အသိမ်းခံလယ်မြေနှင့် မြေကွက်များအတွက် သက်ဆိုင်ရာကို တင်ပြထားသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိသေး

အသိမ်းခံလယ်မြေနှင့် မြေကွက်များအတွက် သက်ဆိုင်ရာကို တင်ပြထားသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိသေး

ရတနာပုံတံတား တည်ဆောက်ရေးစီမံ ကိန်းအတွက် သိမ်းဆည်းခံခဲ့ရသော လယ်မြေနှင့် မြေကွက်
များအတွက် သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း အကြောင်းတစ်စုံတစ်ရာ ထူးခြားမှုမရှိ သေး
ကြောင်း မြေအသိမ်းခံခဲ့ရသူများက ပြောသည်။

ရတနာပုံတံတား တည်ဆောက်ပြီးစီးသွားချိန်တွင် စီမံကိန်းဧရိယာအတွင်းမှ လစ်လပ်ကျန်ရှိနေ
သော မြေနေရာများ ပြန်လည်ရရှိရေးအတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌသူရဦးရွှေမန်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေး
တိုင်းဒေသကြီး တိုင်းမြေစာရင်းဦးစီးဌာန၊ ဦးစီးမှူးနှင့် ခရိုင်မြေစာရင်းဦးစီး ဌာနများသို့ ၂၀၁၂ ခုနှစ်၊
စက်တင်ဘာလအတွင်းက တိုင်ကြားခဲ့သော်လည်း ယခု အချိန်ထိ ထူးခြားမှုမရှိသေးကြောင်း သိရ
သည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တောင်ပိုင်း၊ သက်ကယ်တော်၊ သပြေ
တန်း၊ ခဝါရွာများမှ ရွာသူရွာသားများသည် စီမံကိန်းတွင် သိမ်းဆည်းခံခဲ့ရသော လယ်မြေနှင့် မြေ
ကွက်များ ပြန်လည်ရယူလိုကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ထပ်ဆင့်
တောင်းဆိုခဲ့ကြသည်။

အဆိုပါလယ်မြေများနှင့် မြေကွက်များကို ရတနာပုံတံတားစတင် တည်ဆောက်ခဲ့သော ၂၀၀၁ ခုနှစ်
တွင် စတင်သိမ်းဆည်းခဲ့ပြီး၊ ယခုအခါတံတား တည်ဆောက်ခြင်းလုပ်ငန်းပြီးစီး၍ အသုံးပြုနေပြီဖြစ်
သဖြင့် လစ်လပ်ကျန်ရှိ နေသောလယ်မြေများနှင့် မြေကွက်များ ပြန်လည်ရယူလိုကြောင်း အသိမ်း
ဆည်းခံ မြေကွက်ပိုင်ရှင်တစ်ဦးဖြစ်သူ မမာလွင်က ပြောသည်။

'စီမံကိန်းရှိတဲ့အတွက် ၂၀၀၃ ခုနှစ်မှာ ရွှေ့လေးကြီးဘက်ကို ရွှေ့ခိုင်းခဲ့တယ်။ ရွှေ့ခိုင်းတုန်းကတော့
လမ်းဖောက်ပေးမယ်၊ ဆေးခန်းတွေလည်းထားပေးမယ် ပြောတယ်။ အဲဒီတုန်းကပြောခဲ့တာ အချက်
၅ ချက်ရှိတယ်။ ဒါပေမဲ့ခုထိ ဘာမှလုပ်ပေးတာ မရှိသေးပါဘူး။ တံတားပြီးရင် ကိုယ့်နေရာကိုယ်
ပြန်ပြီး နေလို့ရကြောင်းလည်းပြောတယ်။ အခုတံတား လည်း ပြီးခဲ့တာကြာပြီ။ သိမ်းခဲ့တဲ့ နေရာက
လည်းကျန်နေတော့ ကိုယ့်မြေကွက် ကိုယ်ပြန်လိုချင်ပါတယ်"ဟု ၎င်းက ပြောသည်။

တောင်သူများ လယ်မြေအသိမ်းခံရစဉ်က နစ်နာကြေးမရခဲ့ကြောင်း၊ အသိမ်းခံလယ်မြေဧက ၁၁
ဧကရှိပြီး၊ အဆိုပါလယ်မြေများတွင် သီးနှံစိုက်ပျိုးခဲ့ကြကြောင်း၊ ယခုအခါ လယ်မြေမရှိ၍ ကူလီ
အလုပ်ဖြင့် ၀မ်းစာရှာဖွေစားသောက်နေကြရကြောင်း၊ လစ်လပ်နေသည့် မိမိ လယ်မြေများကို ပြန်ရ
ယူလိုကြောင်းလည်း အသိမ်းခံလယ်သမား တစ်ဦး ဖြစ်သူ ကိုမိုးနောင်က ပြောသည်။

"ဧကအနေနဲ့ပြောရင် တစ်ဦးတည်း ငါးဧကရှိတယ်။ အခုတော့ လပ်ကျန်နေတဲ့ လယ်မြေတွေပေါ်မှာ
ဆောက်လုပ်ရေးအထူးအဖွဲ့ (၂) က အဆောက်အအုံ တွေဆောက်တယ်၊ လစာယူပြီး အိမ်ငှားစား
တာတွေလုပ်လာကြတယ်။ တကယ် တံတား ဆောက်ခဲ့တုန်းကလည်း ကျွန်တော့်လယ်ကွက်က
စီမံကိန်းနဲ့ အလွတ်ကြီးပါ။ စီမံကိန်းပြီးသွားတဲ့အခါ ပြန်ပေး သင့်ပါတယ်။ အခုတော့ ကျွန်တော်တို့
အတော်လေး ဒုက္ခရောက်နေပါတယ်" ဟု ကိုမိုးနောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး