ကုန်ကားကြီးများ မြို့တွင်း လမ်းများကိုအသုံးပြုခွင့် ပေးတော့မည် မဟုတ်

ကုန်ကားကြီးများ မြို့တွင်း လမ်းများကိုအသုံးပြုခွင့် ပေးတော့မည် မဟုတ်

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့တွင်းလမ်းများကို ယခုလ ၁၆ ရက်နေ့မှ
စပြီး သုံးတန်နှင့် ယာဉ်များ အသုံးပြုခွင့်ပေးတော့မည် မဟုတ်ကြောင်း စည်ပင်သာယာရေး
ကော်မတီ လမ်းတံတားဌာန၊ ဌာနမှူး ဒေါ်ခင်မေဌေးက ပြောသည်။

"ကုန်ကားဂိတ်က ဖေဖော်ဝါရီ ၁၅ ရက် အတွင်း အပြီးရွှေ့ရမယ်ဆိုတော့ ကုန်ကားတွေကို မြို့တွင်း
လမ်းတွေမှာ အသုံးပြုခွင့် ပေးတော့မှာမဟုတ်ပါဘူး။ အခုကိုက မနော်ဟရီလမ်းကို အသုံးပြု ခွင့်
ပေးထားရသေးတယ်။

"အဲဒီအတွက်ကိုလည်း မြို့ပြင်လမ်း က မောင်းနိုင်ဖို့အတွက် လမ်းကြော အသစ်ဖောက်ဖို့ ရှာနေ
တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

သုံးတန်နှင့်အထက် ကုန်တင်ကားကြီးများ အသုံးပြုရန်လမ်းကြောင်းမှာ မြို့မြောက်ဘက်တွင်
ကမ်းနားလမ်းနှင့် မြို့ပတ်လမ်းဆုံ (ညောင်ကွဲ)မှ မြို့ပတ်လမ်းအတိုင်း ကျွဲရေကုန်းအထိ၊ မြို့အရှေ့
ဘက်တွင် ကျွဲရေကုန်းလမ်းမှ မြို့ပတ်လမ်းအတိုင်း မန္တလေး-ပြင်ဦးလွင် ကားလမ်းနှင့် ၄၈ လမ်းဆုံ
အထိ၊ ၎င်းမှ မနော်ဟရီလမ်းမှ စက်မှုပန်းခြံလမ်းအထိ၊ ၎င်း မှ မန္တလေး-ရန်ကုန်လမ်းအထိ၊ မြို့
တောင်ဘက်တွင် စက်မှုပန်းခြံလမ်းမှ ရန်ကုန်-မန္တလေးလမ်းအတိုင်း တံခွန်တိုင်လမ်းခွဲအထိ၊ မြို့
အနောက်ဘက် တွင် တံခွန်တိုင်လမ်းခွဲမှ သစ်တောဦးစီး ဌာနရုံးလမ်းအတိုင်း ကပ်ကျော်လမ်းခွဲ၊
၎င်းမှ ရှမ်းလေးကျွန်း၊၎င်းမှ ကမ်းနားလမ်းအတိုင်း ညောင်ကွဲအထိ သတ်မှတ် ပေးထားကြောင်း
သိရသည်။

"မြို့အဝင် Tool Gate တွေမှာ သတိ ပေးဆိုင်ဘုတ်တွေ ထောင်ထားမယ်။ သတ်မှတ်ပေးထားတဲ့
လမ်းကြောင်း အတွင်းက မြို့ထဲလမ်းနဲ့ ချိတ်ဆက်ထား တဲ့လမ်းဆုံတွေမှာလည်း ကုန်ကား မဝင်ရ
ဆိုင်းဘုတ်တွေ ထောင်ထားရမယ်"ဟု ဒေါ်ခင်မေဌေးက ဆက်လက် ပြောသည်။

သုံးတန်နှင့်အထက် ကုန်တင်ယာဉ်များ မြို့တွင်းလမ်းများအတွင်းသို့ ၀င် ရောက်လာပါက မန္တလေး
မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တည်ဆဲ ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"မြို့ထဲမှာ ကုန်ကားတွေမောင်းမယ်ဆိုရင် အားလုံးအတွက် အန္တရာယ်ရှိတယ်။ ကျွန်တော်တို့လည်း
ကောင်း ကောင်းမမောင်းရဲဘူး။ အခုလိုသတ်မှတ်လိုက်တာက အားလုံးအန္တရာယ်ကင်းဖို့ အတွက်
လုပ်တာ ကောင်းပါတယ်"ဟု မန္တလေး-ဗန်းမော် ကုန်ကားမောင်းသူ ကိုသိန်းဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး