ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းထုတ်ခံရသည့်ကျောင်း
သားများ ပြန်လည်တက်ရောက်ခွင့်ရရေးအတွက် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ် ဒေါ်စန္ဒာမင်းထံသို့ သွား ရောက်တွေ့ဆုံခဲ့သည်။
၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ကျောင်းထုတ်ခံရသော ကျောင်းသား ၄၅၀ ခန့်က ကျောင်းပြန်
လည်တက် ရောက်ခွင့်ရရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။
လွှတ်တော်တွင် အဆိုပါကိစ္စ မေးမြန်းခဲ့ကြပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် ရန်ကုန်မြို့၌ သတင်း
စာရှင်းလင်းပွဲ ထပ်မံပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းသားများက ကျောင်းတွင်းစီမံခန့်ခွဲမှုလွဲမှားခြင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရသော ကိစ္စ
ရပ်များအပေါ် ရှင်းလင်းပွဲတစ်ရပ်ကို ယမန်နှစ် အောက်တိုဘာလကတည်းက ကျင်းပ ပြုလုပ်ခဲ့ခြင်း
ဖြစ်သည်။
အဆိုပါရှင်းလင်းပွဲတွင် သတ်မှတ် ကျောင်းတက် ရ၅ ရာခိုင်နှုန်း မပြည့်မီ၍ ကျတစ်ကျအဖြစ် သတ်
မှတ်ခံရခြင်း၊ Compartment system ဆိုသည့် တိုက်ရိုက်အနီ၊ နှစ်ဝါတစ်နီစနစ်ခေါ် အပိုင်းပိုင်းခွဲ၍
အကြိမ်ကြိမ်အရည် အချင်းစစ်ဆေးခြင်း၊ ကျောင်းမှပညာ သင်ရပ်စဲကြောင်း ထုတ်ပြန်ရာတွင်
တစ်ဘာသာကျသည်ဖြစ်၊ နှစ်ဘာသာကျသည်ဖြစ်စေ ဘာသာရပ်အားလုံး ကျရှုံးအဖြစ် သတ်မှတ်
ထုတ်ပြန််ခြင်း၊ ကျောင်းပြီးသော်လည်း သတ်မှတ်ကာလ နှစ်နှစ်အတွင်း အလုပ်သင် တာဝန်
အပြည့် တစ်နှစ်မထမ်းဆောင်နိုင်၍ ကျောင်းမှထုတ်ပယ်ခြင်းများ ရှိနေခြင်း တို့အကြောင်း ရှင်းလင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကျောင်းထုတ်ခံရခြင်းနှင့် ပတ်သက်၍ "သတ်မှတ်ထားတဲ့သုံးကြိမ် ဖြေလို့မှမအောင်ရင်
ဆရာဝန်ဖြစ်ဖို့ လိုက်လို့မမီတော့ဘူးပဲ ဖြစ်ပါတယ်။ အဲဒီလိုဆရာဝန်ဖြစ်ဖို့ စံမမီတော့တဲ့သူ ကို
ဆရာဝန်ဖြစ်ခွင့်ပေးလိုက်ရင် ပြည်သူ တွေပဲနစ်နာမှာ။ ကျွန်တော်တို့က ဒီစနစ် ဒီမူတွေကို
အကောင်အထည်ဖော်ပေးရ တာပဲရှိတယ်။ အောင်တာကျတာက ကျောင်းသားသူ့ဘာသာ
သတ်မှတ်တာပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆေးတက္က သိုလ် လေးခုရှိတယ်။ မေးခွန်းတွေက
အတူတူပ၊ဲ စံတစ်ခုတည်းပဲဖြစ်တယ်။ ဘွဲ့ပေးလိုက်တာနဲ့ ဆရာဝန်မှတ်ပုံတင်ဆိုတဲ့ ဆေးကုသခွင့်
လိုင်စင် တစ်ပါတည်း ပေးလိုက်တာဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် နိုင်ငံပိုင်ဆေး
တက္ကသိုလ်က ၁၇ ခု၊ ပုဂ္ဂလိကကတစ်ခု သူ့ သင်ရိုးညွှန်တမ်းနဲ့သူ သင်ရတာပါ။ အဲဒီ တော့စံကို
ဘယ်လိုသတ်မှတ်လဲဆိုတော့ ထိုင်းဆေးကောင်စီက စစ်တဲ့စာမေးပွဲ ကို သင်တန်းကာလအတွင်း
မှာ နှစ်ကြိမ် ဖြေရတယ်၊ ဘွဲ့ရပြီးတော့ တစ်ကြိမ်ဖြေရတယ်။ အဲဒီတော့ ကျွန်တော်တို့က ဘွဲ့ရတာ
နဲ့ တစ်ပြိုင်နက် ဆေးကုသခွင့် လိုင်စင်ပါပေးတဲ့အတွက် တာဝန်ပိုကြီးတယ်။ သတ်မှတ်ထားတဲ့
စံမမှီရင် ဘယ်လိုလုပ် အအောင်ပေးမှာလဲ။ အရည်အချင်းမပြည့်မီတဲ့ ဆရာဝန်တွေကို မွေးထုတ်
ပေးမိရင် ပြည်သူလူထု တစ်ရပ်လုံးနစ်နာပါတယ်" ဟု ပါမောက္ခ ချုပ်ဒေါက်တာသန်းဝင်းက
အောက်တို ဘာလကုန်ပိုင်းက တွေ့ဆုံခဲ့သည့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။















