မန္တလေးသတင်းထောက် တစ်ဦး၏ တစ်ကိုယ်တော် ဓာတ်ပုံပြပွဲ ကျင်းပခဲ့
မန္တလေးမြို့မှ သတင်းထောက်တစ်ဦး၏ 'ရုန်းကန်နေရတဲ့ အသက်ဝိညာဉ်များ' အမည်ရှိ တစ်ကိုယ်
တော်ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ မန္တလေးမြို့၊ 'သီရိ' ပန်းချီအနုပညာ
ပြခန်းတွင် ပြသခဲ့သည်။
"ဓာတ်ပုံတွေက ဘဝဖြတ်သန်းမှု အတွက် ရုန်းကန်လှုပ်ရှားဖြတ်သန်းနေကြရတဲ့ ဘဝပုံရိပ်တွေကို
ထင်ဟပ်စေနိုင် ပါတယ်" ဟု တစ်ကိုယ်တော်ဓာတ်ပုံပြပွဲ ပြသသည့် မောင်ဘဦး (မန္တလေး)က
ပြောသည်။
ပြပွဲတွင် ဓာတ်ပုံပေါင်းလေးဆယ်ပါ၀င်ပြီး ရောင်းချရငွေများကို ပရဟိတ လုပ်ငန်းများဆောင်ရွက်ရာ
တွင် အသုံး ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
















