မန္တလေးမြို့ မဟာအောင်မြေကျောက် မျက်ဈေး ပြောင်းရွေ့ရမည်ဆိုသော သတင်းနှင့် ကျောက်ဝိုင်း
ဆိုင်ရာ တိုင်းဒေသကြီး သစ်တောနှင့်သတ္တုတွင်း ၀န်ကြီး၏ ပြောကြားချက်အပေါ် ဈေးသူ ဈေးသား
များက ကန့်ကွက်ကြောင်း ဆန္ဒခံယူ လက်မှတ်ထိုးပွဲကို ဖေဖော်ဝါရီလ ရ ရက်နေ့က ကျင်းပခဲ့သည်။
မဟာအောင်မြေကျောက်မျက်ဈေး ကို အမရပူရမြို့နယ်အတွင်းရှိ ရန်ကုန်- မန္တလေးကားလမ်းမကြီး
ဘေးရှိ ဆင်ရွာ နှင့်မြင်းမူးရွာဘက်သို့ ပြောင်းရွှေ့ရမည် ဆိုသောသတင်းကြောင့် ကျောက်ဝိုင်းရှိ
ဈေးသူဈေးသားများ စိုးရိမ်နေချိန်တွင် တိုင်းဒေသကြီး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဦးသန်းစိုးမြင့်
က ဂျာနယ်တစ်စောင်တွင် ပြောကြားထားမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ကျောက်ဝိုင်း မပြောင်း
ရွေ့နိုင်ကြောင်း ဆန္ဒခံယူ လက်မှတ်ထိုးပွဲ ကျင်းပရခြင်းဖြစ် ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သူ
ကျောက်မျက်ဈေး ပရဟိတအသင်းဝင် ဦးသန်းဌေးက ပြောသည်။
"၀န်ကြီးပြောထားတာ မဟာအောင် မြေကျောက်စိမ်းဝိုင်းက အင်မတန်နိမ့် ကျတယ်။ ဟင်းရွက်
ကန်စွန်းရောင်းသလို မြေကြီးမှာချရောင်းနေတယ်။ဈေးကိုက အဆင့်အတန်း မရှိဘူးလို့ ပြောတယ်။
နေပြည်တော်ကျောက် မျက်ရတနာပြပွဲမှာလည်း ကျောက်စိမ်း အရိုင်းတုံး၊ ကျောက်စိမ်းဖြတ်သား
တွေ ကိုမြေကြီးပေါ်မှာပဲ ချရောင်းနေကြတာပါ။ ဈေးအပြင် ဘက်မှာ ချရောင်းနေကြတယ်ဆိုတာက
တန်ဖိုးနည်းကျောက် တွေကို မိသားစုဘဝ ရပ်တည်ရေး အတွက် တစ်နိုင်တစ် ပိုင်ချရောင်းနေကြ
တာပါ။ အမြင့်ကိုပဲ ကြည့်မနေဘဲ အောက်ခြေလူတန်းစားတွေရဲ့ ဘဝကိုလည်း ဆင်းကြည့်စေချင်ပါ
တယ်။ ကျောက်ဝိုင်းပြောင်းမယ်ဆိုတဲ့ သတင်းက ကောလဟလဖြစ်နေပေမယ့် အခု ၀န်ကြီးပြောတဲ့
စကားက မင်းတို့သွားဖို့ ပြင်ဆင်ထားတော့ဆိုတဲ့ပုံစံ ဖြစ်နေတယ်ဆိုတော့ စိုးရိမ်ပြီးပြင်ဆင်ထားတာ
ပါ"ဟု ဦးသန်းဌေးက ပြောသည်။
မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အကျိုးဆောင် ကော်မတီဒုဥက္ကဋ္ဌဖြစ်သူ
ဦးဇော်ဇော်ကလည်း "ဂျာနယ်မှာသတ္တုတွင်းဝန်ကြီး ပြောတဲ့စကားတွေက သူကိုယ်တိုင် ကျောက်
၀ိုင်းထဲလာ လေ့လာပြီးပြောသွားတာလားတော့မသိဘူး။
ဒါပေမဲ့ ကျွန်တော်တို့ဆီကို ရွေ့ပြောင်းဖို့ဆိုတဲ့ စာမလာသေးပါဘူး။ ဆန္ဒမဲကောက်ခံ တယ်ဆိုတာ
လည်း စိုးရိမ်လို့ကြိုတင်ကာ ကွယ်တဲ့သဘောပါ"ဟု ပြောသည်။
လက်ရှိပြောင်းရွေ့ရန် သတင်းထွက် ပေါ်နေသည့် ကျောက်အချောထည် ရောင်းဝယ်ရေးဈေးမှာ
မန္တလေးမြို့မှ သွားရောက်လုပ်ကိုင်ပါက ဝေးလံသော ကြောင့် အချိန်နှင့်ငွေကြေးများစွာဆုံးရှုံးသွား
