မန္တလေးမြို့တွင် အာဆီယံခရီးသွားဆိုင်ရာကွပ်ကဲမှုဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် လုပ်ငန်း
ခွင်သင်တန်းဖွင့် လှစ်ထားပြီဖြစ်ကြောင်း MHVT - hotal and vocational training school
Mandalay မှ ကြီးကြပ်ရေးမှူး ဒေါ်မြနှင်းစုက ပြောသည်။
"ဒီသင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ အထက်မြန်မာပြည်မှာရှိတဲ့ ဟိုတယ်လုပ်ငန်းနဲ့ ပတ်
သက်ပြီးအရည်အချင်းရှိတဲ့သူတွေက နိုင်ငံတကာအဆင့်မီ တတ်မြောက်စေဖို့နဲ့ ကျွမ်းကျင်တဲ့
ဟိုတယ်ဝန်ထမ်းတွေပေါ်ပေါက်လာ စေဖို့ပါ"ဟု ဒေါ်မြနှင်းစုက၊ပြောသည်။
ပြည်တွင်းပြည်ပမှ ဟိုတယ်ကြီးများ၊ အပျော်စီးသင်္ဘောများနှင့် ကုမ္ပဏီကြီးများတွင် အရည်အချင်း
ပြည့်မီစွာ အလုပ်လုပ်ကိုင်လိုသူများသည်လည်း ဈေးနှုန်းသက်သာစွာဖြင့် သင်ကြားနိုင်မည်ဖြစ်
ကြောင်း ၎င်းက ပြောကြားသည်။
"အရင်တုန်းကဆိုရင် နိုင်ငံတကာ ဟိုတယ်သင်တန်း တက်မယ်ဆိုရင် နယ်ကလူတွေက ရန်ကုန်မှာ
တကူးတ ကန့်သွားပြီးတက်ရတယ်၊ ဒီလိုမန္တလေးမှာ သင်တန်းကျောင်း ဖွင့်တယ်ဆိုတော့ အချိန်နဲ့
ငွေကုန်လည်း သက်သာပြီးတော့ နိုင်ငံတကာအဆင့်မီ သင်တန်းဆင်းလက်မှတ်ကိုလည်းရရှိမှာဖြစ်
ပါတယ်"ဟု ဒေါ်မြနှင်းစုက ပြောကြားသည်။
အဆိုပါသင်တန်းကျောင်းတွင် ဟိုတယ်ထိန်းသိမ်းစောင့်ရှောက်မှု သင်တန်း၊ နိုင်ငံတကာအစားအစာ
ချက် ပြုတ်နည်းသင်တန်း၊ အစားအသောက် ဖြင့် ဧည့်ဝန်ဆောင်မှုသင်တန်း၊ နိုင်ငံတကာ မုန့်ဖုတ်
နည်းသင်တန်း၊ နိုင်ငံတကာ ဧည့်များအား ဧည့်ခံနည်းသင်တန်း၊ ဟိုတယ်နှင့် ဟိုတယ်နှင့်ခရီးသွား
ဆိုင်ရာ အင်္ဂလိပ်စကားပြောသင်တန်း၊ နိုင်ငံတကာအဆင့်မီ သပ်ရပ်စွာဝတ်စား နေထိုင်မှု သင်တန်း
စသော ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
တစ်ဘာသာကို တစ်လခွဲ သင်ကြား ပေးမှာဖြစ်ပြီး၊ တစ်ဘာသာချင်းအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆိုအောင် မြင်မှသာ အောင်လက်မှတ်ထုတ်ပေး ဖြစ်သည်ဟု သိရသည်။
အဆိုပါသင်တန်းတွင် တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်သင်ကြားလိုသူများ နှင့်ကိုလည်းသီးသန့်
တန်းခွဲများဖြင့် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရုံးချိန်၊ ကျောင်းချိန်လွတ် သင်တန်းများလည်းရှိ
ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တစ်ဘာသာ လျှင်ကျပ် ၁၅၀,၀၀၀မှ ကျပ် ၃၀၀,၀၀၀ ၀န်းကျင်သတ်မှတ်
ထားပြီး၊ လဆန်းတိုင်းတွင်လည်းတန်းခွဲများ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။















