နိုင်ငံတော်စီမံကိန်းများ ပြီးစီးသွားသော်လည်း ပိုလျှံမြေများကို ပြန်လည်ပေးအပ်မှုနည်းပါးကြောင်း
အထက်မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်လ်အိုအဖွဲ့နှင့် ဆက်သွယ်လုပ်ကိုင်နေသည့် ကွန်ရက်မှ
ဦးအောင်မျိုးသန့်က ပြောကြားသည်။
"နိုင်ငံတော်က စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ သတ်မှတ်တဲ့ဧရိယာ အတိုင်း
အတာရှိပါတယ်။ စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်တဲ့သူက ဒီစီမံကိန်းအပေါ်ကို အခွင့်အရေးယူပြီး
တော့ လိုအပ်တာထက် ပိုလျှံ နေတဲ့မြေနေရာအားလုံးကို သိမ်းပြီး တော့ ဆောင်ရွက်လုပ်ကိုင်နေတဲ့
အနေအထားတွေကို တွေ့မြင်နေရပါတယ်"ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၅၅၈/ခနှင့်
၅၅၈/ဃ တို့တွင် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နား စခန်းစီမံကိန်း ပြီးစီးသွားသော်လည်း
စီမံကိန်းတွင်ပါ၀င်ခဲ့သော လယ်ယာမြေများကို နစ်နာကြေးပေးဆောင်ခြင်း၊ ပိုလျှံ မြေများကို ပြန်
လည်ပေးအပ်ခြင်းမရှိ ကြောင်း ဖျောက်ဆိတ်ကုန်းကျေးရွာ သားများက ပြောကြားသည်။
"ကားကွင်းစီမံကိန်း ပြီးစီးသွားတဲ့အခါ ဘေးမှာ မူလတောင်သူလယ်သမားပိုင်တဲ့ လယ်မြေဧက ၅၀
ကျော် ပိုလျှံနေပါတယ်။ အခုခြံစည်းရိုးခတ်ထားပါတယ်။ ကျွန်တော်တို့တားခဲ့ပြီး ဒါဟာမူလ
လယ်သမားပိုင်ဖြစ်တယ်လို့ စည်ပင်သာယာရေးဝန်ကြီးနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ကို စာတင်ပါ
တယ်။ စာတင်အခါကျတော့ စည်ပင်မြေယာဌာနကနေ ကျွန်တော်တို့ကို ဆင့်ခေါ်တယ်။ ဒီမြေတွေ
ဟာ ချထားပေးပြီးသား၊ ဂရန်လည်းကျ ပြီးသားလို့ ပြောပါတယ်" ဟု ဖျောက်ဆိတ် ကုန်းကျေးရွာမှ
ဦးသောင်းထွန်းက ပြောသည်။
အမရပူရမြို့နယ်၊ ရွှေကြက်ယက် ဘုရားအနီးရှိ သက်ကယ်တော်၊ သပြေတန်းနှင့် ခဝါရွာများမှ
လယ်မြေ ၁၁ ဧက နှင့် အိမ်ခြေ ၂၀၀ ကျော်တို့ကို ရတနာပုံ တံတားတည်ဆောက်ရေးအတွက်
သိမ်းဆည်းခဲ့ရာ စီမံကိန်းပြီးစီးသွားသော် လည်း ပိုလျှံမြေများကို ဒေသခံများထံ ပြန်လည်ပေးအပ်
ခြင်းမရှိဘဲ ဆောက်လုပ် ရေးအထူးအဖွဲ့ (၂) မှအဆောက်အအုံ များဆောက်လုပ်ကာ ပြန်လည်
အငှားချထားခြင်းများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
"၂၀၀၃ ခုနှစ်မှာ ရွှေလေးကြီးဘက်ကို ရွှေ့ခိုင်းခဲ့တယ်။ရွှေ့ခိုင်းတုံးကတော့ လမ်းဖောက်ပေးမယ်။
ဆေးခန်းတွေ လည်းထားပေးမယ်ပြောတယ်။ ပြောခဲ့တာ အချက် ၅ ချက်ရှိတယ်။ ဒါပေမဲ့ အခုထိ
ဘာမှလုပ်ပေးတာမရှိသေးပါဘူး။ တံတားပြီးရင် ကိုယ်နေရာကိုယ် ပြန်ပြီးနေလို့ရတယ်လို့ပြောခဲ့
တယ်။ အခု တံတားလည်းပြီးခဲ့တာကြာပြီ။ သိမ်းခဲ့တဲ့နေရာမှာ မြေလွတ်တွေလည်း ကျန် နေတော့
ကိုယ့်မြေကွက်ကိုယ်ပြန်လိုချင်ပါတယ်"ဟု ခဝါကျေးရွာမှ ကိုမိုး နောင်က ပြောသည်။
"သတင်းမီဒီယာတွေရဲ့ ကျေးဇူး ကြောင့် နိုင်ငံတစ်ဝန်းလုံးက မြေယာ ပြဿနာပေါင်းများစွာကို
အဆက်မပြတ်ကြားသိနေရပါတယ်။ ဒီဖြစ်ရပ်တွေက ဥပဒေကို ဘယ်လောက်ထိထိရောက် ရောက်
အကောင်အထည်ဖော် ဆောင်ရွက်နိုင်သလဲဆိုတဲ့အချက်ကို မီးမောင်းထိုးပြနေသလိုပဲဖြစ်ပါတယ်။
ဟောင်းသည်ဖြစ်စေ၊ သစ်သည်ဖြစ်စေ မြေယာ ပြဿနာတွေအားလုံးကို စနစ်တကျ ဖြေရှင်းပေးဖို့
လိုအပ်မယ်ထင်ပါတယ်" ဟု စားနပ်ရိက္ခရာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မြေယာအရေး
ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေသိန်း က ပြောသည်။
"လယ်ယာမြေနည်းဥပဒေ အခန်း ၁၀ ၊ အပိုဒ် ၉၅မှာ ဆိုထားတာက စီမံ ကိန်းတစ်ရပ်အနေနဲ့ သိမ်း
ဆည်းခံရတဲ့ နေရာမှာ စီမံကိန်းပြီးစီးသွားလို့ ပိုလျှံတဲ့ မြေတွေအားလုံးကို မူလပိုင်ရှင်ထံ ရာသီ အမီ
စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ပြန်လည်ပေးအပ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။ သီးစားအငှားချထား
ပေးရမယ်လို့ ဖော်ပြထားတာမရှိပါဘူး။ ဒီအပေါ်အခွင့်အရေးယူပြီး သိမ်းဆည်းထားတဲ့ နေရာတွေမှာ
ဥပဒေချိုးဖောက်ပြီး ပြန်မ ပေးကြဘူး။ တချို့ကုမ္ပဏီတွေက ၀ယ်ပြီးတော့ သီးစားအငှားချထားတာ
တွေရှိတယ်" ဟု ဦးအောင်မျိုးသန့်က ပြောသည်။
နိုင်ငံတော်က လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများကို ထုတ်ပြန်ထားသော်လည်း ယနေ့ထိတိုင်
လယ်ယာစိုက်ပျိုး လုပ်ကိုင်နေသော တောင်သူလယ်သမားများသည် အဆိုပါဥပဒေ၏ အကျိုးခံစား
ခွင့်ကို မရရှိသေးကြောင်းလည်း ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်း ၂၁၆ ခုကို တရားဝင်လုပ်ကိုင်ခွင့်ပြုခဲ့
သော ဧရိယာ မှာ ဧကပေါင်း ၁ ဒသမ ရ၅ သန်းနီးပါးရှိ ကြောင်း သိရသည်။















