မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ရှိ အစိုးရဌာနရုံးများကို တစုတစည်းတည်းဖြစ်စေရန်
မြို့ကွက်သစ်ဖော်ထုတ်မည့်နေရာသို့ ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ အရှေ့တောင်ဘက်အရပ်ရှိ မြေဧကတစ်ရာကျော်အတွင်း မြို့ကွက်သစ်ဖော်ထုတ်
ပြီး၊ ဌာနဆိုင်ရာရုံးများနှင့် လူနေအိမ်များ ပြောင်းရွှေ့နိုင် စေရန် စီစဉ်လျက်ရှိသည်။
"ရုံးတွေကို စုပေါင်းလိုက်တဲ့အတွက် တစ်ရုံးနဲ့တစ်ရုံး အချက်အလက် တောင်းတဲ့အခါတွေမှာလည်း
အဆင်ပြေမယ်။ အချိန်ကုန် ငွေကုန်သက်သာမယ်။ One Stop Service နဲ့ ပြည်သူတွေကို
ဆောင်ရွက်ပေးနိုင်မယ်"ဟု အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောသည်။
အိမ်ထောင်စုပေါင်း ၂,၂၈၅ စုရှိသည့် သပိတ်ကျင်းမြို့တွင် ယခင်က ရေကြောင်းတစ်ခုတည်းသာ
အဓိက အားထားနေခဲ့ရပြီး မြို့အနေအထားမှာလည်း အဓိကလမ်းမကြီး၏ အတွင်းပိုင်းတွင် တည်ရှိ
နေသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေစေရန် ကမ္ဘာအေးမြို့ကွက်သစ်ကို
ဖော်ထုတ် ရခြင်းဖြစ်ကြောင်း အဆိုပါအုပ်ချုပ်ရေး အရာရှိက ပြောသည်။
မြို့ကွက်သစ်ဖော်ထုတ်ရာတွင် (လန-၃၀-ခ) လယ်ယာမြေကို အခြားသုံးစွဲခွင့် ရရှိရန်တင်ပြထားပြီး
လက်ရှိတွင် ကနဦး မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေရာ ဧက ၄၀ ခန့်ထိ ပြီးစီးပြီ
ဖြစ်ကြောင်း သိရသည်။















