အိန္ဒိယနိုင်ငံ အခြေစိုက် Tvs Motor Co., Ltd. က မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တွင်
အရေးကြီး ပုဂ္ဂိုလ်ခရီးစဉ် ရှေ့ပြေးလမ်းရှင်းအသုံးပြုရန် မော်တော်ဆိုင်ကယ် ၁၀ စီးကို လှူဒါန်းမည်
ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြော
သည်။
"လှူဒါန်းမယ့် ဆိုင်ကယ်အမျိုးအစား ကတော့ Apache RTR-160 အမျိုးအစား အမျိုးသားစီး
ဆိုင်ကယ် ဖြစ်ပါတယ်။ ကာလတန်ဖိုးအနေနဲ့ ဆိုင်ကယ် တစ်စီးကို ကျပ် ၁,၅၀၀,၀၀၀ တန်ဖိုး ရှိ
တယ်။ လှူဒါန်းမယ့်ဆိုင်ကယ် ၁၀ စီးရဲ့ ကာလတန်ဖိုးက ကျပ်သိန်း ၁၅၀ ခန့် ရှိပါတယ်"ဟု ၎င်းက
ပြောသည်။
ယာဉ်ထိန်းရဲများ အသုံးပြုနေသော ဆိုင်ကယ်များ၏ ဆေးရောင်အဖြူနှင့် အရောင်တစ်ပြေးညီဖြစ်
ရေး၊ အချက်ပြမီး၊ စကားပြောစက်များ တပ်ဆင်ပေးရေး၊ ဘက်ထရီဘောက် အဖြူရောင်အကြီး နှစ်ခု
ကို နောက်ဘီး၏ ၀ဲယာတွင် တစ်ခုစီ တပ်ဆင်ပေးရေး၊ ဆိုင်ကယ်စီး ဦးထုပ် အဖြူရောင် ၁၀ လုံးပါရှိ
ရေးနှင့် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်တင်သွင်း လှူဒါန်းနိုင်ရေးများကို
လည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
အိန္ဒိယနိုင်ငံလုပ် ဆိုင်ကယ် ၁၀ စီး ရောက်ရှိလာပါက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အခမ်း
အနားဖြင့် လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
မန္တလေးခရိုင်အတွင်း ယာဉ်ထိန်းအင်အားမှာ ၂၅၀ ခန့်ရှိပြီး၊ တိုင်းကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာန ၏ စာရင်းများအရ လက်ရှိတွင် တိုင်း ဒေသကြီးအတွင်း စက်တပ်ယာဉ်စီးရေ ၅၄၇,၀၀၀
ကျော်ရှိကာ ဆိုင်ကယ်စီးရေ မှာ ၄၇၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။















