မြေမဲ့အစက်ချ စိုက်ပျိုးနည်းစနစ်များကို သုတေသန ပြုသွားမည်

မြေမဲ့အစက်ချ စိုက်ပျိုးနည်းစနစ်များကို သုတေသန ပြုသွားမည်

အီတလီနိုင်ငံ၊ TDH အဖွဲ့မှ ဖြန့်ဖြူးပေးသွားသော စိုက်ပျိုးရေးနည်းစနစ်များနှင့် ပတ်သက်၍ သုတေ
သနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း မကွေးတိုင်းဒေသကြီး၊ ဆီထွက်
သီးနှံနှင့် ပဲမျိုးစုံအထူးပြုကျောင်းခွဲမှ ပါမောက္ခ ဒေါက်တာမီမီအောင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

"စီမံကိန်းကာလတုန်းက Demonstration ကို အဓိကထားလုပ်ရတာ ဆိုတော့ သုတေသနက
မပီပြင်ဘူး။ ဒါကြောင့် အခုစီမံကိန်းပြီးတဲ့အချိန်မှပဲ ကျောင်းသား ၄၅ ယောက်ကို အဖွဲ့ သုံးဖွဲ့ ခွဲပြီး
သုတေသနလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒီမြေမဲ့စိုက်ပျိုးရေးနည်းနဲ့ စိုက်ရင် ဘယ်မျိုးက ပိုထွက်နိုင်
လဲ၊ ရွက်ဖျန်း မြေဩဇာကိုသုံးမယ်ဆိုရင် အထွက်နှုန်း ပိုကောင်းမကောင်းစတာတွေကို သုတေသန
လုပ်သွားချင်ပါတယ်။ နောက်ပြီး မကွေးက ပူရင် အရမ်းပူတော့ အပူချိန် အပြောင်းအလဲနဲ့ဆို
ဟင်းသီးဟင်းရွက် ဘယ်လောက် ထုတ်နိုင်မလဲဆိုတာလည်း လေ့လာချင်ပါတယ်။ အခုလက်ရှိ
သုံးနေတဲ့ နည်းတွေကလည်း စိုက်ဖို့ပျိုးဖို့ ပြည့်စုံသင့်တော်ပါတယ်။ ကျွန်မတို့က ပိုကောင်းအောင်
ဘယ်လိုလုပ်မလဲဆိုတာပဲ သုတေသနဆက်လုပ်သွားမှာပါ"ဟု ဒေါက်တာမီမီအောင်က ဆိုသည်။

ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအထူးပြု ကျောင်းခွဲသည် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းလုပ်
ဆောင်ခြင်း မှာ ယခု ွှီံ နှင့် ပြုလုပ်သည့် စီမံကိန်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ဩစတြေးလျ
နိုင်ငံ အဖွဲ့အစည်းတစ်ခု ကလည်း အပူပိုင်းဒေသ သီးနှံစိုက်ပျိုးရေး ခေါင်းစဉ်ဖြင့် ကျောင်း၌လာ
ရောက် ဆောင်ရွက်ရန်ရှိကြောင်းလည်း ၎င်းက ပြောသည်။

မကွေးကျောင်းခွဲသည် စိုက်ပျိုးရေး တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလမှ
စတင်ဖွင့်လှစ်ခဲ့ ကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၏ နောက်ဆုံးနှစ် ကျောင်းသူကျောင်းသားများ
တောင်သူနှင့် ရင်းနှီးမှုရရှိစေရန်၊ ဒေသတစ်ခု၏ အခက်အခဲ၊ အကောင်း၊ အဆိုးများကို လေ့လာနိုင်
ရန်ရည်ရွယ်ပြီး ကျောင်းခွဲများသို့ စေလွှတ်ခြင်းဖြစ်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းခွဲပေါင်း
ခုနစ်ကျောင်းရှိကြောင်း သိရသည်။

"ဒီကျောင်းကတော့ ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံကို အထူးပြုလေ့လာရတဲ့ ကျောင်းပါ။ အခုနောက်ပိုင်း
တော့ အပူပိုင်းဒေသက သီးနှံအားလုံးကို ခြံုငုံလေ့လာနိုင်ဖို့အတွက် အပူပိုင်းဒေသ သီးနှံစိုက်ပျိုးရေး
ကျောင်းခွဲအဖြစ် ပြောင်းလဲပေးဖို့ ပြည်ထောင်စုဝန်ကြီးဆီစာတင်ထားပါတယ်။

"ဒီဒေသမှာ ဖွင့်လှစ်ထားတဲ့ စိုက်ပျိုး ရေးကျောင်းအုပ်တစ်ယောက်အနေနဲ့ ဒီဒေသမှာ ရိတ်သိမ်းချိန်
လွန် နည်းပညာတွေနဲ့ ပတ်သက်ပြီး သင်တန်းပေးဖို့ လိုအပ်နေတယ်လို့ ထင်ပါတယ်။ နောက်ပြီး
ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ အပူဒဏ်ခံနိုင်တဲ့ မျိုးတွေထုတ်ဖို့ လိုအပ်ပါတယ်။ တောင်သူ
တွေလက်ထဲမှာ ရှိပြီးသား မျိုးတွေကိုပဲ ပြန်လည် စုဆောင်းပြီး အထွက်နှုန်းကောင်းအောင် ပြန်ပြင်
ပေးရမှာပါ။ ဒီဒေသအတွက် စီမံကိန်းတွေ လုပ်မယ်ဆိုရင်လည်း တောင်သူတစ်ဦးချင်းရဲ့ မိသားစု
၀င်ငွေမြင့်မားမယ့် စီမံချက်တွေကို များများလုပ်စေချင်ပါတယ်"ဟု ဒေါက်တာ မီမီအောင်က
ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး