ဆက်သွယ်ရန် - ဧကရီခြံ၊ ဓမ္မစကြာလမ်း၊ နန်းရှေ့ရေနီမြောင်းအနီး၊ အောင်မြေသာစံမြို့နယ်
ဈေးနှုန်း - ဈေးနှုန်း-အရောင်း(ညှိနှိုင်း)
ဖုန်း - ဖုန်း-၀၉-၄၃၁၅၁၅၁၇
ဒီတစ်ပတ်တော့ မိသားစုများများနဲ့ ဆိတ်ငြိမ်ရပ်ကွက်မှာ ကျယ်ကျယ်ဝန်းဝန်း နေချင်တဲ့သူတွေ
အတွက် အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ပိုင်ဆိုင်နိုင်မယ့် နန်းရှေ့ရေစစ်ကန်နား က တိုက်အိမ်
လေးနှစ်လုံးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
မန္တလေးမြို့ကို ရေပေးဝေနေတဲ့ ရေစစ်ကန်ရဲ့ မြောက်ဘက်အခြမ်းမှာရှိပြီး ဧကရီခြံလို့ အမည်တပ်
ထားတဲ့ ဒီခြံကြီးထဲမှာ အာရ်စီတစ်ထပ်တိုက် အိမ်လေးတစ်လုံး နဲ့ နှစ်ထပ်တိုက်အိမ်လေးတစ်လုံး
ပါ၀င်ပါတယ်။
ဒီတိုက်အိမ်လေးတွေရဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်တော့ မနီးမဝေးမှာ နန်းရှေ့ဈေးရှိ
တဲ့အတွက် အိမ်ရှင်မတွေအတွက် အဆင်ပြေနိုင်သလို၊ မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ ၆၂ လမ်း
မကြီးနဲ့နီးတဲ့အတွက် သွားရေးလာရေးလည်းအဆင်ပြေပြီး စီးပွားရေး လုပ်ချင်တဲ့သူတွေအတွက်
လည်း အခွင့်အလမ်းသင့်စေပါတယ်။
ခြံအကျယ်အဝန်းအနေနဲ့ကတော့ ပေ (၅၀x၁၀၀) စတုရန်းပေ ၅,၀၀၀ ပေါ် မှာ ၄၅ ပေ ပတ်လည်ရှိ
တဲ့ တစ်ထပ်တိုက်အိမ် လေးကို တည်ဆောက်ထားပါတယ်။
အိမ်ထဲမှာတော့ ဘုရားခန်းကို သီးခြားဖွဲ့စည်းထားပြီး ရေချိုးခန်း၊ အိမ်သာ တွဲရက်ပါရှိတဲ့ မိသားစု
အိမ်ခန်းနှစ်ခန်းနဲ့ ရိုးရိုးအိပ်ခန်းတစ်ခန်း ဖွဲ့စည်းထားပြီး ထမင်းစားခန်းကိုလည်း ထည့်သွင်းထားပါ
သေးတယ်။
နောက်ထပ်နှစ်ထပ်တိုက်အိမ်လေး တစ်လုံးကတော့ အကျယ်အဝန်းအား ဖြင့် ပေ၂၀ ပတ်လည်ရှိပါ
တယ်။
ဒီတိုက်လေးရဲ့အောက်ထပ်မှာတော့ အခန်းရယ်လို့ သေသေချာချာဖွဲ့စည်းထားခြင်း မရှိဘဲ လက်ရှိ
မှာ ကားဂိုဒေါင်တစ်ခြမ်းနဲ့ ရုံးခန်းပုံစံ တစ်ခြမ်းစီဖွဲ့စည်းထားတာကြောင့် ကားရှိတဲ့သူတွေ အဆင်
ပြေနိုင်သလို၊ အပေါ်ထပ်မှာလည်း အခန်းဖွဲ့စည်းထားခြင်းမရှိတာကြောင့် ကုမ္ပဏီ ရုံးခန်းဖွင့်မယ်ဆို
ရင် အဆင်ပြေနိုင်တဲ့ အနေအထားရှိပါတယ်။
အားသာချက်အနေနဲ့ ခြံဝင်းကျယ်ဝန်းတာကြောင့် ကလေးရှိတဲ့မိသားစု တွေအတွက် လွတ်လွတ်
လပ်လပ် အပန်း ဖြေနိုင်သလို၊ သစ်ပင်ပန်းမန်စိုက်ပျိုးတာ ၀ါသနာပါတယ်ဆိုရင်လည်း အသင့်တော်
ဆုံးအနေအထားပါ။
တစ်ထပ်တိုက်အိမ်လေးထဲမှာ ကြိုးဖုန်းပါ၀င်သလို၊ ရေအတွက်အခက် အခဲမဖြစ်ရအောင် ရေမီတာ
အပြင် ရေနီ မြောင်းကရေပါ သွယ်တန်းထားပါတယ်။
လျှပ်စစ်မီးအနေနဲ့လည်း မီတာပါ၀င်တဲ့ အပြင် နှစ် ၃၀ ဂရန်ပါ၀င်တဲ့ ဒီတိုက်အိမ် လေးတွေကို စိတ်
၀င်စားတယ်ဆိုရင်တော့ အောက်ပါလိပ်စာအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
















