အင်းဝမြို့ဟောင်းတွင် အမျိုးသမီးများအား မြင်းလှည်းများမောင်းနှင်ခွင့် ပြုတော့မည်မဟုတ်

အင်းဝမြို့ဟောင်းတွင် အမျိုးသမီးများအား မြင်းလှည်းများမောင်းနှင်ခွင့် ပြုတော့မည်မဟုတ်

အင်းဝမြို့ဟောင်း၌ မြင်းလှည်းမောင်းပြီး ၀မ်းစာရှာဖွေနေရသော အမျိုးသမီးများမှာ တံတားဦးမြို့
နယ်စည်ပင်သာယာကထုတ်ပြန်သော အမိန့်ကြော်ငြာ စာကြောင့် အခက်အခဲဖြစ်နေကြရကြောင်း
သိရသည်။

"အမျိုးသမီး မြင်းလှည်းဆရာမတွေ မောင်းတဲ့အတွက် နိုင်ငံခြားသူ ခရီးသွားဧည့်သည်တွေအတွက်
ပိုပြီး အဆင်ပြေပါသေးတယ်။ တချို့နိုင်ငံခြား အမျိုးသမီး တွေက အမျိုးသမီးချင်းပဲ စီးချင်ကြတယ်။
ဒါကို အမျိုးသမီးမြင်းလှည်း မောင်းခွင့် မရှိဘူးဆိုတော့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ကုန်
တာပေ့ါ"ဟု အင်းဝမြို့အိုးတုတ္တန်းမြင်းလှည်းဂိတ်မှ အမျိုးသမီးမြင်းလှည်းဆရာမတစ်ဦးက ပြော
သည်။

တံတားဦးမြို့နယ်စည်ပင်သာယာက နိုင်ငံခြားသားဧည့်သည်များ မြင်းလှည်းစီးရာတွင် အန္တရာယ်
ကင်းစေရန် ဥတည်း ကျေးရွာအုပ်စု၊ အိုးတုတ္တန်းရပ်ရှိ မြင်း လှည်းဂိတ်တွင် အသက် ၁၈ နှစ်အောက်
ကလေးငယ်များနှင့် အမျိုးသမီးများ မြင်းလှည်းမောင်းခြင်း မပြုရန် အကြောင်းကြားစာ ထုတ်ပြန်
ထားခြင်း ဖြစ်သည်။

အဆိုပါ မြင်းလှည်းဂိတ်တွင် မြင်းလှည်းအစီးရေ ၁၃၀ ကျော်ရှိပြီး ဂိတ်မှူး တစ်ဦးထားရှိရန် အသင်း
၀င် မြင်းလှည်းဆရာများ၏ စုပေါင်းငွေဖြင့် လစာပေး ခန့်ထားကြောင်း မြင်းလှည်းဆရာများ က
ပြောသည်။

"အသက် ၁၈ နှစ် အောက်မောင်းတဲ့ ကလေးက သုံးယောက်လောက်ပဲ ရှိတယ်။ "ဒီကလေးတွေက
လည်း မြင်းလှည်း မောင်းတာ ကျွမ်းကျင်တဲ့သူတွေပါ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေ မရှိခဲ့ဖူး ပါဘူး"ဟု
မြင်းလှည်းဂိတ်မှ မြင်းလှည်း မောင်းဆရာတစ်ဦးက ပြောသည်။

တံတားဦးမြို့ ဥတည်းကျေးရွာအုပ်စု၊ အိုးတုတ္တန်းရပ်မှ မြင်းလှည်းဂိတ်မှာ နိုင်ငံခြားသားဧည့်သည်
များ လာရောက်များသော အချိန်ကာလများတွင်သာ အလုပ်အကိုင်အဆင်ပြေလျက်ရှိပြီး ကျန်
အချိန်များတွင် အဆင်မပြေကြောင်း မြင်းလှည်းမောင်းသူများက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး