မြို့တော်ဝန်ဖလား သစ်သီးပန်းမန်ပြိုင်ပွဲ ဂန္ဓမာပျိုးဥယျာဉ် တံခွန်စိုက်ဆု ဆွတ်ခူး

မြို့တော်ဝန်ဖလား သစ်သီးပန်းမန်ပြိုင်ပွဲ ဂန္ဓမာပျိုးဥယျာဉ် တံခွန်စိုက်ဆု ဆွတ်ခူး

ယခုနှစ် ၁၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲတွင်
မန္တလေးမြို့မှ ဂန္ဓမာပျိုးဥယျာဉ်မှ ဆုပေါင်း ၁၁ ဆု ရရှိကာ တံခွန်စိုက်ဆုဖလားကိုရရှိသွားသည်။

ပြိုင်ပွဲဝင် ၆၅၀ ခန့် ပါ၀င်ယှဉ်ပြိုင်ခဲ့ သော အဆိုပါပြိုင်ပွဲတွင် ဂန္ဓမာပျိုး ဥယျာဉ်မှာ ပထမဆုသုံးဆု၊
ဒုတိယဆု တစ်ဆု၊ တတိယဆု သုံးဆုနှင့် နှစ်သိမ့်ဆု လေးဆုရရှိခဲ့ကာ အရွက်အလှပင် ပြိုင်ပွဲ၊
ရှားစောင်းပင်ပြိုင်ပွဲနှင့် အသီးပါသည့် အလှပင်ပြိုင်ပွဲတို့တွင် ပထမဆု များရရှိခဲ့ကြောင်း သိရသည်။

"တံခွန်စိုက်ဆုရတာ ဒီနှစ်က ပထမဆုံးပါပဲ။ အရင်ပြိုင်ပွဲတွေတုန်းကတော့ ဒုတိယ၊ တတိယဆုတွေ
လောက်ပဲ ရခဲ့ပါတယ်။ ၀ါသနာအရင်းခံကြောင့်ပဲ ဒီလိုပြိုင်ပွဲဝင်ဖြစ်တာပါ"ဟု ဂန္ဓမာပျိုး ဥယျာဉ်မှ
ဦးခင်မောင်ဌေးက ယခုလ ၁၂ ရက်နေ့ ပြိုင်ပွဲအပြီးတွင် ပြောသည်။

"ဒီလိုပွဲမျိုးကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မန္တလေးမြို့ကို ဥယျာဉ်မြို့တော် အဖြစ်တည်ဆောက်
ရာမှာ အထောက်အကူဖြစ်စေဖို့၊ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက်တွေကို အဆင့်မြင့်မြင့်
စနစ်တကျ စိုက်ပျိုးလာနိုင်စေဖို့၊ မျိုးကောင်းမျိုးသန့်တွေ တိုးပွားလာစေဖို့ ပါ"ဟု မန္တလေးစည်ပင်
သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော
သည်။

ဆယ့်တစ်ကြိမ်မြောက် ကျင်းပမည် ဖြစ်သော သစ်သီးဝလံပန်းမန်ပြပွဲတွင် စိုက်ပျိုးရေးသုံး အရောင်း
ပစ္စည်းများ ပြခန်း၊ နည်းပညာပြခန်းစသော ပြခန်း ၁၉ ခန်း ခင်းကျင်းပြသသွားမည်ဖြစ်သည့်အပြင်
အခြားဖျော်ဖြေရေးကဏ္ဍများလည်း ပါ၀င်မည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပထမကျပ် ၁၅၀,၀၀၀၊ ဒုတိယကျပ် ၁၀၀,၀၀၀၊ တတိယကျပ် ရ၀,၀၀၀၊ နှစ်သိမ့်ကျပ်
၃၀,၀၀၀ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲအမျိုးအစား ၂၃ မျိုးပါ၀င်ခဲ့ ကြောင်းသိရသည်။

ပြပွဲကို ယခုလ ၁၈ ရက်နေ့အထိ ကန်တော်ကြီးလူထု အပန်း ဖြေဥယျာဉ်တွင် ဆက်လက်ကျင်းပ
သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး