွေဘက်ကလည်း ပူးပေါင်းပါ၀င်ပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပံ့ပိုးပေးဖို့ အတွက်
စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ပြောသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ချပ်ကြီးဘူတာတွင် မီးရထားတိမ်း မှောက်ပြီး
လောင်စာဆီတွဲ သုံးတွဲတိမ်း မှောက်သွားသည်။
ဒေသခံများက လောင်စာဆီများကို ခပ်ယူကြရာမှ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပြီး လူများအား
မီးလောင်ကူးစက်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။















