ရောင်းဝယ်ရာမှာ ချိန်ထိုးရမယ့်အချက်တွေနဲ့ အိမ်ခြံမြေဈေးကွက်(၂)

ရောင်းဝယ်ရာမှာ ချိန်ထိုးရမယ့်အချက်တွေနဲ့ အိမ်ခြံမြေဈေးကွက်(၂)

အိမ်ခြံမြေ ရောင်းဝယ်ရာမှာ ချိန်ထိုးရမယ့်အချက်တွေနဲ့ပတ်သက်ပြီး အိမ်မြေ အကျိုးဆောင်တွေကို
အားကိုးနိုင်မယ့် အချက်တွေကတော့ အများသားပါ။

ရောင်းရာဝယ်ရာမှာ အကျိုးဆောင်မလိုအပ်ပါဘူးလို့ တချို့ကတွေးတတ်ကြပေမယ့် အတွေ့အကြုံ
ရင့်ပြီး မှန်ကန်တဲ့ အကျိုးဆောင်တွေနဲ့ အလုပ်လုပ်ခွင့်ရခဲ့ ရင်တော့ ကိုယ့်အတွက် အမှားအကင်း
ဆုံးဖြစ်နိုင်တာလည်း သေချာပါတယ်။

ဒီနေရာမှာ တချို့ဝယ်သူတွေအနေနဲ့ လောဘနောက်ကိုပဲ မျက်စိစုံမှိတ်ပြီးလိုက်တယ် ပြောရမလား၊
ကံကြမ္မာကို ပုံအပ်ပြီး အလောင်းအစားလုပ်ကြည့်တယ်ဆိုရမလား မသိနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကို
လည်း တစ်ခါတလေချတတ်ကြတာကိုတွေ့ရပါတယ်။

အဲဒါကတော့ ဈေးနှုန်းက ဖြစ်နေတဲ့ပေါက်ဈေးထက် သိသိသာသာသက်သာနေတာကို ၀ယ်ယူကြ
ခြင်းပါပဲ။ အဲဒီလိုလုပ်ရပ်ကြောင့် ဒုက္ခများခဲ့ကြရတဲ့အဖြစ်တွေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နှောင်းပိုင်း
ကာလတုန်းက မန္တလေးမှာ ကြုံခဲ့ကြရပြီးပါပြီ။

ဈေးနှုန်းကလည်း သိသိသာသာချိုနေပြီး ကိုယ်တတ်နိုင်တဲ့ ငွေပမာဏလေးလည်း ဖြစ်နေပြန် တော့
၀ယ်ထားမိလိုက်တာ နောက်ပိုင်းမှာတရားမဝင်တဲ့ ကျူးမြေတွေအဖြစ် ကြေညာတာကို ခံလိုက်ရတဲ့
နောက်ကိုယ့်ပိုင်ဆိုင်မှုလေး လက်လွှတ်လိုက်ရတဲ့ အဖြစ်အပျက်တွေပါ။

ဒါတွေကို ၀ယ်ယူတဲ့အခါမှာ အရပ်ကတိစာချုပ်လောက်နဲ့ အလုပ်လုပ်တာကို တကယ်နားမလည်
ဘဲ တရားဝင်တယ်လို့ထင်ကြတဲ့ ၀ယ်ယူသူတွေရှိသလို နားလည်သိထားလျက်နဲ့ စွန့်စားပြီး ၀ယ်
လိုက်တဲ့သူတွေလည်းရှိပါတယ်။

နားမလည်တဲ့သူတွေ အနေနဲ့တော့ ကိုယ့်ဘက်က တတ်သိနားလည်တဲ့လူခံ အကျိုးဆောင်တစ်
ယောက်ပါခဲ့ရင် ရှင်းပြတားမြစ်နိုင်မှာ သေချာတာကြောင့် နောင်မှာနစ်နာရမယ့်အဖြစ်မျိုးကို ကြုံရမှာ
မဟုတ်ပါဘူး။

၀ယ်သူတွေအနေနဲ့ နောက်ထပ် ရှောင်ရှားသင့်တဲ့အချက်က 'ဝေ့' တာပါပဲ။

'ဝေ့' တယ်ဆိုရာမှာ ပစ္စည်း (မြေကွက်) တွေ အများကြီးကိုလိုက်ကြည့်ပြီး ဘာကိုလိုချင်လို့ လိုချင်
မှန်းမသိဘဲ ဟုန်သွားတာမျိုးပါ။

