မန္တလေးမြို့ အုတ်လုပ်ငန်းရှင်များ မတည်လှူဒါန်းသည့် ကျပ်သိန်း ရ၀၀ တန် တံတား တည်ဆောက်လျက်ရှိ

မန္တလေးမြို့ အုတ်လုပ်ငန်းရှင်များ မတည်လှူဒါန်းသည့် ကျပ်သိန်း ရ၀၀ တန် တံတား တည်ဆောက်လျက်ရှိ

မန္တလေးမြို့အုတ်လုပ်ငန်းရှင်များစု ပေါင်းမတည်လှူဒါန်းသည့် သိန်းပေါင်း ရ၀၀ တန်ဖိုးရှိ တံတား
တစ်စင်းကို အများ ပြည်သူသွားလာနိုင်ရေးအတွက် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း မန္တလေး
မြို့ရှိ အုတ်လုပ်ငန်းလုပ်ကိုင်သူ အုတ်သူကြီးများက ပြောသည်။

လက်ရှိ ဆောက်လုပ်နေသော တံတားမှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ဒုံးကုံးကျေးရွာ
အနီး တွင်ဖြစ်ကြောင်းနှင့် ကွန်ကရစ်အမျိုး အစားတံတားဖြစ်ကာ တံတားဆောက် လုပ်မှုတွင်
အုတ်သူကြီး ၂၄ ဦး ပါ၀င် ကြောင်း အဆိုပါတံတား ဆောက်လုပ်မှု တွင်ပါ၀င်သည့် ဦးကျော်တင့်က
ပြောသည်။

"လတ်တလော ဆောက်လုပ်နေတဲ့ တံတားဘေးမှာ အသုံးပြုနေဆဲ နှစ် ၅၀ လောက်ရှိတဲ့ တံတား
တစ်စင်းရှိပါ တယ်။

"ဒါပေမဲ့ဒီတံတားက နှစ်ပေါင်းကြာပြီဆိုတော့ ကြ့ံခိုင်မှုအားနည်းနေပြီလေ။ အိုဟောင်းနေပြီဆိုတော့
လူတွေသွားရလာရတာ အခက်အခဲဖြစ် နေတာ တွေ့ရတယ်။ ဒါကြောင့် အုတ်သူကြီးတွေစုပြီး
ကွန်ကရစ်တံတား တစ်စင်းဆောက်လုပ်ဖို့ ဖြစ်လာတာပါ" ဟု ၎င်းက ပြောသည်။

ယင်းတံတားမှာ၂၀၁၂ ခုနှစ်၊ နိုဝင် ဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင် အပြီး
သတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံ
မြို့နယ်များသို့ လွယ်ကူစွာဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်း ဦးကျော်တင့်က ပြောသည်။

"တံတားဆောက်လုပ်မှု ပြီးဆုံးသွားရင်တော့ ကျွန်တော်တို့ဒေသက ကျွန်းတည်း ၁၂ ရပ်လို့ခေါ်တဲ့
ပုသိမ်ကြီး မြို့နယ်ထဲက ရွာတွေဖြစ်ကြတဲ့ ဝေါတက်၊ ဆီးပင်ကုန်း၊ မြို့ရိုး၊ ကျောင်းကြီးစု အစရှိတဲ့
ရွာပေါင်း ၁၂ ရွာ က ရွာသူ၊ ရွာသားတွေ စိတ်ချမ်းမြေ့စွာ သွားလာ နိုင်တော့မှာပါ။ လောလော
ဆယ်တော့ ကျပ်သိန်း ၁၀၀ သုံးစွဲပြီးပါပြီ"ဟု ၎င်းက ပြောသည်။

ကွန်ကရစ်တံတားမှာ စုစုပေါင်း ၆၅၇ ပေရှည်ပြီး နှစ်လမ်းသွားတံတားဖြစ်ကာ အလုပ်သမားပေါင်း
၁၅၀ ကျော်ဖြင့် ဆောက်လုပ်နေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး