စာပေအနုပညာရှင်များ အလှူခံရရှိသော ဆန်အိတ်များ သွားရောက်လှူဒါန်း

စာပေအနုပညာရှင်များ အလှူခံရရှိသော ဆန်အိတ်များ သွားရောက်လှူဒါန်း

မန္တလေးစာပေအနုပညာရှင်များနှင့် သတင်းသမားများဦးစီးကျင်းပသော ငလျင်ရန်ပုံငွေပွဲမှ အလှူ
လက်ခံရရှိထားသော ဆန်အိတ်အပိုင်းနှစ်ရာကို သပိတ်ကျင်းမြို့နယ် ငလျင်ဒဏ်သင့် နေရာများသို့
ယခုလ ဒုတိယအပတ်က သွားရောက် လှူဒါန်းခဲ့ကြသည်။

"အိမ်ထောင်စုတစ်စုကို လေးပြည်နှုန်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနိုင်ခဲ့တဲ့အတွက် ပီတိဖြစ်ရတယ်"
ဟု လူငယ် သတင်းသမားတစ်ဦးက ပြောသည်။

ကျေးရွာဘုန်းတော်ကြီးကျောင်း တိုက်များအတွက်ကိုလည်း ဆန်အိတ်များလှူဒါန်းနိုင်ခဲ့ပြီး ရရှိထား
သော အလှူ ငွေများဖြင့် မြင်သာကျေးရွာတွင် စာသင်ကျောင်း ဆောက်လုပ်ရန်ကိုလည်း တာဝန်ရှိ
သူများနှင့် ဆွေးနွေးခဲ့သည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နေ့ က မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့အနီး ဗဟိုပြုပြီး
လှုပ်ခတ်ခဲ့ သော ငလျင်ကြောင့် ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များ၊
စာသင်ကျောင်းများနှင့် အခြားသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

"ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေက ၆၀ ရာခိုင်နှုန်းတော့ ပြီးနေပါပြီ။ငွေကြေးလိုအပ်တဲ့ အိမ်
တွေကိုလည်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးပြီးသ လောက်ရှိနေပါပြီ။ ဘုရား၊စေတီပုထိုးနဲ့ သိမ်တွေကို
လည်း တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ တချို့ပြုပြင်ပြီးနေပါပြီ"ဟု သပိတ်ကျင်းမြို့နယ် အုပ်ချုပ်
ရေးအရာရှိ တစ်ဦးက ပြောသည်။

ယနေ့အချိန်ထိ နောက်ဆက်တွဲ ငလျင်များအဖြစ် သပိတ်ကျင်းမြို့တွင် ငလျင်လှုပ်ခတ်မှုမှာ အကြိမ်
၁၀၀ ကျော် နှင့် စဉ့်ကူးမြို့နယ်တွင် အကြိမ် ၃၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရရှိသူ ၈၂ ဦးရှိခဲ့ပြီး ပျက်စီးမှုမှာ စဉ့်ကူးမြို့နယ်တွင်
အိမ် ၈၆၆ လုံး၊ သပိတ်ကျင်းမြို့နယ်တွင် အိမ် ၈၄၉ လုံး ထိရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး