ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၏ ဒေသခံအင်းသားများ ပါ၀င်သော ဟိုတယ်နှင့် ခရီးသွား
လုပ်ငန်းအုပ်စုကြီး တည်ထောင်ရန် ရည်မှန်းချက်ဖြင့် လုပ်ငန်းဖြစ်မြောက်ရေး ကော်မတီကို ကနဦး
ဖွဲ့စည်းနိုင်ရေးအတွက် အကြို ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ကုန်ပိုင်းက ကျင်းပပြုလုပ်ခဲ့
ကြောင်း သိရသည်။
အဆိုပါ အကြိုညှိနှိုင်း အစည်းအဝေး တွင် အင်းလေးဒေသနှင့် ဒေသခံအင်း သားများ ဖွံ့ဖြိုးရေးအတွက် ဒေသတွင်း အများပိုင်ဟိုတယ်နှင့် ခရီးသွားပို့ဆောင် ရေးလုပ်ငန်းစု တရားဝင်ထူထောင်ရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါအကြံုပြုစာထဲတွင် ဒေသ တွင်း ခရီးသွားပို့ဆောင်ရေးလုပ်ငန်းစု အကောင်အထည်ဖော်ရန် ကနဦး လုပ်ငန်းဖြစ်မြောက်ရေးကော်မတီ တစ်ခုကို ပညာတတ်အင်းသားလူငယ် များ စုစည်းတိုင်ပင်၍ ကော်မတီတစ်ရပ် ဖွဲ့စည်းထားရန်၊ ဒေသတွင်းခရီးသွား ပို့ဆောင်ရေး ကနဦးဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းပြီးပါက တရားဝင် ဒေသတွင်း အများပိုင်ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းစုတည်ထောင်ရန် လိုအပ် သော ငွေကြေးပမာဏ မည်ကဲ့သို့ရှာဖွေရ မည်ကို ၀ိုင်းဝန်းစဉ်းစားအဖြေရှာပေးရန်၊ သို့မဟုတ် ဒေသကို ချစ်မြတ်နိုးသော လူတစ်ဦးတစ်ယောက်၏ မတည်မှုဖြင့် ဟိုတယ်နှင့် ခရီးသွားပို့ဆောင်ရေး လုပ်ငန်းစုကို တရားဝင်ထူထောင်ရန်ပါရှိ သည်။ ကျန်ရှယ်ယာများကို တရားဝင် ကြေညာ၍ ၁၃၊ ညရန (နိုင်) နိုင်ငံသား ကတ်ကိုင်ဆောင်သူ မည်သူမဆို လူ တစ်ဦးလျှင် ရှယ်ယာငါးစောင်ထိ ၀ယ်ယူ ခွင့်ရရှိအောင် ကြီးကြပ်ရောင်းချနိုင်ရေး အတွက် စီစဉ်ရမည်ဟုပါရှိသည်။ တစ်ချိန်တည်းတွင် ဟိုတယ်မြေနေရာ အတွက် လုပ်ငန်းစုက အင်းတိုင်းရင်း သားရေးရာဝန်ကြီးထံတင်ပြပြီး ရွေးချယ် ၀ယ်ယူရန်တို့လည်းပါရှိသည်။ ထိုနေ့တွင် အထက်ပါအကြောင်း အရာတို့ ပါ၀င်သော အကြံပြုချက် ၁၄ ချက် ပြုလုပ်ခဲ့ပြီး အင်းသူအင်းသား ၅၀ ခန့် တက်ရောက်ခဲ့သည်။ အင်းလေးဒေသတွင်း၌ ဟိုတယ်နှင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်း အလိုက် ပိုင်ဆိုင်မှုများတွင် ဒေသခံတိုင်းရင်းသား များပိုင် လုပ်ငန်းများမှာ ၁၀ ရာခိုင်နှုန်း ခန့်သာရှိပြီး ကျန် ၉၀ ရာခိုင်နှုန်းမှာ အခြား ဒေသများမှ လာရောက်လုပ်ကိုင်သော လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှုသာဖြစ် သည်။ ဟိုတယ်လုပ်ငန်းနှင့် ပတ်သက်၍ ဟိုတယ်၊ မိုတယ်၊ အင်းအများစုမှာ ဒေသခံအင်းသားပိုင်ဆိုင်မှု နည်းပါးပြီး ပိုင်ဆိုင်သော လုပ်ငန်းပမာဏမှာလည်း အသေးစားလုပ်ငန်း အဆင့်သာရှိသည်။ ကျန်ဟိုတယ်ကြီးများမှာ ဒေသခံမဟုတ် သည့် ပြင်ပလုပ်ငန်းရှင်များကသာ ပိုင်ဆိုင်ထားပြီးလျှင် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများ ၏ ရ၅ ရာခိုင်နှုန်းကို ၎င်းတို့ကသာ ချုပ်ကိုင်ထားသည်။ ထို့ပြင် ၀န်ထမ်းများ ခန့်ထားမှု အခြေအနေတွင်လည်း စီမံ ခန့်ခွဲမှုနှင့် လုပ်ပိုင်ခွင့်ရှိသည့် ရာထူးများ ကို ဒေသခံတိုင်းရင်းသားများ ခံစားမှုမရ ရှိကြောင်း အဆိုပါနေ့တွင် ဆွေးနွေးခဲ့ကြ သည်။ ထို့ပြင် ခရီးသွားပို့ဆောင်ရေး မော် တော်ယာဉ် (ကား) ပို့ဆောင်ရေးတွင် လည်း ထိုလုပ်ငန်းစုများသို့ ယာဉ်ဝင်ခွင့်ရ ထားသော ဒေသခံတိုင်းရင်းသားပိုင် မော်တော်ယာဉ်မှာ အနည်းငယ်သာရှိ သည်။ မန္တလေးနှင့် ပုဂံကဲ့သို့ စက်လှေ၊ မော်တော်ယာဉ် ငှားရမ်းခများကို တစ် ဈေးတည်းသတ်မှတ်သည့် အဖွဲ့အစည်း တစ်ခု မရှိသည့်အတွက် ဈေးကွက်လု သည့် ပြဿနာများကိုပါ ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။ အင်းလေးညောင်ရွှေဒေသသည် ကမ္ဘာလှည့်ခရီးသွားများ အများဆုံး စိတ်ဝင်စားသည့်ဒေသဖြစ်ပြီး အင်းလေး ဒေသတွင် ရွာပေါင်းလေးရာကျော် ရှိသည်။
















