မြို့လယ်ကောင်က မြေညီထပ်တိုက်ခန်းလေး

မြို့လယ်ကောင်က မြေညီထပ်တိုက်ခန်းလေး

ဒီတစ်ပတ်တော့ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တဲ့သူတွေ၊ ကုမ္ပဏီဖွင့်ချင်တဲ့သူ တွေနဲ့ သင်တန်းတွေ
ပို့ချဖို့ နေရာရှာနေတဲ့သူတွေအတွက်တော့ ခြောက်ထပ်တိုက်တန်းထဲက မြေညီထပ်တိုက်ခန်း လေး
နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မန္တလေးမြို့ရဲ့ အချက်အချာကျရာ နေရာလည်းဖြစ်၊ အစည်ကားဆုံးနေရာလည်းဖြစ်တဲ့ ရ၆ လမ်း
ပေါ်က ဒီတိုက်ခန်း လေးတွေဟာ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ကော်ဖီဆိုင်ပဲဖြစ်ဖြစ်၊ အင်တာနက်ဆိုင်
ပဲဖြစ်ဖြစ် ဖွင့်ချင်ရင်လည်း အဆင်ပြေစေတဲ့အနေအထား ရှိပါတယ်။

"တကယ်လို့ သင်တန်းဖွင့်မယ်ဆိုရင်လည်း မြို့လယ်ကောင်ဖြစ်တာကြောင့် သွားရေးလာရေး
အဆင်ပြေ ချောမွေ့စေပါတယ်။ မိသားစုတွေအတွက်လည်း မြို့လယ် ကောင်ဖြစ်တာကြောင့်
အဆင်ပြေစေ နိုင်ပါတယ်။ မန္တလေးမြို့မှာ အကြီးဆုံး ပလာဇာဖြစ်တဲ့ ဒိုင်းမွန်းပလာဇာနဲ့နီးတာ
ကြောင့် အိမ်ရှင်မတွေနဲ့ ရှော့ပင်းထွက် ချင်တဲ့လူငယ်တွေအတွက်တော့ ပျော်စရာအချိန်လေးတစ်ခု
ကို ဖန်တီးနိုင်တဲ့အပြင် ရထားစီးပြီးခရီးသွားချင်တယ်ဆိုရင်လည်း ဘူတာကြီးနဲ့ မနီးမဝေးမှာ ရှိနေ
ပြန်ပါသေးတယ်။ အထပ်ခြောက်ထပ် တည်ဆောက်ထားတဲ့ ဒီတိုက်ခန်းလေးတွေအထဲမှာ လော
လောဆယ်တော့ မြေညီထပ်က တိုက်ခန်းကို ဦးစားပေးငှားရမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ငှားရမ်းလိုသူတွေအနေနဲ့ ထပ်မံလိုအပ်မယ်ဆိုရင်တော့ ပထမထပ်အပါအဝင် ကျန်တဲ့အခန်း
တွေကိုလည်း ဆက်လက်ငှားရမ်းသွားမှာဖြစ်ပါတယ်။ မြေညီထပ်က တိုက်ခန်းလေးရဲ့ အကျယ်
အဝန်းကတော့ ၁၆ ပေ x ၅၈ ပေ စတုရန်း ၉၂၈ ပေ ရှိတဲ့အပြင် ပေ ၁၆ x ၄၀ (စတုရန်းပေ ၆၄၀)
အကျယ် အဝန်းရှိတဲ့ထပ်ခိုးလည်း ပါ၀င်ပြန်ပါတယ်။

ဒီတိုက်ခန်းလေးထဲမှာ ရေချိုးခန်း နဲ့အိမ်သာ တွဲရက်ပါ၀င်တဲ့ မိသားစု အိပ်ခန်းနှစ်ခန်းပါ၀င်ပြီး ရိုးရိုး
အိပ်ခန်း တစ်ခန်းပါ၀င်ပြန်ပါတယ်။ အိမ်သာနဲ့ ရေချိုးခန်းလည်း သီးခြားထပ်မံပါ၀င်ပါ သေးတယ်။

ဒီတိုက်ခန်းလေးကို ကြွေပြားခင်းပေး ထားပြီး ကြိုးဖုန်း၊ အင်တာနက်၊ အဲကွန်း သုံးလုံး၊ ရေပူ၊
ရေအေး၊ စလောင်း၊ အဝီစိ တွင်းတစ်တွင်း၊ မီတာဘောက်နှစ်လုံး ပါ၀င်တဲ့အပြင် လျှပ်စစ်မီးအတွက်
မီးလိုင်းအပြည့်အစုံသွယ်တန်းထားတယ်။

ဒီမြေညီထပ်တိုက်ခန်းလေးရဲ့အပြင် အဆင်က ကုမ္ပဏီဖွင့်ချင်တဲ့သူတွေ အတွက် အထူးသင့်တော်
တဲ့အပြင် ပိုင်ရှင်ကိုယ်တိုင်က ကုမ္ပဏီဖွင့်ချင်တဲ့သူ တွေကို ဦးစားပေးငှားရမ်းပေးမယ်လို့ သိရပါ
တယ်။

အငှားဆိုပေမယ့် လက်ရှိ တိုက်ခန်းအပြင်အဆင်ကို မကြိုက်လို့ မိမိကိုယ်တိုင် ပြင်ဆင်ချင်တယ်
ဆိုရင်လည်း ပြင်ခွင့်ပြုထားတဲ့အပြင် နှစ်ရှည် ငှားရမ်းနိုင်တဲ့ ဒီတိုက်ခန်းလေးကို စိတ်ဝင်စားတယ်
ဆိုရင်တော့ အောက်ပါ လိပ်စာအတိုင်း စုံစမ်းနိုင်ပါတယ်။

ဆက်သွယ်ရန် - ရ၆ လမ်း ၃၃ x ၃၄ ကြား၊ ရတနာပုံဈေးအနီး။
ဖုန်း - ၀၉၄၃၅၆၉၉၉၉
ဈေးနှုန်း - တစ်လကျပ် ၁၀သိန်း (အငှား)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး