ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ထိုးပေးမည်

ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ထိုးပေးမည်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များ စုပေါင်း၍ ဘုန်းကြီးကျောင်းများ၊
စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများရှိ ခွေးများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့
ထိုးပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့မှ ပုဂ္ဂလိက တိရစ္ဆာန် ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ
ခင်မောင်ထွေးက ပြောသည်။

ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို မန္တလေးမြို့အပြင်၊ အမပူရမြို့နယ်၊ ပြင်ဦး လွင်မြို့နယ်များသို့လည်း သွားရောက် ထိုးပေးမည်ဖြစ်ပြီး အဆိုပါအခမဲ့အစီ အစဉ်ကို ဖေဖော်ဝါရီလ ၁၀ ရက်မှ စတင် ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ "မန္တလေး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ်ငါးမြို့နယ်နဲ့ ပြင်ဦးလွင်၊ အမရပူရမြို့နယ်တွေမှာရှိတဲ့ စာသင် ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တခြားဘာသာရေးကျောင်းတွေ၊ ပရဟိ တလုပ်နေတဲ့နေရာတွေကို အဓိကထိုး ပေးသွားမှာပါ။ တခြားလိုအပ်တဲ့ နေရာ တွေရှိရင်လည်း ထိုးပေးသွားပါ့မယ်" ဟု ဒေါက်တာခင်မောင်ထွေးက ပြောသည်။ ခွေးရူးပြန်ရောဂါကြောင့် မြန်မာနိုင်ငံ တွင် နှစ်စဉ်လူဦးရေအများအပြား အသက်ဆုံးရှုံးလျက်ရှိပြီး ၂၀၁၁ ခုနှစ် တွင် ခွေးရူးပြန်ရောဂါကြောင့် လူဦးရေ ၅၀ ဆုံးရှုံးခဲ့ရကာ ၂၀၁၂ ခုနှစ်၌ လူဦးရေ ၂၀၀ ကျော် အသက်ဆုံုးရှုံးခဲ့ကြောင်း လည်း ၎င်းက ပြောသည်။ "ခွေးရူးပြန်ရောဂါကြောင့် လူတွေ အသက်ဆုံးရှုံးရတာများတယ်။ ခွေးရူး ပြန်ရောဂါက မသိသာဘူး။ အကြော တက်တဲ့လက္ခဏာတွေပြမှ သိကြတယ်။ အဲဒီအချိန်ကျမှ ဆေးရုံတက်ကြတယ်။တချို့ဆို ခွေးရူးပြန်ရောဂါကြောင့် သေတာမသိကြဘူး။ အဲဒါကြောင့် အခြေခံကျတဲ့ခွေးတွေကို ကာကွယ်ဆေး ထိုးပေးတာပါ" ဟု ဒေါက်တာခင်မောင် ထွေးက ပြောသည်။ "ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုး ဖို့စလုပ်တာ ဆရာဝန်တွေ ခုနစ်ယောက် နဲ့ စခဲ့တယ်။ နောက်ပိုင်းအားလုံးဝိုင်းဝန်း ပြီးကူညီကြတော့ ဆရာဝန်အနေနဲ့ ၁၂၅ ယောက်လောက် ရှိလာတယ်"ဟု ၎င်းက ပြောသည်။ ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ထိုး ပေးခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်တွင်လည်း ပထမ အကြိမ်အဖြစ် ခွေးအကောင်ရေ ၁,၃၅၀ ကို ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ထိုး ပေးခဲ့ကြောင်း သိရသည်။ ခွေးရူးဟု သံသယရှိသည့်ခွေးများ၏ ဦးနှောက်ကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ရ၅ ရာခိုင်နှုန်းမှာ ခွေးရူးရောဂါပိုး ရှိနေသည် ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရ သည်။ ကျန်းမာရေးဝန်ကြီးဌာနအဆိုအရ ၂၀၁၂ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ခွေးရူးပြန်ရောဂါဖြစ်ပွားသူ ၂၄၀ ဦး ရှိခဲ့ ပြီး ၂၄၀ ဦးစလုံးသေဆုံးခဲ့ကြောင်း၊ အမှန် တကယ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုမှာ ယခုဦးရေထက် ပိုမိုများပြားနိုင်ကြောင်း လည်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး