မကွေးမြို့နယ် အကြိုအခြေခံ မီးသတ်သင်တန်းဖွင့်လှစ်

မကွေးမြို့နယ် အကြိုအခြေခံ မီးသတ်သင်တန်းဖွင့်လှစ်

မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ညှိနှိုင်းကာ ဈေးများမီးဘေး
ကာကွယ်ရေးအတွက် သီးသန့်မီးသတ်အကြို အခြေခံ မီးသတ်သင်တန်းဖွင့်လှစ်ခဲ့ရာ မြို့ပေါ် ဈေး
၅ ဈေးရှိ ဈေးသည်များ၊ ဈေးအလုပ်သမားများ၊ ဈေးညစောင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့
၀န်ထမ်းများ၊ အင်အား ၁၀၀ တက်ပြီး သင်တန်းမှာ ၁၀ ရက်ကြာမြင့်မည်ဖြစ်သည်။

တဖန်မကွေးမြို့နယ် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့ပေါ်ရှိ မီးသတ် ရေလှောင်ကန်းများ
ရေဖြည့်တင်းခြင်း၊ ပျက်စီးနေသော မီးသတ်ရေလှောင်ကန် များ ပြန်လည်ပြုပြင်ရေဖြည့်ခြင်းများကို
မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ က မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊
ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ
ဒိုင်းရှင်းစက် ရှစ်လုံးမီးသတ်ဆေး ဘူး ၁၀၅ ဘူးထားရှိသည့်အပြင် စည်ပင်ပိုင်ရေသယ်ယာဉ်ငါးစီးကို
ရေအပြည့် ဖြည့်၍ ဒိုင်းရှင်းစက်များတင်လျက် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မြို့ပေါ်ဈေးများ
တွင် အသင့်အသုံးပြုနိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး