ပတ်ဝန်းကျင်သန့်သန့် နေချင်သူတွေအတွက် မြို့လယ်က နှစ်ထပ်ခွဲတိုက်

ပတ်ဝန်းကျင်သန့်သန့် နေချင်သူတွေအတွက် မြို့လယ်က နှစ်ထပ်ခွဲတိုက်

ဒီတစ်ပတ်တော့ ပတ်ဝန်းကျင်သန့်သန့် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ နေရာ ကောင်းမှာ နေချင်တဲ့
သူတွေအတွက် မန္တလေးမြို့လယ်က နှစ်ထပ်ခွဲတိုက်အိမ် လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မန္တလေးမြို့ရဲ့အဓိကလမ်းမကြီးတွေ ဖြစ်တဲ့သိပ္ပံလမ်းမကြီးနဲ့ ဒေသအခေါ် မိန်းလမ်းလို့ခေါ်တဲ့ ရ၃
လမ်းမကြီးဆုံရာ စီးပွားရေးအချက်အချာကျတဲ့ နေရာမှာ ရှိပြီး မန္တလေးတက္ကသိုလ်နဲ့လည်းနီးတဲ့
ဒီအိမ်လေးက ကျောင်းသား၊ ကျောင်းသူ တွေရှိတဲ့မိသားစုတွေအတွက် အဆင်ပြေရုံသာမက ဈေးနဲ့
ပါနီးတာကြောင့် အိမ်ရှင်မတွေ အကြိုက်တွေ့စေမှာပါ။

ခြံအကျယ်အဝန်းကတော့ ပေ (၄၀x ၆၀) စတုရန်းပေ ၂,၄၀၀ ရှိတဲ့အပေါ်မှာ အိမ်အကျယ်အဝန်းပေ
(၂၅x၃၀) စတုရန်းပေ ရ၅၀ ကို ဆောက်လုပ်ထားတာပါ။

အိမ်ထဲကို စပြီးဝင်သွားလိုက်ရင်ပဲ စနစ်တကျဖွဲ့စည်းထားတဲ့ဧည့်ခန်း ပြင်ဆင်ပုံကို မြင်ရမှာဖြစ်ပြီး
တော့ ဆက်ဝင်သွားလိုက်ရင် ၁၀ ပေပတ်လည် ကျယ်တဲ့ မိသားစုအိမ်ခန်းကို တွေ့ရ မှာဖြစ်ပြီး
တော့ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုခန်းတွေကို တွဲရက်တည်ဆောက် ပေးထားပါတယ်။

အောက်ထပ်ကနေ အိမ်အပေါ်ထပ်ကို ဆက်တက်သွားလိုက်ရင် လှေကားရဲ့ ဘယ်ဘက်ထောင့်မှာ
၁၀ ပေပတ်လည်ကျယ်တဲ့ မိသားစုအိမ်ခန်းကို ရေချိုးခန်း နဲ့အိမ်သာပါ ထည့်သွင်းထားပါတယ်။

အိမ်ရဲ့အပေါ်ဆုံးထပ်မှာ ၁၅ ပေပတ် လည်ရှိတဲ့ ထပ်ခိုးပုံစံတည်ဆောက်ထားပြီးတော့ ဘုရားခန်းကို
တော့ ပါကေးခင်းထားပါတယ်။

ကျန်တဲ့နေရာတွေကို ကြွေပြားခင်းပေးထားပါတယ်။

အိမ်ရဲ့ ဘယ်ဘက်အခြမ်းမှာ ကားပါကင်ပုံစံ ကားထားလို့ရတဲ့ မြေနေရာလွတ်ရှိတာကြောင့် ကားရှိ
သူတွေအတွက် အဆင်ပြေစေပါတယ်။

တစ်အိမ်လုံးကို အဖြူရောင်ဆေးခြယ်ထားပါတယ်။ ရေ၊ မီးအပြည့်အစုံပါရှိတဲ့ အပြင် နောက်ထပ်ရေ
မီတာတစ်လုံးနဲ့ အဝီစိရေပါထပ်တိုးပါ၀င်တဲ့အတွက် ရေအတွက်စိတ်ချရပြီး နှစ် ၃၀ ဂရန် ပါ၀င်တဲ့
ဒီအိမ်လေးကို စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ လိပ်စာအတိုင်း ဆက်သွယ်စုံစမ်း
နိုင်ပါတယ်။

ဆက်သွယ်ရန် -  ၆၈x၆၇ ၄၀x၄၁ ကြား မေခလမ်းသွယ်၊ မဟာမြိုင်အပိုင်း (၁)၊
                     မဟာအောင်မြေမြို့နယ်

ဈေးနှုန်း - ကျပ် သိန်း ၃,၅၀၀ (ညှိနှိုင်း)

ဖုန်း - ၀၉-၅၁၂၀၁၁၉၊ ၀၉-၂၀၃၄၀၀၂၊ ၀၉-၉၁၀၁၃၈၁၅



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး