မန္တလေးမြို့တွင် စည်းကမ်းမဲ့ ရပ်နား ထားသောကားများကို ယာဉ်တင်ကား ကြီး(Tow Truck)များ
ဖြင့် ရှင်းလင်းသယ်ယူကာ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။
"ဖြူနီကြားမှာ ရပ်ထားတဲ့ကားတွေ ရော၊ နောက်ပြီး တခြားစည်းကမ်းမဲ့ ရပ်ထားတဲ့ကားတွေရောကို
Tow Truck နဲ့ ဆွဲပြီးတော့ ဒဏ်ရိုက်မယ်။ ဒီလိုအရေးယူဖို့အတွက် Tow Truck တစ်စီးကို တရုတ်
နိုင်ငံကနေ မှာယူထားပါတယ်။ ကားရောက်တာနဲ့တစ်ပြိုင်နက် အရေးယူမှုတွေကို ချက်ခြင်းစတင်ပါ့
မယ်"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့အရေးယူမှုများကို မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်း၊ လမ်း
စည်းကမ်းကြီးကြပ်မှုကော်မတီတို့ပူးပေါင်းကာ အရေး ယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
"ယာဉ်ထိန်းကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ လမ်းပေါ်မှာ စည်းကမ်းမဲ့
ရပ်ထားတယ်လို့ ယာဉ်ထိန်းက အကြောင်းကြားတယ်ဆိုရင် ယာဉ်ထိန်းနဲ့ ညှိနှိုင်းပြီး အဲဒီကားကို
သွားဆွဲမယ်။ တစ်နေရာမှာထားမယ်။ ဒဏ်ငွေရိုက်ပြီး ပြန်ပေးမယ်"ဟု အဆိုပါ တာဝန်ရှိသူက
ပြောကြားသည်။
မန္တလေးမြို့တွင် ယာဉ်သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် တစ် လမ်းမောင်းများသတ်
မှတ်ခြင်း၊ မြို့တွင်း လမ်းများချဲ့ခြင်းဆောင် ရွက်ထားသော်လည်း စည်းကမ်း မဲ့ယာဉ်ရပ်နားခြင်း၊
ကုန်တင်ခြင်း၊ ခရီးသည်တင်ယာဉ်များ အချိန် ကြာမြင့်စွာရပ်နား၍ ခရီးသည် တင်ဆောင်ခြင်းတို့
ကြောင့် လမ်းယာဉ် ကြောများ အပြည့် အဝအသုံးမချနိုင်ကြောင်း မန္တလေး မြို့တော်စည်ပင်သာ
ယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားသည်။
အဆိုပါ Tow Truck ၏တန်ဖိုးမှာ ကျပ်သိန်း ၈၉၀ ဖြစ်ပြီး မတ်လ အတွင်းရောက်မည်ဖြစ်ကြောင်း
သိရသည်။















