ယမန်နှစ်က မိုးခေါင်သောကြောင့် ကြံထွက်နှုန်းလျော့ကာ သကာရည်ဈေး မြင့်တက်လာကြောင်း
ဈေးချိုမှ သကာရည်ပွဲရုံ လုပ်ငန်းရှင်များက ပြောသည်။
"ဒီနှစ်က မိုးရွာနှုန်းကလည်း အရမ်းနည်းတဲ့အတွက် ကြံစိုက်ခင်းတွေကလည်း သိပ်မအောင်မြင်ကြ
ဘူး။ ကြံပင် တွေလည်းကြုံလှီပြီး ထွက်နှုန်းလည်း လျော့တယ်။ မနှစ်ကနဲ့ယှဉ်ရင် ၃၀ ရာခိုင် နှုန်း
လောက်ကို ထွက်နှုန်းလျော့သွား တယ်"ဟု ပြည့်စုံဟိန်းပွဲရုံမှ ကိုတင်မင်းစိုး က ပြောသည်။
ယမန်နှစ် ဖေဖော်ဝါရီလတွင် သကာရည်ပေါက်ဈေးမှာ တစ်ပိသာ ကျပ် ၄၃၀ သာရှိခဲ့သော်လည်း
ယခုနှစ်တွင် ကျပ် ၅၆၀ ထိ ဖြစ်လာသည်ဟု သိရသည်။
"သကာရည်ကို အကောင်း၊ အဆင့် (အလတ်) နဲ့ အည့ံဆိုပြီး သုံးမျိုးခွဲခြား ထားတယ်။ လက်ရှိမှာ
အကောင်းက ကျပ် ၅၄၀၊ အဆင့်က ၅၃၀ နဲ့ အညံ့က ၅၂၅ လောက်ထိရှိတယ်။ မနှစ်ကဆိုရင်
အကောင်းဆုံးမှ ၄၃၀ လောက်ထိပဲရှိ တာ။ မနှစ်ကဆိုရင်လည်း တစ်နှစ်လုံးကို ၆၅၀ လောက်နဲ့ပဲ
အဆုံးသတ်သွားတာ။ ဒါပေမဲ့ ဒီနှစ်သင်္ကြန်အပြီးလောက်ဆိုရင် ကျပ် ရ၀၀ လောက်ထိ ရှိသွားနိုင်
တယ်။ သင်္ကြန်ဆိုရင် ကုန်ဈေးနှုန်းက တက်နေ ကျဖြစ်တာရယ်၊ နောက်ပြီး ဒီနှစ်သီးနှံ ထွက်နှုန်း
လျော့တာရယ်ကြောင့်လည်း ပါတယ်"ဟု သကာရည်လုပ်ငန်းရှင်် တစ်ဦးက ပြောသည်။
ယခုနှစ်တွင် ကုန်ကြမ်းရှားပါးပြီး ဈေး ကောင်းရနိုင်သောကြောင့် သိုလှောင်သူ ပိုမိုများပြားလာကာ
ယခင်သကာရည် လှောင်နေကြသူများကလည်း ယခုနှစ် တွင် ပိုမိုသိုလှောင်လာကြသည်ဟု သိရ
သည်။
"သီတင်းကျွတ်လောက်ဆိုရင် ကုန် တွေ အားလုံးထုတ်လိုက်ကြပြီ။ နောက် အသစ်လည်း ပေါ်
တော့မယ်ဆိုတော့ ကုန်တွေကို သိပ်ပြီးချန်မထားကြတော့ဘူး။ လွန်ခဲ့တဲ့ ၂၀၁၀ လောက်ကတော့
သကာရည်တစ်ပိသာကို ကျပ် ၁,၀၀၀ လောက်ထိ ဖြစ်သွားဖူးတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျပ်
ရ၀၀ ဆိုတာ အမြင့် ဆုံးပဲ။ ကျပ် ၁,၀၀၀ လောက်ထိကတော့ တက်မသွားနိုင်လောက်ဘူး"ဟု
၎င်းက ခန့်မှန်းပြောပြသည်။
လက်ရှိတွင် သယ်ယူစရိတ်များလည်း မြင့်တက်လာကာ အလုပ်သမားရှားပါးမှု ကြောင့် အလုပ်
သမားနှုန်းများလည်း ပိုလာသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ကြောင်း အခြားသကာရည်ပွဲရုံ
လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
"ဒီနှစ် ကြံစိုက်တောင်သူတွေအနေနဲ့ ဈေးကောင်းရတယ်ဆိုပေမယ့်လည်း အမြတ်တော့ သိပ်မကျန်
နိုင်ဘူး။ အလုပ် သမားခတွေကလည်း ပိုလာတာကြောင့် ရယ်၊ အထွက်နှုန်းလျော့တာကြောင့်ရယ်
လည်းပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။
သကာရည်မှာ နှစ်စဉ်ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် ပိုမိုများပြားစွာ ထွက်ရှိပြီး ကြံကို ကသာ၊
သပိတ်ကျင်း၊ ရွှေကူ၊ ဗန်းမော်တို့၌ အများစုစိုက်ပျိုးကြ ပြီး မြန်မာနိုင်ငံတစ်နံတစ်လျား၌ စိုက်ပျိုးကြ
ကြောင်း သိရသည်။
















