မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးရွာ ၃၇ ရွာမှ ကျေးလက်ဒေသ အသေး
စားလုပ်ငန်း လုပ်ကိုင်သူများနှင့် ထန်းတက်တောင်သူများ အတွက် ဖေဖော်ဝါရီလ တတိယပတ်မှ
စတင်ပြီး ချေးငွေကျပ်သိန်းလေးထောင်ကျော် ထုတ်ချေးနေကြောင်း မြန်မာ့ လယ်ယာထွက်ကုန်
ပစ္စည်း ရောင်းဝယ်ရေးရုံးထံမှ သိရသည်။
"ချေးငွေကို ဒီလ ၁၈ ရက်ကနေစပြီး ပေးနေပါတယ်။ အခုလိုချေးငွေ ထုတ်ပေးတဲ့အကြောင်းက
တော့ ရာသီဥတု ဖောက်ပြန်လို့ တောင်ယာစိုက်ပျိုး မကောင်းတဲ့အချိန်မှာ တောင်သူတွေရဲ့ ဒုတိယ
၀င်ငွေတိုးတက်လာဖို့နဲ့ အခုထက် ပစ္စည်းအရည်အသွေး၊ ဒီဇိုင်းဆန်းသစ်လာနိုင်ဖို့အတွက် ရည်ရွယ်
ပါတယ်" ဟု မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ တိုင်းဒေသကြီးအင်ဂျင်နီယာ
ဦးဇေယျာဆွေက ပြောသည်။
ချေးငွေပေးရာတွင် ကျောက်ဆည်ခရိုင်မှ ၁၁ ရွာ၊ မိတ္ထီလာခရိုင်မှသုံးရွာ၊ ရမည်းသင်ခရိုင်မှ နှစ်ရွာနှင့်
မြင်းခြံခရိုင် မှ ကိုးရွာဖြစ်ပြီး ကျေးလက်အသေးစား ကုန်ထုတ်လုပ်ငန်းရှင် ၄,၀၀၀ နီးပါး အတွက်
ကျပ်သိန်းပေါင်း ၂,၆၀၀ ကျော် ကိုုထုတ်ချေးပြီး မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ထန်းတက်
တောင်သူ ၁,၅၀၀ ကျော်အတွက် ကျပ်သိန်း ၁,၅၀၀ ကျော်ထုတ်ချေးနေပြီဖြစ်သည်။
ချေးငွေအတွက် အတိုးနှုန်းကို နှစ်ကျပ် ခွဲသတ်မှတ်ထားပြီး ချေးငွေပြန်ဆပ် သည့်အချိန်တွင် ကျေး
ရွာအလိုက်ရရှိ သောအတိုးများမှ တစ်ကျပ်နှုန်းကို ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးပြုရန်
ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
"၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာ ၉၂ ရွာ က ထန်းတက် တောင်သူသီးသန့် ၃,၀၀၀ ကျော်အတွက်
သိန်း ၂,၇၀၀ ကျော်ကိုလည်း ချေးနိုင်ခဲ့ပါတယ်။ မိတ္ထီလာ ခရိုင် မှာ ထန်းတက်တောင်သူ တစ်ဦးကို
ကျပ် ရ၀,၀၀၀ နှုန်းနဲ့ တခြားခရိုင်က တောင်သူ တွေကို တစ်ဦးကျပ်တစ်သိန်းနှုန်းနဲ့ချေးခဲ့ တယ်"ဟု
ဦးဇေယျာဆွေက ဆက်လက် ပြောပြသည်။
ချေးငွေပြန်ဆပ်ရာမှာ မိတ္ထီလာခရိုင်မှ တောင်သူများအတွက် ခြောက်လအသုံး ပြုခွင့်ပေးထားပြီး
အခြားခရိုင်များ အတွက် ရှစ်လအသုံးပြုခွင့်ပေးကာ လေးလတစ်ဖြတ် အတိုးနှင့်အရင်း တစ်ဝက်ကို
ပြန်လည်ပေးရမည်ဖြစ် ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ချေးငွေပေးရာမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မှ စတင်ပေးအပ်ခဲ့ခြင်း
ဖြစ်ပြီး၊ ယခု ချေးငွေအပါအဝင် ကျပ်သိန်းပေါင်း တစ်သောင်းကျော်ထိ ချေးငွေပေးအပ် နိုင်ခဲ့ပြီး၊
ကျေးရွာများအတွက် လိုအပ် သောအလှူငွေ ကျပ်သိန်းပေါင်း ခြောက်ဆယ်ကျော်ကိုလည်း
ပေးအပ်နိုင် ခဲ့ပြီးဖြစ်ကြောင်းသိရသည်။















