မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံး
ပြိုင်ပွဲ ပွဲစဉ် (၅) ကို ယခုလ ၉ ရက်နေ့က ဗထူးကွင်း တွင်ကျင်းပရာ အိမ်ရှင်ရတနာပုံအသင်း က
အိမ်နီးချင်း ဇေယျာရွှေမြေအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရလိုက်သဖြင့် အိမ်ကွင်းပရိသတ်များ
ကျေနပ်မှုရရှိခဲ့ကြသည်။
"ဒီနေ့ ကစားသွားတာ အရမ်းမိုက်တယ်။ နိုင်ငံခြားသားတွေကို ပွဲမထုတ်ဘဲ နဲ့ လူငယ်ကစားသမား
တွေကို အားပြုကစားသွားတယ်။
"ရှုံးပွဲမရှိတဲ့ ဇေယျာရွှေမြေကို နှစ်ဂိုး ပြတ်နဲ့ အနိုင်ကစားလိုက်နိုင်တဲ့အတွက် ပိုပြီးတော့ကျေနပ်မိပါ
တယ်။
"ဒီလိုခြေမျိုးနဲ့သာကစားမယ်ဆိုရင် ပရိသတ်တွေက ပွဲတိုင်းကျေနပ်နေမှာပါ"ဟု ရတနာပုံအသင်း
အမာခံပရိသတ်တစ်ဦးဖြစ်သူ မန္တလေးမှ ကိုမျိုးဇော်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ရတနာပုံအသင်းသည် ပွဲစတင်လိုက်သည်နှင့် အချိတ်ဆက်မိမိဖြင့် တိုက်စစ်ကို အားပြုပြီးကစားခဲ့
သဖြင့် ထိုနေ့က ကစားခဲ့သည့်ပွဲတွင် ဇေယျာရွှေမြေ အသင်းမှာ ခံစစ်နဲ့သာ ကစားနေခဲ့ရ ကြောင်း
တွေ့ရသည်။
ပထမပိုင်း ၂၆ မိနစ်တွင် ရတနာပုံအသင်းမှ ရန်အောင်ဝင်း ကန်တင်ပေးသည့်ဘောလုံးကို ယခုနှစ်
ရာသီမှ ပြောင်းရွှေ့လာသော ကောင်းစည်သူက ခေါင်းတိုက်သွင်းယူလိုက်နိုင်သဖြင့် ဦးဆောင်ဂိုးရ
ခဲ့သည်။
ဒုတိယပိုင်းတွင် ရတနာပုံအသင်းမှာ တိုက်စစ်ကို ပိုမိုအားထည့်ပြီးကစားခဲ့ရာ ဇေယျာရွှေမြေအသင်း
မှာ ကစားကွက်ပျောက်ခဲ့ရသည်။
ဇေယျာရွှေမြေအသင်း တိုက်စစ်မှူး ဆာဆာမှာ ရတနာပုံအသင်းနောက်ခံ လူများကို မကျော်နိုင်
သဖြင့် ခြေစွမ်းမပြ နိုင်လိုက်ဘဲ ဖြစ်ခဲ့ရသည်။
ပွဲကစားချိန် ၅၇ မိနစ်တွင် ပိုင်စိုး ကန်တင်လိုက်သော ဘောလုံးကို ရန်ပိုင် က ခေါင်းတိုက်သွင်းယူ
လိုက်နိုင်သဖြင့် ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ ပြန်သည်။
















