ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေထောက်ပဲများ အထွက်နည်း၍ ဈေးကောင်းရ

ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေထောက်ပဲများ အထွက်နည်း၍ ဈေးကောင်းရ

ရာသီဥတုနှင့် ငလျင်ဒဏ်ကြောင့် ယခု နှစ်ရာသီတွင် ပဲမာများ အထွက်လျော့ နည်းခဲ့ပြီး ယင်းတို့
အထဲမှ ပဲစင်းငုံ၊ ပဲတီ စိမ်းနှင့် မြေထောက်ပဲတို့မှာ ဈေးကောင်းများ ရရှိနေကြောင်း ဈေးကွက်သတင်း
များအရ သိရသည်။

"ပဲစင်းငုံအသစ်က ဒီနေ့ တစ်အိတ်ကို ၅၄,၅၀၀ ရှိတယ်။ အဲဒါ ၅၂,၀၀၀ ကနေ တက်လာတာ။
လှောင်လက်တွေ ၀ယ်တာများတယ်။ ပစ္စည်းအဝင်ကလည်း မနှစ်ကထက် သုံးပုံနှစ်ပုံလောက်ကို
နည်းသွားတယ်။ ပဲတီစိမ်းအသစ်ကလည်း ပစ္စည်းနည်းတော့ ဈေးငြိမ်ပြီး အရောင်းအဝယ်က ပုံမှန်ပဲ။
သူလည်း မနှစ်ကထက် တစ်ဝက်လောက် အထွက်လျော့တယ်။ ဒီနေ့ဈေးက ၆၈,၀၀၀၊ ၆၉,၀၀၀
လောက်ရှိတယ်။ မြေထောက်ကတော့ ဈေးကွက် အကောင်းဆုံးပဲ။ တစ်အိတ်ကို ကျပ် ၈၀,၀၀၀
လောက်ရှိတယ်။ မနေ့ကထက် တစ်အိတ်ကို ၁,၅၀၀ လောက် တက်လာတာပဲ။ သူကစပေါ်က
တည်းက အိတ်စပို့ ရှိတယ်။ အဝယ်လည်းများတယ်။ ပေါ်တာက တစ်လပဲရှိသေးတယ်။ ခုတိုင်းဆို
ဒီဈေးနဲ့ပဲ ဆက်သွားမယ်လို့ မှန်းတယ်"ဟု မန္တလေးကုန်စည်ဒိုင်ပြန် ကြားရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး
က ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆိုသည်။

ပဲစင်းငုံမှာ လှောင်လက်ကြောင့် အရောင်းသွက်သော်လည်း ဈေးနှုန်းမြင့် နေခြင်းကြောင့် အိတ်စပို့
သမား မဝယ်နိုင် သေးကြောင်း၊ ပစ္စည်းအများစုမှာ တောင်သူကြီးများနှင့် လှောင်လက်များ လက်ထဲ
တွင်သာရှိနေကြောင်း သိရသည်။

ပဲမာများထဲတွင် ပါကစ္စတန်နှင့် အိန္ဒိယမှ ၀ယ်ယူနေသော မြေထောက်ပဲ မှာ ဈေးကောင်းအရဆုံးဖြစ်
ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး