ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ခေတ်နှင့်အညီ အဆင့်မြင့် သင်ကြားမှုနည်းစနစ်များ
နှင့် အသိပညာဗဟုသုတများ ပို့ချပေးနိုင်မည့် အဖွဲ့အစည်းများ လိုအပ်လျက်ရှိကြောင်း စစ်ကိုင်း
ဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ
တစ်ဦး က ပြောကြားသည်။
အဆိုပါကျောင်းများတွင် သင်ကြား နေသော ကျောင်းသူ၊ ကျောင်းသာများအား လက်ရှိသင်ကြား
နေသော ကျောင်းစာများအပြင် သိသင့်သိထိုက်သည့် ဗဟုသုတများပို့ချပေးနိုင်ရန် လိုအပ်နေ
ကြောင်း၊ ဆရာ၊ ဆရာမများမှာလည်း စာသင်ကြားရာတွင် ခေတ်နှင့်အညီ သင်ကြားနိုင်မှု အားနည်း
နေသောကြောင့် အဆိုပါအခက်အခဲများကို ပရဟိတလုပ်ငန်း ဆောင်ရွက်နေသောအဖွဲ့အစည်းများ
က သင်တန်းများပေး၍ ကူညီပေးကြစေလိုကြောင်း မြို့နယ်ဘုန်းတော်ကြီးသင် ပညာရေးကြီးကြပ်
ရေးအဖွဲ့မှ ဆရာတော် ဦးကောဝိဒက မိန့်ကြားသည်။
"ဘုန်းတော်ကြီးသင်ကျောင်းတွေကို ဦးစားပေးတဲ့အနေနဲ့ သင်တန်းတွေပေး စေချင်တယ်။ ဘုန်းကြီး
တွေကိုယ်တိုင်လည်း သင်ကြားပေးနေပေမယ့် ခေတ်နဲ့မညီဘူး။ အမြင်မကျယ်တာတွေ ရှိနေပါ
တယ်။ အဆင့်မြင့်အောင် မသင်ပေး နိုင်ဘူး။ "စာသင်တဲ့တချို့ဆရာ၊ ဆရာမတွေ ကလည်း စာထဲ
ပါတာတွေပဲသင်ကြတယ်၊ ကလေးတွေက စာမေးပွဲအောင်တယ်။ တကယ်စာတတ်လားဆိုတော့
မတတ်ဘူး"ဟု ဆရာတော်က မိန့်သည်။
ထို့ကြောင့် ဆရာ၊ ဆရာမများက ကလေးများအား စာသင်ကြားရာတွင် စဉ်းစားဉာဏ်ရှိအောင်
သင်ပေးစေလို ကြောင်း၊ အင်တိုက်အားတိုက်တက်ကြွစွာသင်ကြားပေးနိုင်ဖို့ ဆရာ၊ ဆရာမများအား
ထပ်ဆင့်သင်တန်း ပို့ချပေးနိုင်မည့် အဖွဲ့အစည်းများ အမှန်တကယ်လိုအပ် နေပြီဖြစ်ကြောင်း၊ ပရဟိ
တလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများသည်လည်း နယ်တွင်ယခုကဲ့သို့ ဖြစ်ပျက်နေ
သည်များကို သိစေချင်ကြောင်းလည်း ဆရာတော်က မိန့်သည်။
ဘုန်းကြီးများသည် ကလေးများအတွက် အသိပညာတိုးတက်စေရန် ကလေးများနှင့် သက်ဆိုင်
သည့်တရားပွဲများ၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့ဖူးသော်လည်း အောင်မြင်မှုနည်းပါးခဲ့ကြောင်းလည်း
ဆရာတော်က မိန့်သည်။
"သင်တန်းတွေ လာပို့ချတာတွေရှိခဲ့ တယ်။ မန္တလေးဖောင်တော်ဦးဘုန်းတော် ကြီးသင်စာသင်
ကျောင်းကလည်း လက်တွေ့သင်တန်းတွေပေးတယ်။ ကလေးတွေအတွက် အကျိုးရှိတဲ့တရားတွေ
ဟောကြားပေမယ့်လည်း တချို့ဘုန်းတော်ကြီးသင်ကျောင်းတွေက ဒီလိုသင်တန်းပေးတာတွေကို
အပိုအလုပ်လို့ မှတ်ထင်နေကြတာဟာ အခက်အခဲတစ်ခုဖြစ်နေတယ်"ဟုလည်း ဆရာတော်
ဦးကောဝိဒက မိန့်ကြားသည်။
စစ်ကိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ရှစ်ကျောင်းရှိခဲ့ရာမှ
ယခုအခါ ကျောင်းပေါင်း ၁၉ ကျောင်းအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် သောစာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီး
ပညာရေး ကျောင်းပေါင်း ၁,၄၀၀ ကျော်နှင့် ကျောင်းသား၊ ကျောင်းသူနှစ်သိန်းသည် ဘုန်းတော်ကြီး
သင် ပညာရေးကျောင်းများ၌ ပညာသင်ကြားနေကြပြီး၊ တစ်နိုင်ငံလုံး ကျောင်းတက်နှုန်း၏ ၁၆
ရာခိုင်နှုန်း ရှိကြောင်း သိရသည်။