တစ်ခါတလေပစ္စည်းကို ကြိုက်ပေမယ့်ယူမှာလိုလို၊ မယူမှာလိုလိုနဲ့ စိတ်မပြတ်သားဘဲ ဖြစ်နေတတ်
ပါတယ်။

ဒီလိုဖြစ်ပြီဆိုရင်တော့ နောက်ဆုံးမှာ မဝယ်ဖြစ်လိုက်တာများသလို အကျိုးဆောင်အပါအဝင် ကိုယ်
နဲ့ပတ်သက်သူ တွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

တကယ်တမ်းမှာ ဈေးနှုန်းတန်းကလည်း မှန်ကန်တယ်၊ ရှေ့အလား အလာလည်းကောင်းတယ်ဆို
ရင်၊ အားနည်းချက်နဲ့ အားသာချက်မှာ အားသာချက်တွေကပိုများပြီး အလေးသာတယ်ဆိုရင်ဝယ်ဖို့
ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။

အရောင်းအဝယ်သဘောမှာ ဈေးတက်တာကျတာ၊ ရှုံးတာမြတ်တာဆို တာရှိပေမယ့် မြေကွက်က
တော့ ပုပ်ကုန် ပစ္စည်းမဟုတ်ဘူး။

ထားနိုင်ရင် အကျိုးရှိမယ်ဆိုတဲ့အချက်တစ်ချက်ကိုတော့ အာရုံမှာကပ်ထားဖို့ လိုပါလိမ့်မယ်။
ဒီနေရာမှာ တစ်ခုပြောစရာလိုလာတာက 'အကွက်အကွင်း' ကဏ္ဍပါ။ ငွေ ကြေးတတ်နိုင်တဲ့သူတွေ
အနေနဲ့တော့ ဒီအချက်ကို ဦးစားပေးသင့်တယ်လို့ ထင်ပါတယ်။

ကိုယ်ဝယ်လိုက်တဲ့ မြေကွက်ဟာ ကိုယ့်လက်ထဲလည်းရောက်ရော၊ ကံမကောင်းအကြောင်းမလှလို့
ဈေးကွက် အေးပြီး ဈေးနှုန်းတွေပြန်ဆင်းတယ်ဆိုပါစေဦး၊ လက်ထဲဆက်ထားနိုင်သူအဖို့ တစ်ချိန်ချိန်
မှာ ပြန်ဦးမော့လာတဲ့အခါနဲ့ ကြုံဦးမှာပါပဲ။

မိန်းလမ်းမတစ်ခုခုပေါ်တင်တာမျိုး၊ ထောင့်ကွက်ဖြစ်တာမျိုး၊ မျက်နှာပြု ကောင်းတာမျိုး၊ လူနေ
အထိုင်ကျပြီးတာ၊ ဒါမှမဟုတ် လူနေခွင်နဲ့နီးတာမျိုး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတာမျိုး၊ ဈေးနီး
ကျောင်းနီးတာမျိုးတွေဟာ အကွက်အကွင်းကောင်းတွေဖြစ်ပြီး ရှေ့အလားအလာပါ ကောင်းမွန်မှာ
ပါ။

အထက်မှာတင်ပြခဲ့တာတွေဟာ ထင်သာမြင်သာဖြစ်တဲ့အပြင် ရောင်းရာဝယ်ရာမှာ တတ်နိုင်သမျှ
သတိပြုရင် အကျိုး ကျေးဇူးရှိနိုင်ပါလိမ့်မယ်။

တကယ်လက် တွေ့ရောင်းဝယ်ရာမှာလည်း ဒီအချက်တွေအပြင် ကိုယ်မထင်မှတ်တဲ့ထောင့်ကနေ
ကြုံလာရမယ့်အဖြစ်ကလေးတွေ ရှိလာနိုင်တာဟာ အိမ်ခြံမြေရောင်းဝယ်ခြင်းရဲ့ သဘာဝတစ်ခုလို့ပဲ
ဆိုပါရစေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး