၆၂ လမ်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချသွားမည်

၆၂ လမ်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချသွားမည်

မန္တလေးမြို့၏ တောင်မြောက်အရှည် ဆုံးလမ်းဖြစ်သော ၆၂ လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ
ကို လျှော့ချသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတား
ဌာနမှူး ဒေါ်ခင်မေဌေးက ပြောကြားသည်။

"မြို့သစ်ဧရိယာကိုသွားတဲ့ ၆၂ လမ်း တစ်လျှောက်မှာ အမြဲတန်းလို ယာဉ်ကြောက ကြပ်နေပါ
တယ်။ "ဒီယာဉ်ကြောကြပ်တာကို လျှော့ ချဖို့အတွက် ၅၈ လမ်းကို မနော်ဟရီလမ်း နဲ့ သံလမ်းကြား
မှာ လမ်းပြင်နေပါတယ်။ ပြီးသွားတာနဲ့ ၆၂ လမ်းပေါ်မှာ ခရီးသည် တင်ဘတ်စ်ကားတွေကို မောင်း
နှင်ခွင့် မပြုတော့ဘဲ ၅၈ လမ်းကနေပဲ သွား ခိုင်းပါမယ်"ဟု ဒေါ်ခင်မေဌေးက ပြောသည်။

အဆိုပါ ၆၂ လမ်းမကြီးသည် မန္တလေးမြို့တွင် တောင်မြောက်အရှည်ဆုံး လမ်းမ ကြီးတစ်ခုဖြစ်ပြီး
မြို့တွင်းဧရိယာနှင့် မြို့သစ်များ၊ စက်မှုဇုန်များကို အဓိက ဆက်သွယ်ပေးသော လမ်းမကြီးတစ်ခု
ဖြစ်သည်။

မန္တလေးမြို့တော်စည်ပင် သာ ယာရေးကော်မတီ နယ်နိမိတ်အတွင်း နိုင်လွန်ကတ္တရာလမ်း၊ ကတ္တရာ
လမ်း၊ ကျောက်လမ်း၊ မြေလမ်း၊ ကွန်ကရိလမ်း စသည့်လမ်းအရေအတွက် ၁,၈၇၇ လမ်း နှင့် လမ်းမိုင်
၆၅၈ ဒသမ ၄၁ မိုင်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး