တိရစ္ဆာန်အစာအဖြစ်အသုံးပြုသော ပဲဖတ်၊ နှမ်းဖတ် ဈေးအကျများ

တိရစ္ဆာန်အစာအဖြစ်အသုံးပြုသော ပဲဖတ်၊ နှမ်းဖတ် ဈေးအကျများ

တိရစ္ဆာန်အစာအဖြစ်အသုံးပြုသော ပဲဖတ်နှင့် နှမ်းဖတ်မှာ လွန်ခဲ့သည့် ၁၀ ရက် ခန့်မှစ၍တစ်ပိဿာ
လျှင် ကျပ် ၁၅၀ မှ ၂၀၀ ထိ ကျဆင်းသွားကြောင်း သိရသည်။

ဈေးကျရခြင်းမှာ အဓိကဝယ်ယူနေ သော စီပီကုမ္ပဏီက ဈေးချဝယ်ယူခြင်း ကြောင့် ဖြစ်သကဲ့သို့
ရန်ကုန်မှ မွေးမြူ ရေးသမားအချို့က အိန္ဒိယမှ တင်သွင်း သောပဲပုပ်ဖတ်ကို အစားထိုးအသုံးပြု
နေခြင်းကြောင့်လည်း ဖြစ်သည်ဟု မန္တလေး ကုန်စည်ဒိုင်ပြန်ကြားရေးအဖွဲ့ က ပြောသည်။

လက်ရှိတွင် ပဲဖတ်တစ်ပိဿာလျှင် ကျပ် ၈၈၀ မှ ၉၀၀ ကြား၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ်
၁,၀၀၀ မှ ၁,၀၅၀ ကြားအသီးသီးရှိပြီး နိုင်ငံခြားမှ တင်သွင်း သော ပဲပုပ်ဖတ်မှာ တစ်ပိဿာလျှင်
ကျပ် ၉၁၀ ခန့်သာရှိကြောင်း သိရသည်။

"ပဲပုပ်ဖတ်က ရန်ကုန်အရောက်မှ တစ်ပိဿာ ကျပ် ၉၁၀ ပဲ ရှိတယ်။ သူက ပရိုတင်းပါ၀င်မှုနှုန်း
လည်းများတယ်ဆိုတော့ အဲဒါကိုပဲ တချို့ကသုံးကြ တော့တယ်။

"မန္တလေးလုပ်ငန်းရှင်တွေကတော့ ဒေသထွက်ပဲ သုံးကြတုန်းပါပဲ။ ဒါပေမဲ့ ဈေးချဝယ်တယ်။ အရင်
တုန်းက စီပီက ဈေးချဝယ်လည်း ငါးသမားက ပြိုင်ဝယ် တော့ သူတို့ချပေမယ့်လည်း ဈေးကလိုက်
မကျဘူး။ အခုတော့ ငါးသမားကလည်း အဝယ်နည်းသွားတော့ အဓိကဝယ်တဲ့ သူကိုပဲ သူတို့ဝယ်
တဲ့ဈေးနဲ့ ရောင်းနေရတယ်။

"ဆောင်းတွင်းဆို ဆီစက်သမားတွေ စက်လည်တယ်။ အဲဒီတော့ ပဲဖတ်၊ နှမ်း ဖတ်ပေါတယ်ဆိုတဲ့
အတွေးနဲ့ သူတို့ကချဝယ်ကြတာပဲ။ "တကယ်တမ်းကျတော့ သူတို့ထင် ထားသလို စက်သမားတွေ
အလုပ်မဖြစ် တာကြာပါပြီ။ နောက်တစ်ခုက ဖေဖော်ဝါရီနဲ့ မတ်လဆို ကြက်ငှက်တုပ်ကွေး ရာသီ
ဖြစ်တာမို့ လျှော့ဝယ်တာလို့လည်း ထင်ပါတယ်"ဟု ဆီစက်လုပ်ငန်းရှင် တစ်ဦးကလည်း ဆိုသည်။

နိုင်ငံတော်က စားသုံးသူများ ဈေးချိုချိုသာသာနှင့် စားသုံးနိုင်စေရန် ပြည်ပမှ စားဆီများကို တင်သွင်း
ခွင့်ပြုခြင်း၊ မွေးမြူရေးသမားများအတွက် တိရစ္ဆာန်အစာကို ပြည်ပမှဈေးချိုချိုဖြင့် တင်သွင်းပေးခြင်း၊
ကုန်ကြမ်းမြေပဲကို တောင်သူများ ဈေးကောင်းကောင်းရစေရန် ပြည်ပသို့ တင်ပို့ခွင့်ပြုထားခြင်းတို့
ကြောင့် လူအများစုအဆင်ပြေသော်လည်း လူနည်းစု ဆီစက်လုပ်ငန်းရှင်များမှာ အထိနာလျက်ရှိပြီး
ပြည်တွင်း ဆီကောင်းဆီသန့် စားသုံးသူများလည်း ဈေးကြီးပေးဝယ် နေရကြောင်း အဆိုပါလုပ်ငန်း
ရှင်များက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး