သပိတ်ကျင်း၌ စိုက်ပျိုးရေးနှင့် တံငါလုပ်ငန်းများ အခက်တွေ့

သပိတ်ကျင်း၌ စိုက်ပျိုးရေးနှင့် တံငါလုပ်ငန်းများ အခက်တွေ့

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် တံငါလုပ်ငန်းများဖြင့်
အသက်မွေးဝမ်းကျောင်းနေသူများအတွက် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြော
သည်။

"ငလျင်ဒဏ်ကြောင့် စိုက်ပျိုးလယ်မြေ တွေဆုံးရှုံးမှု အများကြီးရှိခဲ့ပါတယ်။ အခုချိန်ထိကို ငလျင်က
လှုပ်နေတုန်းပါပဲ။ အဲဒီအတွက် လက်ကျန်စိုက်ပျိုးထားတဲ့ သီးနှံတွေ မဖြစ်ထွန်းနိုင်တော့ပါဘူး။ ကြံ
တွေဆို ကြိတ်မယ်ဆိုရင်လည်း အချိုရည်မထွက်တော့ပါဘူး။ အပင်သေပြီး ခြောက်သွားတယ်။
အချဉ်ရည်တွေ အမြှုပ်တွေပဲ ထွက်နေပါတယ်။ ပဲစင်းငုံနဲ့ တခြားပဲတွေဆိုရင် အဖူးအပွင့်အသီးတွေ
မအောင်သလို ထပ်ပြီးစိုက်ပျိုးလို့ မဖြစ်နိုင်တော့ပါဘူး"ဟု သပိတ်ကျင်း မြို့နယ်၊ တွင်းငယ်ကျေးရွာ
မှ တောင်သူကြီး ဦးသက်ခိုင်က ပြောသည်။

သပိတ်ကျင်းမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၁၉ အုပ်စုရှိကာ လယ်စိုက်ဧရိယာ ဧက ၆,၀၀၀
ကျော်၊ ယာစိုက်ဧရိယာ ဧက ၄၀,၀၀၀ ကျော်၊ ကိုင်းကျွန်း ဧရိယာ ဧက ရ,၀၀၀ ကျော်နှင့် ဥယျာဉ်
ဧရိယာ ဧက ရ၀ ကျော်အထိ ရှိကြောင်းသိရသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် စိုက်ပျိုးမြေအားလုံး၏ ၉၀
ရာခိုင်နှုန်းခန့် ပျက်စီးသွားကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။ ငလျင်လှုပ်ခတ်ပြီး
နောက်ပိုင်း သီးနှံစိုက်ခင်းများ ယခင် နှစ်များနှင့်မတူ အပျက်အစီးများခဲ့ပြီး အခြားထူးခြားမှုများ
ဖြစ်ပေါ်နေကြောင်း တောင်သူများက ပြောကြသည်။

"စိုက်ခင်းတွေထဲမှာ အရင်ကမတွေ့ဖူးတဲ့ ပိုးမွှားတွေကျနေတယ်။ သီးနှံတွေ ရဲ့အရောင်တွေက
လည်း မမြင်ဖူးတဲ့ အရောင်တွေဖြစ်ကုန်တယ်။ မိုးခေါင် တယ်။ အပျက်အစီးများတယ်။ ရေရှားသွား
တယ်။ တူးထားတဲ့ အဝီစိတွင်းတွေ ကလည်း ငလျင်ဒဏ်ကြောင့် ပိုက်လိုင်း တွေ ပျက်ကုန်တယ်။
ပြန်တူးဖို့အတွက် လည်း ငွေကြေးမရှိဘူး။ သောက်သုံးရေ ရှားပါးပြီး နွားရေသောက်ဖို့အတွက်ကို
အခက်အခဲ ဖြစ်နေပါတယ်"ဟု သီးကုန်း ရွာမှ တောင်သူဦးမျိုးကြိုင်က ပြောသည်။

ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းနေသူများမှာလည်း ငလျင်လှုပ်ပြီးချိန်မှစ၍ ယခုအချိန်
ထိ စားဝတ်နေရေးနှင့် အလုပ်အကိုင် အခက်အခဲများရှိနေကြဆဲဖြစ်ကြောင်း သိရသည်။

"အင်းတွေကလည်း ငလျင်ဒဏ်ကြောင့် ရေခန်းခြောက်ကုန်တယ်။ ဒါ ကြောင့် ငါးဖမ်းပြီး ၀မ်းစာရှာ
ဖို့အတွက် အခက်အခဲရှိနေတယ်။ တခြားလုပ်ငန်း ရှင်တွေကလည်း အလုပ်အကိုင်အတွက် အခွင့်
အရေးမပေးဘူး။ ဒီအင်းမှာ သားစဉ်မြေးဆက် လုပ်ကိုင်စားသောက် လာကြတာ အခုလိုအဖြစ်မျိုး
တစ်ခါမှ မဖြစ်ဖူးဘူး"ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုသန်းဇော်က ပြောသည်။

တောင်သူများမှာ စိုက်ပျိုးရန် ငွေကြေး အခက်အခဲရှိသဖြင့် အတိုးချေးငွေများ ယူကာ စိုက်ပျိုးရခြင်း
ဖြစ်ပြီး ယခုကဲ့သို့ ငလျင်လှုပ်ခတ်မှုကြောင့် သီးနှံအထွက် မရှိသည့်အတွက် အကြွေးသာ အဖတ်
တင်ကျန်ခဲ့ပုံကို တောင်သူ ဦးသက်ခိုင်က "ဒီနှစ်ရှုံးတယ်။ နောက်နှစ်အတွက် အရင်းမရှိဘူး။
အားကိုးရာမဲ့ဖြစ်ပြီး အကူအညီတွေ သိပ်ကိုလိုအပ်နေကြပါတယ်" ဟု ပြောသည်။

သပိတ်ကျင်းမြို့နယ်မှ အုပ်ချုပ်ရေး တာဝန်ခံအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ "စိုက်ပျိုး
ရေးအတွက် မြေဆီလွှာတွေနဲ့ သောက်သုံးရေ အခြေအနေတွေကို စစ်ဆေးဖို့အတွက် ရေ အရင်း
အမြစ် စစ်ဆေးရေးအဖွဲ့ဆီကို ပို့ထားပါတယ်။ သိရသလောက်ကတော့ တွင်းငယ်ကျေးရွာမှာ
စိုက်ပျိုးမြေ ၁၅ ဧက လောက်ပဲ ပျက်စီးသွားပါတယ်။ တခြားလိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို
လည်း ဆောင်ရွက်ပေးသွားမှာပါ"ဟု ယခုလ ၁၈ ရက်နေ့က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး