ဘုရားစိန်ဖူးတော် ဈေးကွက် ပုံမှန်ထက်အေးလျက်ရှိ

ဘုရားစိန်ဖူးတော် ဈေးကွက် ပုံမှန်ထက်အေးလျက်ရှိ

မန္တလေးမြို့တွင် လုပ်ကိုင်သူရှားပါးပြီး မိသားစုလုပ်ငန်းလည်းဖြစ်သည့် ဘုရားစိန်ဖူးတော်လုပ်ငန်း
လုပ်ကိုင်သူများမှာ ယခုနှစ်အစပိုင်းတွင် ပုံမှန်ထက် ဈေးကွက်အေးလျက်ရှိကြောင်း သိရသည်။

ယမန်နှစ်နှင့်ယှဉ်ပါက ဘုရားစိန်ဖူး တော်ဈေးကွက်မှာ အေးနေသော ကြောင့် ပုံမှန်ဈေးနှုန်းထက်
ဈေးချရောင်း နေရကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင် သူတစ်ဦးဖြစ်သူ ကိုလေးက ပြောသည်။

"ဒီလုပ်ငန်းက အလှူရှင်များရင် လုပ်ငန်းဖြစ်တယ်။ အရင်နှစ်က ပုံမှန်ဆို တစ်နေ့ကို နှစ်သောင်းဖိုး
လောက ်ရောင်းရပေမယ့်၊ ဒီနှစ်က စိန်ဖူးတော်အလှူရှင် တွေ နည်းလာတာလည်းပါတာပေါ့။ ဘုရား
မှာလှူမယ်ဆိုရင် စိန်ဖူးတစ်ခုထဲ လှူရတာမဟုတ်ဘူး။ သူနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါ တစ်ခါတည်း
လှူရတော့ ငွေကြေးတော်တော်လေး သုံးရတာ ကြောင့်လည်းပါတာပေါ့"ဟု ၎င်းက ပြောသည်။

အဆိုပါဈေးကွက်မှာ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်ဘက်မှ ကုန်သည်များလာ ရောက်ဝယ်ယူပါက
ဈေးကွက်ကောင်း လေ့ရှိပြီး၊ ကိုယ်တိုင်ကိုယ်ကျသွား ရောက်ရောင်းချနိုင်ပါက အလုပ်ပိုဖြစ်ကြောင်း
သိရသည်။

"ဒီအလုပ်က ၀ါတွင်းဆိုရင် အရောင်းထိုင်းပြီးတော့ သီတင်းကျွတ်နဲ့ တန် ဆောင်မုန်းလတွေဆိုရင်
တော့ ပြန် ရောင်းရပါတယ်"ဟုလည်း ကိုလေးက ပြောသည်။

စိန်ဖူးတော်ဈေးနှုန်းများကလည်း ၆ လက်မ အရွယ်အစားတစ်လုံးလျှင် ၁,၈၀၀ ကျပ်၊ ရ လက်မ
တစ်လုံးလျှင် ကျပ်သုံးထောင်၊ ၈ လက်မ တစ်လုံးလျှင် ကျပ်လေးထောင်၊ ၉ လက်မ တစ်လုံးလျှင်
၆,၀၀၀ ကျပ်နှင့် ၁၀ လက်မ တစ်လုံးလျှင် တစ်သောင်းကျပ်အသီးသီးရှိပြီး၊ မြို့တွင်း ရောင်းချမှုတွင်
မဟာမြတ်မုနိဘုရားအတွင်းရှိ နိဗ္ဗာန်ကုန်ဆိုင်များသာ အဓိက ပြန်လည်ရောင်းချကြောင်း အဆိုပါ
လုပ်ငန်းလုပ်ကိုင်သူ ကိုဝေယံမင်းထက် ကပြောသည်။

"စိန်ဖူးတော်ပုံစံက အမျိုးမျိုးရှိတယ်။ သံလျက်ပုံစံ၊ စလင်းပုံစံ၊ တြိဂံပုံစံ၊ စောင်း လျားသီးပုံစံနဲ့
ငါးကြင်းခွက်ပုံစံဆိုပြီးရှိတယ်။ ဒီပုံစံဒီဇိုင်းလုပ်ချင်ရင်တော့ တစ်လုံးကို တစ်သိန်းခွဲ၊ နှစ်သိန်းလောက်
ရှိပါတယ်။ ဘုရားကြီးက နိဗ္ဗာန်ကုန်ဆိုင် တွေကို သွားသွင်းရင် ဈေးနှိမ်ခံရတယ်။ ဒီလုပ်ငန်းက
မိသားစုလုပ်ငန်းဖြစ်လို့ ရပ်တည်နိုင်တာပါ"ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တွင် အဆိုပါလုပ်ငန်း လုပ်ကိုင်သူ ငါးဦးခန့်သာရှိပြီး အဓိက လုပ်ကိုင်သည့်နေရာများမှာ
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များ ဖြစ်သော ၈၅၂ ရပ်ကွက်၊ ၅၀၄ ရပ်ကွက်၊ ၅၀၅
ရပ်ကွက်တို့ ဖြစ်ကြောင်း သိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး