အဆောက်အအုံ ဆောက်လုပ်ရန် ထပ်မံထုတ်ပြန်မည်

အဆောက်အအုံ ဆောက်လုပ်ရန် ထပ်မံထုတ်ပြန်မည်

မြို့ကွက်သစ် ဖော်ထုတ်ရေးအဖွဲ့မှ ချပေးထားသော မြေကွက်များတွင် ခြံစည်းရိုးခတ်ပြီး တစ်နှစ်
အတွင်း အဆောက်အအုံ ဆောက်လုပ်သွားရန် မန္တလေးမြို့စည်ပင်သာယာက ကြေညာလိုက်ပြီး
နောက် ဆောက်လုပ်ရမည့် ခြံ စည်းရိုးနှင့် အဆောက်အအုံအမျိုးအစား သတ်မှတ်ချက်အတွက်
ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြေကွက်များ၌ ခြံစည်းရိုးကာရံခြင်းကို ယခုနှစ် မတ်လကုန်တွင် လည်းကောင်း၊ အဆောက်
အအုံ ဆောက်လုပ်ခြင်းကို ယခုနှစ်ကုန်တွင် လည်းကောင်း လုပ်ဆောင်ကြရန်နှင့် သတ်မှတ်ရက်
အတွင်း မလုပ်ဆောင်ပါ က မြို့သာယာလှပရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြန်လည်သိမ်းယူသွား
မည်ဟု စည်ပင်သာယာက ဇန်နဝါရီလ နောက်ဆုံးပတ်က နေ့စဉ်ထုတ် မန္တလေး သတင်းစာတွင်
တရားဝင်စတင် ကြေညာခဲ့သည်။

"ဘယ်လိုအဆောက်အအုံ ဆောက်ရမယ်၊ တံတိုင်းကို အုတ်တံတိုင်းလား၊ ဘယ်လိုအမျိုးအစား
လုပ်ရမလဲဆိုတဲ့ သတ်မှတ်ချက်ကို တရားဝင်ဆက်ထုတ် ပြန်သွားပါမယ်"ဟု စည်ပင်သာယာ
အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနစု မှူး ဦးဇော်ဝင်းက ဇန်နဝါရီလ ၂၉ ရက် တွင် ပြောသည်။

ပြီးခဲ့သော ၂၀၀၆ -၀၇ ဘဏ္ဍာနှစ် ကလည်း မြေကွက်လွတ်များတွင် အဆောက်အအုံများ ဆောက်
လုပ်ရန် ညွှန်ကြားချက်ထုတ်ခဲ့ဖူးကာ အကြောင်း အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ကြောင်း သိရပြီး
အဆိုပါအချိန်က ဆောက်လုပ် ရာတွင်လည်း ထရံကာအဆောက်အအုံ များသာ အများဆုံးဖြစ်ခဲ့
သည်။

မန္တလေးမြို့ကွက်သစ် ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့က ချပေးထားသော မြေကွက်များတွင် ခြံစည်း
ရိုးမကာ၊ အဆောက်အအုံ မဆောက်ခြင်းကြောင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေး စေပြီး
အများအမြင်တွင် တင့်တယ်မှုမရှိ ခြင်းနှင့် ကျူးကျော်နေထိုင်သူများ ၀င်ရောက်နေထိုင်မှုကြောင့်
အုပ်ချုပ်မှု ဆိုင်ရာပြဿနာများ ဖြစ်ပေါ်လျက် ရှိသည်ဟု စည်ပင်သာယာကြေညာချက် တွင်
ဖော်ပြထားသည်။

"အဆောက်အအုံ အခိုင်အခံ့ဆောက် ရမယ်၊ စည်းရိုးကိုလည်း အုတ်တံတိုင်းမျိုး ခတ်ရမယ်ဆိုရင်
တော့ မြေကွက်လွတ် ခပ်များများကို ပြန်ရောင်းဖို့ကိုင်ထားတဲ့ သူတွေအနေနဲ့ ငွေကုန်ပေါက်ပဲပေါ့"
ဟု မြို့ခံတစ်ဦးက မြန်မာတိုင်း(မ်)ကို ယခုလကုန်ပိုင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး