ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြပြီးဟုဆို

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြပြီးဟုဆို

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မှ မြို့ခံများက ၎င်းတို့မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို ပြန်လည်ဖြုတ်ချနိုင်ရေး အတွက် မဲဆန္ဒရှင်များ၏ သဘော
ထား လက်မှတ်များကို စုဆောင်းနိုင်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးပို့တင်ပြ
ထားပြီးဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်ပေါင်း ၉၀,၀၀၀ ကျော်ရှိ သည့် တံတားဦးမြို့နယ်၌ ပြီးခဲ့သော ဇန်န ၀ါရီလနောက်ဆုံးပတ်
တွင် သဘောထားလက်မှတ်ထိုးစုဆောင်းပွဲ ကျင်းပခဲ့ပြီး နောက် ယခုလ ၄ ရက်နေ့ တွင် လက်မှတ်
ပေါင်း ၁,၂၄၀ စုဆောင်းရရှိခဲ့ကာ နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ
သို့ ပေးပို့ ထားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"လက်မှတ်ထိုးထားတာတွေကို ကျွန်တော်တို့ ပေးပို့ပြီးပါပြီ။ လူထုက မနှစ်သက်တော့ရင် မဲဆန္ဒရှင်
တွေရဲ့ သဘောထား တစ်ရာခိုင်နှုန်းရရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ပြန်လည်ဖယ်ရှား
နိုင်ဖို့ ဥပဒေအရ ရှိနေ ပေမယ့် နည်းဥပဒေမထွက်သေးလို့ တရားဝင်ရုပ်သိမ်းခွင့်ရဖို့တော့ စောင့်ရဦး
မှာပါ"ဟု တံတားဦးမြို့နယ်မှ အင်န်အယ်လ်ဒီပါတီဝင် ဦးမြတ်ဆွေက ယခုလ ၁၁ ရက်နေ့တွင် ပြော
သည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်သန္တာ
မှာ လူထု ထောက်ခံချက်ဖြင့် ပြိုင်ဘက်များကို အနိုင်ရခဲ့သော်လည်း ယခုအခါ ကျင်းပ ပြီးခဲ့သော
အင်န်အယ်လ်ဒီပါတီ၏ ရပ်ကွက်၊ မြို့နယ်အဆင့်ညီလာခံများတွင် မသမာမှုများရှိခဲ့ခြင်းနှင့် ပါတီဝင်
များ၏ သဘောထားဆန္ဒအရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ခရိုင် ညီလာခံကျင်းပရေး
ကော်မရှင်အတွင်းရေးမှူး ဒေါက်တာအောင်စိုးမြင့်က ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာကမူ မြို့နယ်ညီလာခံတွင် ၎င်းအနိုင်ရသည်မှာ
မသမာ၍မဟုတ် ကြောင်း၊ ဆန္ဒမဲပေးသူများက စိတ်ကြိုက်မှတ်သား၍ မဲပေးနိုင်ကြောင်း၊ စွပ်စွဲသူ
များအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်တာဝန်ယူရန်လိုကြောင်း ယခုလ ပထမပတ်တွင် ပြောကြားခဲ့
သည်။

"ဒီမြို့နယ်မှာ ဒေါ်ခင်သန္တာက (လူထု နဲ့ခွဲခြားပြီး) တစ်စင်ထောင်ဖို့လုပ်နေတာပါ။ ကျွန်တော်တို့
လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ သူ့ကိုပြန်ပယ်ဖို့ လုပ် နေတာကလည်း ခရိုင်ကော်မရှင်
အတွင်း ရေးမှူးတစ်ယောက်တည်း ခေါင်းဆောင် ပြီးလုပ်နေတာ မဟုတ်ပါဘူး။ သူ့ကို မနှစ်သက်
ကြတဲ့အချက်တွေရှိလို့ အားလုံး ပူးပေါင်းလုပ်ဆောင်နေကြတာပါ။ ဒါကို တစ်မြို့နယ်လုံးက နယ်ခံ
တွေကို လိုက်မေးကြည့်နိုင်ပါတယ်"ဟု ဦးမြတ်ဆွေက ဖြည့်စွက်ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး