မန္တလေးမြို့ရှိ စက်မှုဇုန်များမှ ရေဆိုးများ ကို စနစ်တကျစွန့်ပစ်မှု မရှိပါက စစ်ဆေး အရေးယူဆောင်
ရွက်သွားမည်ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးထွန်းကြည်က
ပြောသည်။
စက်မှုဇုန် စက်ရုံများမှ စွန့်ပစ်ရေဆိုးများကို မိမိတို့အစီအစဉ်ဖြင့် စနစ်တကျ သန့်စင် ဆောင်ရွက်ကြ
ရမည်ဖြစ်ပြီး ရေဆိုးစွန့်ထုတ်မှုနည်းသောလုပ်ငန်းများအတွက် စုပေါင်းစွန့်ပစ်မှုများ ဆောင်ရွက်သွား
ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"မကြာခင်အချိန်မှာ စစ်ဆေးအရေးယူတော့မယ်။ စည်ပင်သာယာဥပဒေ အပြင် ပန်းဥယျာဉ်
ထိန်းသိမ်းရေးကလည်း ဥပဒေထွက်ပြီး အဲဒါတွေနဲ့ အရေးယူသွားမှာပါ။ လုပ်ငန်းရှင်တွေနဲ့လည်း
သဘောတူညီမှု ရရှိထားပါပြီ"ဟု ဦးထွန်း ကြည်က ဆက်လက်ပြောသည်။
သဘောတူအတည်ပြုချက်ကို ဇန်နဝါ ရီလ ၃၀ ရက်တွင် စက်မှုဇုန်လုပ်ငန်းရှင်များနှင့် မြို့တော်
စည်ပင်မှ တာဝန်ရှိသူများက ရေဆိုးစွန့်ပစ်မှုများအတွက် ညှိ နှိုင်းတိုင်ပင်ပြီး ရယူခဲ့ကြခြင်းဖြစ်သည်။
ရေဆိုးစွန့်ပစ်မှုများနှင့် စပ်လျဉ်း၍ မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက စက်မှုဇုန်စက်ရုံများမှ
ရေဆိုးများကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများဖြစ်ပေါ်သည့်
အတွက် စနစ်တကျ စွန့်ပစ်ကြရမည်ဖြစ်ကြောင်း၊ ရေဆိုးများကြောင့် တောင်သမန်အင်းရေပြင်နှင့်
ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက်စေနိုင် ကြောင်း၊ တောင်အင်းမြောက်အင်းကို ဖြတ်ပြီး ရေဆိုး
စွန့်ထုတ်နေခြင်းကြောင့် ၎င်းရေများသည် ဒုဋ္ဌဝတီမြစ်မှ တစ်ဆင့် ဧရာဝတီမြစ်တွင်းသို့ ရောက်သွား
ပြီး မြစ်ရေသန့်ရှင်းမှုများကိုပါ ထိခိုက်နေ ကြောင်း ပညာရှင်များ၏ ဆန်းစစ် လေ့လာချက်များအရ
သိရှိနေကြောင်း ပြောကြားခဲ့သည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
"ရေဆိုးတွေကို စနစ်တကျသန့်စင်မှု မရှိဘဲနဲ့ စွန့်ထုတ်နေတာ နှစ်ပေါင်း ၁၆ နှစ်အထက်ရှိပါပြီ။
အရေးမယူလို့မရ တော့တဲ့အချိန်ဖြစ်နေပါပြီ။ "ရေဆိုးစွန့်ထုတ်ဖို့အတွက် တတ်နိုင်တဲ့ စက်ရုံတွေက
တော့ ကိုယ်ပိုင်သန့်စင်ပြီးစွန့်ထုတ်ဖို့စီစဉ်နေပါပြီ။ မတတ်နိုင်တဲ့ စက်ရုံတွေအတွက် သန့်စင်ပေးဖို့
ထိုင်းနိုင်ငံက ကုမ္ပဏီ တစ်ခု နဲ့ချိန်ဆက်ပြီး လေ့လာနေပါပြီ။
"လေ့လာချက်တွေ ထွက်လာပြီဆိုရင် ကုမ္ပဏီတွေကို အိတ်ဖွင့်တင်ဒါခေါ်ပြီး ဆောင်ရွက်ပါမယ်"ဟု
ဦးထွန်းကြည်က ပြောသည်။
ပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ရေဆိုးစွန့်ပစ်ရာတွင် ငါးဆင့်ထိပြုလုပ် သန့်စင်သွားရမည်
ဖြစ်ပြီး ကုမ္ပဏီများ နှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးပါက စွန့်ပစ်ရေဆိုးအလိုက် ငွေပေးချေသွားရ
မည်ဖြစ်ကြောင်း သိရသည်။
"ရေဆိုးသန့်စင်စက်ရုံတည်ဆောက်ပြီး စွန့်ပစ်တယ်ဆိုတာကောင်းပါတယ်။ သဘာဝပတ်ဝန်းကျင်
ရော၊ လူမှုနယ်ပယ်အတွက်ပါ ကောင်းလာမယ်။ "ရေဆိုးစွန့်ပစ်မှုအတွက် သတ်မှတ် ဂါလန်အလိုက်
ငွေကြေးပေးဆောင်မယ်။ နောက်ပိုင်း စက်ရုံတန်ဖိုး အရင်းအနှီး ပြန်ရသွားရင်တော့ ပေးဆောင်ရတဲ့
တန်ဖိုးကို လျှော့ချတာပဲဖြစ်ဖြစ်၊ အခမဲ့ပဲဖြစ်ဖြစ် သတ်မှတ်ပေးစေချင်တယ်"ဟုစက်မှုဇုန်စီမံခန့်ခွဲရေး
တွဲဖက် အတွင်းရေးမှူး (၁) ဦးမောင်မောင်ဦးက မြန်မာတိုင်းမ်ကို ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ရေဆိုး စွန့်ထုတ်သော အရက်
ချက်စက်ရုံ၊ သား ရေစက်ရုံ၊ သကြားစက်ရုံ၊ စက္ကူစက်ရုံ၊ ဓာတ်ခဲစက်ရုံ၊ ဆပ်ပြာစက်ရုံ ၊နို့ချက်စက်ရုံ
နှင့် ဆိုးဆေးစက်ရုံများမှာ စုစုပေါင်း ၉၀ ကျော်ထိရှိကြောင်း မြို့တော်စည်ပင်သာယာ ကောက်ယူ
စာရင်းများအရ သိရသည်။















