နှလုံးလှပင်လယ် ကုသိုလ်ဖြစ်ဆေးခန်း တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ

နှလုံးလှပင်လယ် ကုသိုလ်ဖြစ်ဆေးခန်း တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ

မန္တလေးမြို့ပေါ်မှ လူနာများသာမက နယ်မှလူနာများကိုပါ အခမဲ့ကုသပေးနေ သော နှလုံးလှ
ပင်လယ် ကုသိုလ်ဖြစ် ဆေးခန်း တစ်နှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ဖေဖော်ဝါရီလ
၃ ရက်နေ့က ဆေးခန်းတည်ရှိရာ အောင် မြေသာစံမြို့နယ်၊ ပင်လယ်တိုက်၊ ရွှေမန်း အုဌ်ကျောင်း
တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က စတင်ဖွင့်လှစ်ခဲ့သည့် နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်း သည် ရန်ပုံငွေအခက်အခဲများ ရှိခဲ့သော် လည်း လက်ရှိအချိန်တွင် ဆေးခန်း လည်ပတ်နိုင်ရေးအတွက် လှူဒါန်းနေဆဲ အလှူရှင်များအပြင် လစဉ်အလှူရှင်များ ထပ်မံ ပေါ်ပေါက်လာခဲ့သည်ဟု ဆေးခန်းဒုဥက္ကဋ္ဌ ဦးသန့်ဇော်က ပြော သည်။ "ဆေးခန်းလည်ပတ်ဖို့ အခက်အခဲ တွေရှိခဲ့ပေမယ့် ခုတော့ကျော်လွှားနိုင်ခဲ့ ပါပြီ။ ဒီလိုအခက်အခဲတွေကို ကျော်လွှား နိုင်တာဟာ ဆေးခန်းမှာလာရောက် ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ကြိုးစားမှုနဲ့စေတနာကို တုံ့ပြန်တယ်လို့ပဲ ယူဆပါတယ်။ အလှူရှင်တွေ ပေါ်ပေါက် လာတဲ့အတွက် လစဉ်ခုနစ်သိန်းဝန်း ကျင်လောက်ရနေပါပြီ။ နောက်ထပ် လည်းအလှူရှင်တွေ ထွက်ပေါ်လာဦး မယ်လို့မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။ ဆေးခန်းဖွင့်လှစ်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း မန္တလေးမြို့ပေါ်မှလူနာ များ လာရောက်ကုသမှုနည်းပါးသော် လည်း ရပ်ဝေးမှလူနာများ လာရောက် ကုသမှုမှာ ထူးထူးခြားခြားများပြားခဲ့ပြီး၊ လူနာပေါင်း နှစ်သောင်းနီးပါး ကုသပေးခဲ့ ရသဖြင့် ဆေးခန်းကို လက်ရှိအနေ အထားထက် တိုးချဲ့သွားဖို့အစီအစဉ်ရှိ ကြောင်းလည်း ဦးသန့်ဇော်က ပြောကြား သည်။ "နယ်ဘက်ကလူနာတွေ ပိုများတယ်။ ရွှေဘို၊ ရှိမ်းမကား၊ မတ္တရာနဲ့မန္တလေးမြို့ ပတ်ဝန်းကျင်ကဆိုရင် အုန်းချော၊ ထုံးဘို ဘက်ကလူနာတွေလည်း လာကုကြ တယ်။ တစ်နေ့ကို ပျမ်းမျှလူနာ ၆၀ လောက်ကုသပေးရတယ်။ ဆေးခန်း မှာ အခမဲ့လာရောက် ကူညီကုသပေးနေ တဲ့ဆရာဝန်၊ ဆရာမတွေကတော့ ဒီနေ့ အထိ ၃၆ ယောက်ရှိပါတယ်။ ဆေးခန်း တိုးချဲ့ဖို့ကိုလည်း ဆေးခန်းရဲ့နာယက ဖြစ်တဲ့ ဆရာတော်ဦးဓမ္မသာမိက အဆောက်အအုံ ဆောက်ဖို့မြေနေရာ ပေးထားပါတယ်"ဟု ၎င်းကပြော သည်။ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ်နိုင်ရန် ပင်လယ်တိုက် ကျောင်း ဆရာတော်ဦးဓမ္မသာမိက နေရာစီစဉ်ပေးခဲ့ပြီး၊ ခရစ်ယာန် ဘုန်းတော်ကြီးဖြစ်သူ ရွှေနှလုံးတော် ဖာသာအေးကျော်က မတည်ငွေ ကျပ် သိန်း ၅၀ ဖြင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နှလုံးလှပင်လယ် ကုသိုလ်ဖြစ်ဆေးခန်းကို သီတင်းနှစ်ပတ် လျှင် တနင်္ဂနွေတစ်ရက်သာပိတ်၍ နေ့စဉ်ကုသပေးနေပြီး၊ နယ်မြို့များသို့ လည်း သွားရောက်ကုသပေးလျက် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး