လူကုန်ကူးမှုလုပ်ငန်းများတွင် သဘင်ပညာရှင်များ ပူးပေါင်းမည်

လူကုန်ကူးမှုလုပ်ငန်းများတွင် သဘင်ပညာရှင်များ ပူးပေါင်းမည်

၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးမှု အသိပညာပေးလုပ်ငန်းများတွင် သဘင်အနုပညာရှင်များ ပူးပေါင်း
ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

"လူကုန်ကူး အဖြစ်အပျက်တွေကိုကြားရတော့ ကျွန်တော်တို့ဟာ ပွဲကဖို့အတွက် ဇာတ်လမ်းအမျိုး
မျိုးကို ဖန်တီး ကြတယ်။

"ကျွန်တော်တို့ပွဲကို ကြည့်ကြတဲ့ တချို့တွေရဲ့ ဇာတ်လမ်းကိုတော့ ကျွန်တော်တို့ မသိကြပါလားဆို
ပြီးတော့ သတိရစေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကနေ လူကုန်ကူးမှုတားဆီးကာ ကွယ်နိုင်ဖို့
အတွက် ကျွန်တော်တို့ကို တွေ့ဆုံဆွေးနွေးပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ကို ၀ိုင်းဝန်းကူညီပါလို့
ဖိတ် ခေါ်တဲ့အခါမှာ ကျွန်တော်တို့လည်း စိတ်ဝင်စားပါတယ်။ လုပ်ရမယ့်တာဝန် လို့လည်းသိလာ
တယ်"ဟု မန္တလေးသိန်းဇော်က ပြောသည်။

လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက် သော ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများ၊ ကိုယ့်ကိုယ်ကိုယ်
ကာကွယ်စောင့် ရှောက်နိုင်ရန် အသိပညာပေးသွားရာတွင် အနုပညာပစ္စည်းများနှင့် ဖြန့်ကြက်သွား
မည်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ်
ခင်မောင်စီက ယခုလ ၅ ရက်နေ့က မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့ခန်းမတွင်ပြုလုပ်သော လူကုန်
ကူးမှု အသိပညာပေးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းပွဲ တွင် ပြောကြားသည်။

"အခုပွင့်လင်းရာသီ၊ ပွဲတော်ရာသီမှာ အမြန်ဆုံး၊ အထိရောက်ဆုံးနဲ့ အဖြန့် ကြက်နိုင်ဆုံး မီဒီယာ
အင်အားစုကို ကြည့်လိုက်တော့ သဘင်ဆိုတဲ့အနုပညာအသိုင်းအဝိုင်းအင်အားစုက အတောင့်တင်း
ဆုံးပါ။ မြို့ပေါ်၊ မြို့တော်၊ ကျေးလက်၊ နယ်စပ်ဒေသအထိ ဖြန့်ကြက်ထိုး ဖောက်နိုင်တဲ့ အင်အားစု
ဖြစ်ပါတယ်။ ဒီသဘင်အနုပညာရဲ့အင်အားစုက အင်အားကြီးပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ တစ်နှစ်တာ
လုပ်ငန်းစီမံချက်ဖြစ်တဲ့ ချက်ချင်းလက်ငင်း လူထုအသိပညာဖြန့် ကြက်ရေးလုပ်ငန်းစဉ်ကြီးကို
အကောင်အထည်ဖော်နိုင်တဲ့ အင်အားစုအနေနဲ့ တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီအင်အားစုကြီးနဲ့
အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်တာဖြစ်ပါတယ်"ဟု ရဲမှူးချုပ်ခင်မောင်စီက
ပြောသည်။

မန္တလေးမြို့ရှိ ဆိုင်းဝိုင်းများ၊ ဇာတ်သဘင်များနှင့် အငြိမ့်အဖွဲ့များသည် လူကုန်ကူးမှုနှင့်ပတ်သက်၍
အသိပညာပေးရန် တေးသီချင်းများ၊ ပြဇာတ်များ ရေးသားလျက်ရှိကြောင်း မြန်မာ့ဆိုင်းပညာရှင်
ဦးစိန်တင့်လွင်က ပြောသည်။

"ဆိုင်း၊ ဇာတ်၊ အငြိမ့်စတဲ့ သဘင်အသိုင်းအဝိုင်းမှာ လူကုန်ကူးမှုဖြစ်ပေါ် နေတဲ့ ပြဇာတ်တွေ၊ ဇာတ်
လမ်းတွေ ရေးသားနေပါတယ်။ ကိုချစ်စရာက ငါးခန်း ရပ်ပြဇာတ်ရေးနေတယ်။ ဒါရိုက်တာ
မောင်ရင်အောင်က တစ်နာရီစာ ပြဇာတ်ကို ရေးနေတယ်။ ဖိုးချစ်၊ စွမ်းဇာနည်၊ ၀င်းနောင်၊ ဝေယံဦး၊
မျိုးနန္ဒစတဲ့ လူငယ်သဘင်ပညာရှင်တွေကလည်း ပူးပေါင်းပါ၀င်ကြပါမယ်"ဟု ဦးစိန်တင့်လွင်က
ပြောသည်။

လူကုန်ကူးမှု အသိပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အသိပညာကို အနုပညာဖြစ်
အောင်ဆောင်ရွက်ရမည်ဟု မန္တလေးသိန်းဇော်က ပြောသည်။

"ပညာဆိုတာ လူတိုင်းအတွက်တော့ မက်မောဖွယ်ရာလို့ တစ်သမတ်တည်း ယူဆလို့မရပါဘူး။
"တချို့က ပညာပေးဆိုရင်ကိုယ်နဲ့ မဆိုင်သလိုပဲ။ စိတ်ထဲမှာထဲထဲဝင်ဝင် မှတ်ယူဖို့ရာ အခက်အခဲရှိ
ပါတယ်။ အဲဒီတော့ အသိပညာကို အနုပညာ ဖြစ်အောင် အရင်လုပ်ရမယ်လို့ ယူဆမိပါ တယ်"ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး