တရုတ်နှစ်သစ်ကူးကာလ နှမ်း အရောင်းအဝယ်အေး

တရုတ်နှစ်သစ်ကူးကာလ နှမ်း အရောင်းအဝယ်အေး

တရုတ်နှစ်သစ်ကူးကာလ ဖြစ်သဖြင့် မန္တလေးကုန်စည်ဈေးကွက်တွင် နှမ်းများ အရောင်းအဝယ်
အေးပြီး ဈေးငြိမ်နေ ကြောင်း မန္တလေးကုန်စည်ဒိုင်ပြန်ကြား ရေးအဖွဲ့က ဆိုသည်။

အရောင်းအဝယ် အေးသော်လည်း ဈေးကွက်တွင် လက်ကျန်နည်းနေသဖြင့် အမြင့်ဈေး၌ ဈေးငြိမ်နေ
ခြင်းဖြစ်ပြီး ယခု နှစ်ရာသီ၌ နှမ်းအထွက်နည်းလည်း ဈေးကွက်တွင် ပုံမှန်ထက် ပစ္စည်းစောစောပြတ်
နိုင်ကြောင်း ကုန်သည်များက ခန့်မှန်းကြသည်။

ဖေဖော်ဝါရီလ ဒုတိယပတ် နှမ်းပေါက်ဈေးများမှာ နှမ်းနက်(စမုံ) တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ နှင့်
နှမ်းနက်(ရိုးရိုး) တစ်အိတ်လျှင် ကျပ် ၁၀၈,၀၀၀ ရှိ ကြောင်း၊ နှမ်းဖြူမှာမူ နှစ်သစ်ကူးမတိုင်ခင်ကပင်
တစ်အိတ် ကျပ် ၁၀၈,၀၀၀ မှ ၁၁၆,၀၀၀ ကြားရှိကာ ဈေးငြိမ်နေ ကြောင်း သိရသည်။

ဆီကြိတ်နှမ်းဖြစ်သော နှမ်းညိုမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် တစ်သိန်းဝန်းကျင်ရှိနေပြီး
တရုတ်နှစ်သစ်ကူးပြီးပါက နှမ်းအမျိုး အစားအားလုံး အရောင်းအဝယ် ပြန် တက်နိုင်ကြောင်း သိရ
သည်။

ကုန်ကြမ်းပစ္စည်း လက်ကျန်နည်း ခြင်းနှင့် ဈေးမြင့်ခြင်းတို့ကြောင့် နှမ်းဆီမှာ တစ်ပိဿာ ကျပ်
၃,၈၀၀ မှ ၄,၀၀၀ ကြားသို့ ရောက်ရှိနေပြီး ပဲဆီဈေးနှုန်း အထက် သို့ ရောက်ရှိလာကြောင်းသိရ
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး