မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေးများအဖြစ် ပထမဦးဆုံးအကြိမ် အရပ်
သားများအား တာဝန်ပေးအပ်လိုက်ကြောင်း မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူ
များထံမှ သိရသည်။
အဆိုပါအကြံပေးအဖွဲ့ကိုတိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီ ၃၁ ရက်နေ့ကစတင်ဖွဲ့စည်းတာဝန်
ပေးအပ်ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၀ ဦးပါ၀င်ကြောင်းသိရသည်။
မန္တလေးမြို့တော်၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းလျက် ရှိပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ
အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရေး၊ မြို့တော်
ပြည်သူလူထု လိုအပ်ချက်များကို အမြန်ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေးတို့အတွက် မြို့တော်
စည်ပင်၏ ကဏ္ဍစုံလုပ်ငန်းများတွင် လိုအပ်သည့် အကြံဉာဏ်များပေးပြီး အထောက်အကူပြုနိုင်ရေး
အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ အကြံပေးအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်
ကြောင်း ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်ကို နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
"ပြည်သူတွေအနေနဲ့ နောက်ပိုင်း စည်ပင်သာယာနဲ့ဆိုင်တဲ့ အရေးကိစ္စ ဖြစ်လာပြီဆိုရင် ကိုယ့်မြို့
နယ်မှာရှိတဲ့ အကြံပေးအဖွဲ့ဝင်ကို ပြောပြီး ဆောင်ရွက်ခိုင်းလို့ရပါတယ်။ "အကြံပေးအဖွဲ့ကို လုပ်ငန်း
ဆောင်ရွက်ချက်ရှိရင်ရှိသလို အစည်းအဝေးခေါ်ယူပြီး အကြံဉာဏ်များတောင်းယူသွားမယ်။ ပြည်သူ
တွေရဲ့ အဓိက လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက်ပေး သွားနိုင်မှာပါ"ဟု မန္တလေးမြို့တော်
စည်ပင်သာယာရေး ကော်မတီဝင် (၃) ဦးထွန်းကြည်က ပြောသည်။
အကြံပေးအဖွဲ့ဝင်များကို မြို့နယ်အလိုက် သတ်မှတ်ပေးထားရာ ဦးပိုမြင့် (ချမ်းအေးသာစံမြို့နယ်)
က ဦးဆောင်၍ ဦးညွန့်မောင် (အောင်မြေသာစံမြို့နယ်)၊ ဦးအောင်သိန်း (အောင်မြေသာစံမြို့နယ်)၊
ဦးမြဝင်း (ချမ်းအေးသာစံမြို့နယ်)၊ ဦးလှထွန်း (ချမ်းအေးသာစံမြို့နယ်)၊ ဦးဝင်းဖေမြင့် (မဟာအောင်
မြေမြို့နယ်)၊ဦးကျော်ဝင်း (မဟာအောင်မြေမြို့နယ်)၊ ဦးလှကြွယ် (ချမ်းမြသာစည်မြို့နယ်)၊
ဦးမြင့်အောင် (ပြည်ကြီးတံခွန်မြို့နယ်) နှင့် ဦးသန်းမြင့် (အမရပူရမြို့နယ်)တို့ဖြစ်ကြောင်းသိရသည်။