နိုင်သည့် အခက်အခဲများကို သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်း လူကြီးများသိစေရန်တင်ပြချင်သည့်
အတွက် ဆန္ဒ ပြုလက်မှတ်ကောက််ခံခြင်းလည်းဖြစ် ကြောင်း ၎င်းက၊ဆက်လက်ပြောသည်။
"ဒီမဟာအောင်မြေ ကျောက်မျက် ဈေးမှာ လူပေါင်းသုံးသိန်းကျော်တဲ့ မိသားစုတွေနဲ့ ပြည်နယ်တိုင်း
ဒေသကြီး အသီးသီးက အခြေခံလူတန်းစားအများ စုနဲ့ တရားဝင် တရုတ်နိုင်ငံသားကုန်သည် တွေ
ပါ အခြေတကျရောင်းဝယ်လုပ်ကိုင် နေပြီး နိုင်ငံတော်အတွက် တစ်နှစ်ကို အခွန်ဝင်ငွေ သိန်းပေါင်း
ထောင်ချီ ရရှိ စေပါတယ်။ ကျောက်အချောထည်ဈေးသစ်လုပ်ဖို့ ကုမ္ပဏီလေးခုတင်ဒါခေါ်ထားတယ်
လို့ သိရပါတယ်။ သူတို့လူ တစ်စုကောင်း စားဖို့အတွက် လူထုတစ်ခု လုံးက ပေးဆပ်ရမှာလား။ အခု
လုပ်မယ့်ဈေးကို ကန့်ကွက်တာမဟုတ်ဘူး။ ကျွန်တော်တို့ဈေးလေး တည်မြဲဖို့လုပ် ရတာပါ" ဟု
ပြောသည်။
ဒုတိယအကြိမ်မြောက် ကျင်းပသည့် အသင်းသားစုံ ညီကျောက်မျက်လုပ်ငန်းရှင်များအသင်း
အစည်းအဝေးတွင် အဆိုပါ ကျောက်အချောထည် ရောင်း ၀ယ်ရေးဈေးစီမံကိန်းနှင့် ပတ်သတ်၍
အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီမှ ဦးစိုးနိုင်က ၎င်းသည်စီမံကိန်းအတွက် မြေလှူရုံသက်သက်ဖြစ်
ပြီး သတ္တုတွင်း ၀န်ကြီးဌာန၏ စီမံကိန်းဖြစ်ကာ အဆိုပါ ဈေးသို့ပြောင်း ရွေ့မည်ဆိုပါက အခန်း
တစ်ခန်းလျှင် နှစ်နှစ်အခမဲ့နှင့်သုံးနှစ် ပြည့်မှစရောင်းမည် ဖြစ်ကာ ၁၀ ပေနှင့် ၁၅ပေအခန်းပေါင်း
၁,၁၀၀ ဆောက်လုပ် ထားသည်ဟု ၎င်းကပြောဆိုခဲ့ကြောင်း အဆိုပါအစည်းအဝေးသို့တက်ရောက်
ခဲ့သည့် ဦးဇော်ဇော်က ပြောသည်။
"ပထမသိတာကတော့ အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီက ဦးစိုးနိုင်က ကျောက်စိမ်းဘုရားတည်
တယ်။ နောက် ဘုရားနဲ့အတူ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးဘေးက မြေကွက်ကို ကျောက်စိမ်း
အချောထည်ဈေးဆိုပြီး စလုပ်တာလို့ သိခဲ့တယ်။ ဒါပေမဲ့အစည်းအဝေးမှာ သူပြောတာကတော့
ရွှေ့ပြောင်းဖို့အနေအထားက သူလုပ်တာမဟုတ်ဘူးလို့ ပြောပြန်တယ်။ ပြီးတော့ဝန်ကြီးပြောတာ
က ကျောက်ဝိုင်းပြောင်းရွှေ့ရင် လမ်းဖောက်ပေးမယ်၊ ၂၄ နာရီသွားလာရေး စီစဉ်ပေးမယ်ဆိုတဲ့
စကားတွေက ရွှေ့ချင်တဲ့သဘောဖြစ်နေတယ်"ဟု ဦးဇော်ဇော်က ပြောသည်။
အဆိုပါကန့်ကွက်ဆန္ဒမဲ ကောက်ခံမှုကို ကျောက်ဝိုင်းအတွင်းပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ဆန္ဒမဲထည့်ရန်
တိုက်တွန်းခြင်း မဟုတ်ဘဲ မိမိသဘောထား အလျောက်ထည့်နိုင်ပြီး၊ ကျောက်ဝိုင်းတွင်လာ ရောက်
လုပ်ကုန်ကြသူပေါင်း သုံးသောင်း မှ ငါးသောင်းကြားရှိသည့် အနက် ဖေဖော်ဝါရီလ ရ ရက်နေ့မှ ၉
ရက်နေ့အထိ ဆန္ဒမဲ ပေါင်း ၂,၅၀၀ ရရှိ ပြီးဖြစ်သည်။















