ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြုတ်ချနိုင်ရန် မြို့ခံများ ကြိုးပမ်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြုတ်ချနိုင်ရန် မြို့ခံများ ကြိုးပမ်း

မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ကြိုက်
နှစ်သက်ခြင်းမရှိတော့သည့်အတွက် ဒေသခံအင်န်အယ်လ်ဒီ ပါတီအဖွဲ့ဝင်များက အဆိုပါကိုယ်စား
လှယ်ကို ဖြုတ်ချနိုင်ရန် သဘောတူလက်မှတ်များစုဆောင်းကာ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ထံသို့ ပေးပို့ တောင်းဆိုမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား
လှယ်ဒေါ်ခင်သန္တာ မှာ တံတားဦးမြို့နယ်၌ လူထုထောက်ခံချက်ဖြင့် ပြိုင်ဘက်များကိုအနိုင်ယူကာ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

သို့သော် ၎င်းမှာ ယခုအခါ အင်န်အယ်လ်ဒီပါတီ၏ အောက်ခြေအဆင့် ညီလာခံကျင်းပမှုများတွင်
ပါ၀င်ရာ၌ လူထုကမနှစ်သက်ခြင်းကြောင့် ယခုကဲ့သို့ လူထုဆန္ဒဖြင့် ပြန်လည်ဖြုတ်ချနိုင်ရန်
ကြိုးပမ်းခြင်း ဖြစ်ကြောင်း ပါတီဝင်များက ဇန်နဝါရီလ ၂၅ ရက်က ပါတီဝင် လက်မှတ်ထိုး စုဆောင်း
ပွဲအပြီး၌ ပြောသည်။

"ကျွန်တော်က ခရိုင်ညီလာခံကျင်းပရေး ကော်မရှင်တစ်ယောက်အနေနဲ့ ရပ်ဆိုင်းပိုင်ခွင့် ရှိပေမယ့်
မရပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒေါ်ခင်သန္တာကို ဒီအတိုင်းဆက်ထားရင် ပါတီသိက္ခာကျသလို အဖွဲ့ဝင်တွေ
မညီမညွတ်ဖြစ်ရတာလည်း မကောင်းပါဘူး။ ပါတီဝင်တွေကလည်း တောင်းဆိုတဲ့အတွက် အခုလို
သူ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် က ပြန်နုတ်ထွက်ရအောင် စီစဉ်ရတာပါ" ဟု ခရိုင်
ညီလာခံကျင်းပရေးကော်မရှင်အတွင်းရေးမှူး ဒေါက်တာအောင်စိုးမြင့် က ပြောသည်။

တံတားဦးမြို့နယ်၌ မဲဆန္ဒရှင် ၉၀,၀၀၀ ကျော်ရှိပြီး လက်မှတ်ထိုးသဘောတူသူ တစ်ရာခိုင်နှုန်းရရှိ
ပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမည် ဖြစ်ကာ တောင်းဆိုချက် အထမြောက်
မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်ခင်သန္တာကို နှစ်သက်ကြသဖြင့် ရွေးခဲ့ကြခြင်း မဟုတ်ဘဲ 'လွန်'
သွားခဲ့ကြခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

"အင်န်အယ်လ်ဒီပါတီ တံတားဦးမြို့နယ်ညီလာခံမှာ ဒေါ်ခင်သန္တာ ဥက္ကဋ္ဌ ဆိုရင် ကျွန်တော် ပါတီက
နုတ်ထွက်ပါမယ်။ ကျွန်တော့်လို နုတ်ထွက်မယ့် တခြားသူတွေလည်းရှိတယ်" ဟု တံတားဦးမြို့နယ်
လက်ဆောင်ယူရွာမှ ဦးမြတ်ဆွေက ပြောသည်။

"ဒီနယ်က အကျယ်ကြီးပါ။ မြို့နယ် ညီလာခံကျင်းပရာမှာ နာမည်(မဲ)ပေးဖို့ သူတို့စိတ်ကြိုက်မှတ်
သားပြီး လုပ်ကြတဲ့အပေါ်မှာ ကျွန်မအနေနဲ့ တားဆီးပိုင်ခွင့်မရှိပါဘူး။ တချို့မြို့နယ်တွေမှာဆို
နာမည်တွေကို ကွန်ပျူတာစာစီပြီးတောင် မှတ်လာကြပါတယ်။ မြို့နယ် ညီလာခံမှာ ကျွန်မတို့အနိုင်
ရတာ ကျွန်မတို့ မသမာလို့မဟုတ်ပါဘူး။ ဒီလို စွပ်စွဲခံရတာက စွပ်စွဲသူတွေအနေနဲ့ ကိုယ့်ကိုယ်ကို
ပြန်တာဝန်ယူရမယ့်အပိုင်း ဖြစ်ပါတယ်"ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ယခုလ ၄
ရက်နေ့ တွင်ပြောသည်။

၎င်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နုတ်ပယ်ရန် ထိုသို့ လက်မှတ် ထိုးစုဆောင်းသည်မှာ
စိတ်မကောင်းစရာဖြစ်ကြောင်း၊ အင်န်အယ်လ်ဒီ ပါတီဝင်များမှာ ဖြူစင်ပြီး ဒေါ်အောင်ဆန်းစုကြည်
ကို ချစ်မြတ်နိုးသဖြင့် ၎င်းတို့ ယုံကြည်ချက်ကို ပုံအပ်ထားခြင်းဖြစ်ကြောင်း ဒေါ်ခင်သန္တာက ပြော
သည်။

"ကျွန်မပြုတ်သွားခဲ့ရင်တောင် ပါတီကို အသုံးချခံရခြင်းကသာ နစ်နာခြင်းဖြစ်ရပါတယ်။ တခြား
မြို့နယ်တွေမှာလည်း လူပုဂ္ဂိုလ်ကို ခုတုံးလုပ်ပြီး ပါတီကို တိုက်ခိုက်တဲ့အခြေအနေမျိုးကို လူထု
အနေနဲ့ သေချာသုံးသပ်စဉ်းစားစေချင်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး