ကုလားပဲအသစ် ဈေးကွက်သို့ အဝင်များသဖြင့် ဈေးကျလာ

ကုလားပဲအသစ် ဈေးကွက်သို့ အဝင်များသဖြင့် ဈေးကျလာ

မန္တလေးဈေးကွက်သို့ ကုလားပဲအသစ်များ အင်နှင့်အားနှင့် ၀င်ရောက်လျက်ရှိသဖြင့် ဈေးအနည်း
ငယ်ကျလာပြီး နောက်ပိုင်းတွင်လည်း အဝင်ပိုများလာ နိုင်ကြောင်း ကုန်သည်များက ဆိုသည်။

ကုလားပဲများထဲတွင် ဘီတူးမှာ မန္တလေးသို့ အဝင်အများဆုံးဖြစ်ပြီး တစ်ရက်လျှင် အိတ် ၁,၅၀၀ ခန့်
၀င် ရောက်နေကြောင်း၊ နိုင်းတူးနိုင်းမှာ အိတ် ၁,၀၀၀ ခန့် ၀င်ရောက်ကြောင်းနှင့် ထိုင်ဝမ်တစ်ခုသာ
ပစ္စည်းအဝင်နည်း သေးပြီး အရည်အသွေးလည်း ည့ံနေ သေးကြောင်း သိရသည်။

"ဘီတူးက တစ်အိတ်ကို ကျပ် ၄၉,၅၀၀၊ ၄၉,၀၀၀ ရှိတယ်။ တစ်ပတ်လုံး ကျပ် ၅၀,၀၀၀ မှာရပ်နေပြီး
မှ ဒီနေ့ကျသွားတာ။ လှောင်လက်ကပဲ ၀ယ်နေတာ။ ဘီတူးအဟောင်းက ကျပ် ၄၈,၅၀၀ ရှိ တယ်။
သူက ဈေးအတက်အကျမရှိဘူး။ ထိုင်ဝမ်အသစ်က ပေါ်စက တစ်အိတ်ကို ကျပ် ၅၁,၀၀၀ ရှိတယ်။
ဒီနေ့တော့ ကျပ် ၄၉,၀၀၀ ပဲ ရှိတယ်။ သိပ်မလှိုင်သေးဘူး။ အဟောင်းကတော့ ၄၇,၀၀၀ ရှိတယ်။
နိုင်းတူးနိုင်းက ဒီနေ့ ဈေး ၄၈,၀၀၀ ရှိ တယ်။ ဒီထက် ထပ်ကျလိမ့်ဦးမယ် မှန်း တယ်။ ကုလားပဲက
အိတ်စ်ပို့ မရှိသေးဘူး။ အဝင်ကြောင့် ဈေးကျတာ"ဟု ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဖေဖော်ဝါရီလ
ဒုတိယပတ်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကုလားပဲမှာ လတ်တလောတွင် အိတ်စ်ပို့မရှိသေးသော်လည်း မတ်လ ဆန်းပိုင်းတွင် အိတ်စ်ပို့
သမားများ ၀ယ်လေ့ရှိကြောင်း၊ သို့ရာတွင် ယခုနှစ်မှာ ခန့်မှန်းရခက်ကြောင်း၊ ယခင်က အိန္ဒိယ နိုင်ငံ
က ၎င်းတို့၏ ကုလားပဲလိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ ကုလားပဲများကို အဓိကထား ၀ယ်ယူခဲ့
သော်လည်း ယခု နောက်ပိုင်းတွင် အခြားနိုင်ငံများမှလည်း ၀ယ်ယူနေခြင်းကြောင့် ဈေးကောင်းရမရ
ကို ခန့်မှန်းရခက်သေးကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

၂၀၁၂ ခုနှစ်ရာသီက ထိုင်ဝမ် ကုလားပဲမှာ တစ်အိတ်လျှင် ကျပ် ရ၁,၀၀၀ ထိ အမြင့်ဆုံးဈေးရရှိခဲ့ပြီး
ဘီတူးမှာ ကျပ် ရ၃,၀၀၀ ထိ အမြင့်ဆုံးဈေးရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး